အချစ်ရေးမှာပျော်ရွှင်နေကြသူများဟာ ၀ိတ်ပိုတက်နိုင်ကြောင်းရှာဖွေတွေ့ရှိ

အချစ်ရေးမှာပျော်ရွှင်နေကြသူများဟာ ၀ိတ်ပိုတက်နိုင်ကြောင်းရှာဖွေတွေ့ရှိ google.com

သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အိမ်ထောင်ကျပြီးသားစုံတွဲ ၁၆၉ ယောက်ကိုမေးမြန်းစုံစမ်းရာမှာ

အချစ်ရေးမှာ အဆင်ပြေပြီး ပျော်ရွှင်နေကြသူများဟာ ၀ိတ်ပိုတက်နိုင်ကြောင်းသိရှိရပါတယ်။

 

သုတေသနပညာရှင်တွေဟာ အဆိုပါစုံတွဲတွေကို တစ်နှစ် ၂ ကြိမ်ခန္ဓာကိုယ်အလေးချိန်တိုင်းတာမှုများပြုလုပ်ပြီး အချစ်ရေးနဲ့ပတ်သက်လို့ သိလိုတဲ့မေးခွန်းများကို မေးမြန်းစုံစမ်းခဲ့ကြတယ်လို့သိရပါတယ်။ လေ့လာတွေ့ရှိချက်များအရလည်း အချစ်ရေးမှာပျော်ရွှင်ပြီး ဆက်ဆံရေးအဆင်ပြေနေကြသူများဟာ ၀ိတ်တက်လေ့ရှိကြောင်း သိရပါတယ်။

 

လေ့လာတွေ့ရှိချက်များအရ ပျော်ရွှင်နေတဲ့စုံတွဲတွေဟာ ဆက်ဆံရေးမှာလည်းအဆင်ပြေနေတာကြောင့် တစ်ဦးအပေါ်တစ်ဦး နှစ်သက်အောင်ဆွဲဆောင်ဖို့မလိုအပ်တော့တာကြောင့် စိတ်ဖိစီးမှုကင်းဝေးပြီး ၀ိတ်တက်လေ့ရှိတာဖြစ်တယ်လို့သိရပါတယ်။ ဆက်ဆံရေးအဆင်မပြေတဲ့စုံတွဲတွေမှာတော့ တစ်ဦးအပေါ်တစ်ဦး စိတ်မကုန်သွားအောင် ဆွဲဆောင်နေရတာကြောင့် လွတ်လွတ်လပ်လပ်မနေရဘဲ စိတ်ဖိစီးမှုများရှိနေတယ်လို့ သိရပါတယ်။

 

ဒါ့ကြောင့် သုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ အချစ်ရေးမှာပျော်ရွှင်နေတဲ့စုံတွဲတွေဟာ ၀ိတ်ပိုတက်လေ့ရှိတယ်ဆိုပေမယ့် အ၀လွန်ခြင်းမျိုးကိုတော့ရှောင်ရှားသင့်တယ်လို့ဆိုပါတယ်။ အ၀လွန်ခြင်းဟာ ဆီးချို၊ သွေးချို၊ နှလုံး၊ အသည်းအဆီဖုံးခြင်းနဲ့ အခြားရောဂါများကိုဖြစ်ပွားစေနိုင်တဲ့အတွက်ကြောင့် အချစ်ရေးမှာပျော်ရွှင်တာကကောင်းပေမယ့် အ၀မလွန်အောင် ခန္ဓာကိုယ်ကို ဂရုစိုက်ထိမ်းသိန်းသင့်တယ်လို့ အကြံဥာဏ်ပေးထားပါတယ်။

 

Source – Lwin Pyin

Read times Last modified on Wednesday, 19 September 2018 11:04
Rate this item
(2 votes)