အမှန်တကယ်ချစ်တဲ့ စုံတွဲတိုင်း လိုက်​နာရမည့်​ အချက်များ - ၃

အမှန်တကယ်ချစ်တဲ့ စုံတွဲတိုင်း လိုက်​နာရမည့်​ အချက်များ - ၃ google.com

ကိုယ်ချစ်သူထားမည်ဆိုပါက ကိုယ့်အပေါ် တကယ်နှစ်နှစ်ကာကာချစ်ပြီး ဘယ်အရာပဲဖြစ်ဖြစ်

ကိုယ့်အတွက်ချည်းပဲဖြစ်နေရင်တော့ ကိုယ့်အတွက် ပိုကောင်းတာပေါ့။

 

ကိုယ် သူ့ကို အမှန်တကယ်ချစ်ပြီဆိုရင်တော့ အောက်ပါအချက်တွေကို လိုက်နာရပါမယ်။

 

နှလုံးသားချင်းဆက်သွယ်ကြပါ



တစ်ယောက်နှင့်တစ်ယောက် ဝေးကွာနေလို့ တွေ့ခွင့်မရဘူးဆိုရင်လည်း စာရေးလို့ပဲဖြစ်ဖြစ်၊ ဖုန်းဆက်၍ပဲဖြစ်ဖြစ် အမြဲတမ်း ကြားစေချင်တဲ့စကားကို ပြောပေးဖို့လိုအပ်ပါတယ်။

 

ဒါမှ နှလုံးသားချင်း ရင်းနှီးပြီးတော့ တစ်ယောက်နဲတစ်ယောက် အချစ်တွေက ခိုင်မြဲစေနိုင်မှာ ဖြစ်ပါတယ်။

 

သူများပြောစကားနားမထောင်နဲ့

 

စုံတွဲများ သတိထားမှာကတော့ မိမိပတ်ဝန်းကျင်ကြောင့် ပြိုကွဲရတဲ့ စုံတွဲတွေအဖြစ်မခံပါနဲ့။ ကိုယ်တွေစုံတွဲကို ချီးမြှောက်ဖို့ထက် တိုက်ခိုက်ရှုံ့ချဖို့ကို အမြဲရှိနေကြမှာပါ။

 

တစ်ယောက်နှင့်တစ်ယောက်ယောက် အချိန်များစွာယူပြီး တည်ဆောက်လာရတဲ့အချစ်ကို မိမိပတ်ဝန်းကျင် ကြောင့် ပြိုကွဲမခံပါနဲ့။ ကိုယ်တွေကို သနားနေမှာမဟုတ်ဘဲ လက်ညှိုးထိုးနေမယ်ဆိုတာကို သတိထားပါ။

 

ဆွေးနွေးဖလှယ်ကြပါ

 

တစ်ယောက်နှင့်တစ်ယောက် ဘဝ တစ်ခုတည်ဆောက်ဖို့အထိ ရည်ရွယ်ထားတယ်ဆိုရင် အနာဂတ်အတွက် အမြဲတမ်း ဆွေးနွေးဖလှယ်သင့်ပါတယ်။

 

အပျော်ချည်းပဲလိုက်နေလို့ မဖြစ်ပါဘူး။ နှစ်ဦးနီးစပ်ဖို့အတွက် စီမံကိန်းကို သေသေချာချာရေးဆွဲသင့်ပါတယ်။

 

အိမ်ထောင်မကျခင် နှစ်ယောက်အတူတူ ကြိုးစား၍ တစ်ယောက်နဲ့တစ်ယောက် ကြိုးစားရုန်းကန်သင့်ပါတယ်။

 

ပြဿနာရဲ့အဖြေကိုရှာပါ

 

နှစ်ဦးတွင် တစ်ယောက်ယောက်က ပြဿနာရင်ဆိုင်ရလျှင် အဲဒီအကြောင်းကြောင့် ဒေါသရှေ့တန်းမတင်ဘဲ ပြဿနာရဲ့ အရင်းအမြစ်ကို အရင်စဉ်းစားပြီး အဖြေရှာသင့်ပါတယ်။

 

တစ်ခဏအတွင်း ဒေါသကြောင့် နှစ်ရှည်လများ တည်ဆောက်လာရတဲ့ အချစ်ကို မဖျက်ဆီးသင့်ပါ၊ မပြိုကွဲသင့်ပါ။

 

Read times Last modified on Wednesday, 19 September 2018 16:37
Rate this item
(1 Vote)