အချစ်ခံရဆုံးမိန်းကလေးလို့ ခံစားရအောင်ယောကျာ်းလေးဘက်က လုပ်ပေးသင့်တဲ့အရာ(၅)မျိုး

အချစ်ခံရဆုံးမိန်းကလေးလို့ ခံစားရအောင်ယောကျာ်းလေးဘက်က လုပ်ပေးသင့်တဲ့အရာ(၅)မျိုး google.com

လူတစ်ယောက်က သူ့ကိုပြောခဲ့ဖူးတဲ့စကားတွေကိုသာ မေ့ချင်မေ့ပါလိမ့်မယ်။ သူ့ကို ပေးခဲ့တဲ့ခံစားချက်တွေကိုတော့ မေ့ပစ်ဖို့ မလွယ်ပါဘူး။

သင့်ရဲ့ချစ်သူကောင်မလေးကလည်း စကားတွေကိုမေ့သားတတ်ပြီး၊ ခံစားချက်တွေကို အမြဲမှတ်မိနေတဲ့သူတစ်ယောက် ဖြစ်နေနိုင်တာမို့ သူမကိုချစ်တဲ့အကြောင်းတွေ ပြောနေတာထက် သင်ကသူ့ကိုတကယ်ချစ်တာပဲလို့ ခံစားသွားရအောင် ဒါလေးတွေလုပ်ပေးလိုက်ပါနော်။

 

 

() သူမ မကြိုက်တဲ့အရာလေးတွေကိုမှတ်ထားပြီး အလိုက်တသိပြုပြင်ပေးလိုက်ပါ

 

လူတစ်ယောက်မှာ မွေးရာပါ ဗီဇကပြုပြင်လို့မရဘူးဆိုပေမယ့် အကျင့်ဆိုတာကတော့ စိတ်ရှိရင် ပြင်လို့ရပါတယ်။ သင့်မှာ သင့်ချစ်သူမိန်းကလေးမကြိုက်တဲ့အကျင့်လေးတွေရှိနေရင် အဲ့ဒါတွေကို သူမအတွက်ပြုပြင်ပေးလိုက်ပါ။ သင်က သူမအတွက် တကူးတက ပြုပြင်ပေးထားတဲ့အကြောင်းကိုလည်းပြောပြလိုက်ပေါ့။ အဲ့ဒါဆိုရင် သင်က သူမကိုအရမ်းချစ်ပါလား လို့ ခံစားရပါလိမ့်မယ်။

 

 

() သူမနဲ့ ချစ်နေတဲ့အကြောင်း ပတ်ဝန်းကျင်သိအောင်ပြောပါ

 

ဒီအချက်ကတော့ သင်က သူမကို silent တွဲတာမဟုတ်တဲ့အကြောင်းကို သက်သေပြတဲ့သဘောပါ။ လူနှစ်ယောက်ချစ်သူဖြစ်တာ ပတ်ဝန်းကျင်နဲ့ မဆိုင်ဘူးလို့ပြောလို့ရပေမယ့် ဒီလိုသိနေတော့ သူမစိတ်ထဲမှာ “ငါ့ကို silent တွဲနေတာလား “ဆိုတဲ့ ခံစားချက်တွေ မဖြစ်တော့ဘူးပေါ့။

 

 

() အချစ်စာလွှာလေးတွေရေးပါ

 

ဖုန်းအမြဲဆက်နေ ၊မက်ဆေ့တွေအမြဲပို့နေတယ်ဆိုပေမယ့် ချစ်တဲ့အကြောင်းရေးထားတဲ့စာလေးတွေကို မလိုချင်တဲ့၊ မကြိုက်တဲ့မိန်းကလေးဆိုတာ မရှိလောက်ပါဘူး။ ချစ်သူတွေဖြစ်ပြီးမှ ချစ်တဲ့အကြောင်းစာရေးပြီးပေးရတာ နည်းနည်းတော့ကြောင်တောင်တောင်နိုင်ပေမယ့် ဒီလို ကြောင်တောင်တောင်လုပ်ရပ်လေးတွေ သူမအတွက်လုပ်ပေးတယ်ဆိုတာမျိုးလေး ခံစားသွားရအောင် စာလေးတွေရေးပြီးပေးလိုက်ပါနော်။

 

 

() အလိုလိုက်ပါ

 

သင်မကြိုက်တဲ့အရာတွေ သူမနဲ့လိုက်လုပ်ပေးတာမျိုး၊ သင်မသွားချင်တဲ့ Beauty Saloon လိုနေရာမျိုးကို သူမအတွက် လိုက်သွားပေးတာမျိုး၊ သူမလုပ်ချင်တာလေးတွေကို တကူးတက လိုက်လုပ်ပေးတာမျိုးလေးတွေ လုပ်ပေးပါ။ သင်ဟာ သူမအတွက် အချိန်ပေးတယ်၊ သူမကို စိတ်ရှည်တယ်၊ သူမကို တကယ်ချစ်တယ် ဆိုတဲ့ခံစားချက်လေးတွေဖြစ်သွားအောင် သူမကိုအလိုလိုက်လိုက်ပါ။

 

 

() ခွင့်လွှတ်ပါ

 

တချို့ ဆိုးတဲ့ကောင်မလေးတွေရှိပါတယ်။ သူတို့ ဆိုးတယ်ဆိုတာကလည် ဆိုးလို့ရတဲ့သူကိုပဲဆိုးတာပါ။ ချစ်လို့ကိုဆိုးနေတာပါ။ သူတို့စိတ်ထဲမှာ ဒီလူကတော့ ငါ့ကို စိတ်ဆိုးမှာမဟုတ်ဘူး၊ ငါ့ကိုခွင့်လွှတ်မှာပဲ လို့ ထင်လို့ဆိုးတာပါ။ တကယ်လို့ သူမ အဲ့လိုဆိုးတာကို သင်ကခွင့်မလွှတ်ဘူးဆိုရင် သူမအနေနဲ့ စိတ်ထိခိုက်ပြီး ၊ သူမကိုတကယ်မချစ်လို့လို့ထင်သွားနိုင်ပါတယ်။ ဒါကြောင့် အဆိုးမလေးတွေကို ချစ်ရင်ခွင့်လွှတ်လိုက်ပါ။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 11:09
Rate this item
(1 Vote)