ကတ္တီပါလမ်းခွဲ ဖြစ်စေဖို့

ကတ္တီပါလမ်းခွဲ ဖြစ်စေဖို့ google.com

သူနဲ့ကိုယ် ချစ်ခဲ့ကြ တွဲခဲ့ကြတာဟုတ်ပေမယ့် တစ်သက်လုံးလက်တွဲသွားပါမယ်လို့ ဘယ်သူမှအာမ မခံနိုင်ပါဘူး။ အချိန်တစ်ခုအရောက်မှာ လက်ပြနှုတ်ဆက်ရတာမျိုးတွေရှိလာတတ်ပါတယ်။ ဒီလိုနှုတ်ဆက်ချိန်မျိုးမှာ အမုန်းတရားမဖက်တဲ့ တစ်ဖက်လူကို မထိခိုက်တဲ့ လမ်းခွဲခြင်းဖြစ်စေဖို့ ဒါတွေကို သတိထားပါ။

 

 

မျက်နှာချင်းဆိုင်ပါ

 

ကိုယ်တွေက ၃ နဲ့ ၄ လိုကျောချင်းကပ် လမ်းခွဲမယ်ဆိုပေမယ့် နှုတ်ဆက်စကားကိုတော့ မျက်နှာချင်းဆိုင်ပြောရပါမယ်။ ဖုန်းကနေ ၊ မက်ဆေ့ခ်ျကနေ ၊ Facebook ပေါ်ကနေ လမ်းခွဲစကားပြောတာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။

 

 

အရိုးသားဆုံးပြောပါ

 

လမ်းခွဲစကားပြောမယ်ဆိုရင် မလိမ်ပါနဲ့။ ဘာကြောင့်လမ်းခွဲရပါတယ်ဆိုတာကို အရိုးသားဆုံးပြောပါ။ ငြီးငွေ့ရင် ငြီးငွေ့တယ်လို့ပြောပါ။ မဖြစ်နိုင်တဲ့ အကြောင်းပြချက်နဲ့ တစ်ဖက်လူကိုမျှော်လင့်ချက်ပေးတာမျိုး မလုပ်သင့်ပါဘူး။ ဘာမှန်းမသိ လမ်းခွဲပေးလိုက်ရတဲ့အနေအထားမျိုးကတော့ ယဉ်ကျေးမှုမရှိရာ ကျလွန်းပါတယ်။

 

 

ကျေးဇူးတင်ပေးပါ

 

ဘယ်လောက်ဆိုးရွားတဲ့ ချစ်သူဖြစ်ဖြစ် သူ့ကြောင့်ကို ပျော်ရွှင်ခဲ့ရတဲ့ အချိန် ၊ ရရှိခဲ့တဲ့ တချို့သောသင်ခန်းစာတွေ ရှိမှာပါ။ ဒီတော့ သူ့ကြောင့်ကိုယ်တိုးတက်ခဲ့တာ ၊ အဆင်ပြေခဲ့တာ ၊ ပျော်ရွှင်ခဲ့ရတာတွေကို ကျေးဇူးတင်ကြောင်း ၊ အသိအမှတ်ပြုပါကြောင်း နည်းနည်းပြောပေးပါ။ ( အဲ…ပြောရင်း ပြောရင်း ကောင်းကွက်တွေပြန်တွေ့ပြီး ပြန်ပူးမသွားမိစေနဲ့ဦး?)

 

 

မေးခွန်းအားလုံးဖြေပါ

 

ဖြတ်ခံရသူကတော့ မေးခွန်းတွေ မေးမှာပါ။ ပြောချင်ရာလည်းပြောမှာပါ။ ကိုယ်က သူ့မေးခွန်းတိုင်းကို အေးအေးဆေးဆေး အဓိပ္ပါယ်ရှိရှိပြန်ဖြေဖို့လိုပါလိမ့်မယ်။ ကိုယ့်အကြောင်းပြချက်ကို ခေါင်းထဲမှာ စွဲစွဲမြဲမြဲမှတ်ထားပြီး မယိမ်းမယိုင်ဖြေပေးပါ။

 

 

Relationship အပေါ်ဦးတည်ပြောပါ

 

လမ်းခွဲတဲ့အခါ နင်ကဘာဖြစ်လို့ ဘယ်လိုပုံမို့ဆိုတာထက် Relationship အပေါ်ကိုသာ ဦးတည်ပြောပါ။ သူ့ပုံစံကြောင့်လို့ပြောလိုက်ရင် ပြောင်းလဲပေးမယ် အချိန်ပေးပါဆိုတာမျိုးတွေ ရှိလာမှာပါ။ ဒါကြောင့် လူကို ဦးတည်မပြောဘဲ နင်နဲ့ငါနဲ့ ရည်ရွယ်ရာလမ်းကြောင်းမတူလို့ ၊ ခံယူချက်တွေမတူလို့ ၊ ဘဝကိုဖြတ်သန်းသွားမယ့်ပုံစံမတူလို့ ဆိုတာမျိုးပြောပြသင့်ပါတယ်။

 

 

Credit;Akhayar

Read times Last modified on Tuesday, 18 September 2018 16:02
Rate this item
(1 Vote)