အသည်းကွဲတာလောက်ကို စာဖွဲ့မနေတဲ့  ရာသီဖွား(၃) ခု

အသည်းကွဲတာလောက်ကို စာဖွဲ့မနေတဲ့  ရာသီဖွား(၃) ခု google

ရည်းစားဟောင်းနဲ့ပြတ်တာမှမကြာသေးဘူး။ နောက်တစ်ယောက် ချက်ချင်းရသွားတဲ့သူတွေကိုတွေ့ရင် အရင်ကတည်းကများ

တိတ်တိတ်ပုန်းကြိုက်ခဲ့လေသလားလို့တော့ အားလုံးကိုမတွေးလိုက်ပါနဲ့။ ခုဖော်ပြပေးမယ့် ရာသီခွင် (၃) ခုရဲ့ ရာသီဖွားတွေဟာ အသည်းကွဲတာလောက်ကို စာဖွဲ့မနေပဲ ချက်ချင်းကုစားနိုင်တဲ့ ရာသီဖွားတွေဖြစ်ပါတယ်။

 

ARIES (MARCH 21 TO APRIL 19)


Aries တွေဟာ အမြဲလိုလို စိတ်မြန်လက်မြန်ရှိပြီး ပြတ်ပြီဆိုရင် လုံးဝလှည့်ကြည့်တတ်တဲ့သူတွေ မဟုတ်ပါဘူး။ အသည်းကွဲတဲ့အခါ အရမ်းကိုခံစားရတယ်၊ ဒါပေမယ့် အကြာကြီးတော့မဟုတ်ပါဘူး။ အချိန်တိုအတွင်းအသည်းအသန် ခံစား၊ အချိန်တိုအတွင်းပြန်ကောင်းသွားတဲ့ အသည်းနှလုံးပိုင်ရှင်တွေပါ။ သူတို့မှာလုပ်စရာတွေအရမ်းများတဲ့အတွက် အသည်းကွဲဖို့အချိန်အများကြီး မပေးနိုင်ပါဘူး။ အသည်းကွဲပြီး မကြာခင်မှာပဲ နောက်တစ်ယောက်ကို ချစ်ဖို့အဆင်သင့်ဖြစ်နေတဲ့ ဒဏ်ရာကျက်လွယ်တဲ့ အသည်းနှလုံးကို ပိုင်ဆိုင်ထားသူတွေပါ။

 

 LEO (JULY 23 TO AUG 22)


Leo တွေဟာလည်း အချစ်ထက်ဦးစားပေးရမယ့်အရာတွေများလွန်းတဲ့သူတွေ ဖြစ်တာကြောင့် အသည်းကွဲဖို့အချိန်အများကြီး မပေးနိုင်ပါဘူး။ ဒီလိုပြောလို့ သူတို့တကယ်မချစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပြတ်သွားပြီးမှတော့ အရမ်းတွေခံစားမနေချင်တော့တာဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့လမ်းခွဲမယ်ဆိုရင် သေချာမှလုပ်ပါ။ တော်ကြာကိုယ်က မပြတ်နိုင်ပဲ ပြန်တွဲချင်ရင်တောင် သူတို့ဖက်ကတော့ လုံးဝပြန်လှည့်မကြည့်တတ်တော့လို့ပါ။ စိတ်ဆင်းရဲစရာတွေကို ပြန်ပြန်တွေးပြီး ဝမ်းနည်းနေမယ့်သူတွေမဟုတ်ပဲ အမြန်ကုစားပြီး လုပ်စရာရှိတာဆက်လုပ်၊ ချစ်တဲ့သူအသစ်နဲ့တွေ့ရင် တွဲလိုက်မယ့် အသည်းနှလုံးပိုင်ရှင်တွေပါ။

 

SAGITTARIUS (NOV. 22 TO DEC. 21)


ဒီရာသီဖွားတွေကတော့ ဂရုမစိုက်တဲ့နေရာမှာ ပထမပါပဲနော်။ အရေးမပါဘူးလို့ထင်တဲ့အရာတွေအတွက် ဘယ်တော့မှ အပင်ပန်းခံခဲ့တဲ့သူတွေ မဟုတ်တာကြောင့် အသည်းကွဲပြီးမှတော့ အကြာကြီးဆက်လက်ခံစားနေမယ့်သူတွေ မဟုတ်ပါဘူး။ မာနကို ထိလာပြီဆိုရင် ဘယ်လောက်ချစ်ချစ်လမ်းခွဲတတ်ကြပြီး ဘယ်တော့မှ နောင်တရမယ့်သူတွေမဟုတ်ပါဘူး။ ချစ်ပြီဆိုရင် နှစ်နှစ်ကာကာချစ်သလောက် မချစ်တော့ဘူး၊ ပြတ်ပြီဆိုရင်လည်း အံကြိတ်ပြီး အတင်းမေ့ပစ်လိုက်နိုင်တဲ့သူတွေပါ။ သူတို့ရဲ့ အသည်းကွဲတာဟာ ကုစားပျောက်ကင်းတာမြန်လွန်းလို့ သူများတွေတောင် အံ့သြရတဲ့အထိပါပဲ။ ရည်းစားဟောင်းနဲ့ပြတ်တာမကြာသေးပဲ ချစ်ရတဲ့သူအသစ်တွေ့ရင် နှစ်ရက်တစ်ပိုင်းနဲ့တောင် တွဲလိုက်မယ့် သူတွေဖြစ်ပါတယ်။

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under