ရင့်ကျက်သွားတဲ့ အမျိုးသမီးတွေအနေနဲ့ အချစ်ရေးမှာ လုံးဝမလုပ်တော့တဲ့ အရာများ

ရင့်ကျက်သွားတဲ့ အမျိုးသမီးတွေအနေနဲ့ အချစ်ရေးမှာ လုံးဝမလုပ်တော့တဲ့ အရာများ google

ချစ်သူစုံတွဲချင်းအတူတူတောင် အချစ်ရေးမှာ ဆယ်ကျော်သက်အရွယ်လေးတွေနဲ့ သက်လတ်ပိုင်းတွေရဲ့ အပြုအမူနဲ့ အကျင့်စရိုက်တွေဟာ မတူညီကြပါဘူး။

 

တချို့က အရူးအမူးအသည်းအသန်ဖြစ်နေချိန်မှာ အချစ်က လွဲပြီး အရာအားလုံးကိုမမြင်တတ်ကြတော့ပါဘူး။ ဒါပေမဲ့ ရင့်ကျက်တဲ့သူဆိုရင်တော့ တစ်မျိုးတဖုံပြောင်းလဲ သွားပါတယ်။ အသက်ကြီးတာငယ်တာထက် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကပဲ စကားပြောသွားတာပါ။

 

အဲဒါကြောင့် ရင့်ကျက်သွားတဲ့ အမျိုးသမီးတွေအနေနဲ့ အချစ်ရေးမှာ လုံးဝမလုပ်တော့တဲ့ အရာတချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။ သင့်အချစ်ရေးမှာ ဘယ်လိုတွေပြုမူတတ်ဆိုတာကို ဆင်ခြင်သုံးသပ်ပြီး သင်ရင့်ကျက်နေပြီ လားဆိုတာ သိရှိနိုင်ပါတယ်။

 

၁။ အချစ်က ဘဝမဟုတ်တော့ဘူး

 

မရင့်ကျက်သူတွေဆိုရင် တစ်ချိန်လုံး ချစ်သူနဲ့အတူရှိနေချင်ပြီး အချိန်ပြည့် အချစ်က နေရာယူထားပါတယ်။ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်ပါ။ အရာရာ အချစ်အတွက်ချည်း စဉ်းစားပြီး ဘဝမှာ အချစ်ကို အရမ်း ဦးစားပေးလွန်းပါတယ်။

 

ဒါပေမဲ့ ရင့်ကျက်သွား တဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် အဲဒီလိုမဟုတ်တော့ပါဘူး။ လက်တွဲဖော်နဲ့အတူ ပျော်ရွှင်သလို သူငယ်ချင်းတွေကိုလည်း မေ့မထားပါဘူး။ အဲဒါကြောင့် ရင့်ကျက်တဲ့မိန်းမ တစ်ယောက်အတွက် အချစ်နဲ့ဘဝဟာ balance ဖြစ်ပါတယ်။

 

၂။ ကိုယ့်ကိုယ်ကိုလေးစားမှုကို တန်ဖိုးထားလာပါတယ်

 

မရင့်ကျက်သေးတဲ့အခါ အချစ်မှာကျရှုံးပြီး ကိုယ့်ကိုယ်ကို မြှင့်တင်ဖို့ မေ့လျော့နေကြပါတယ်။ အရာရာအရှုံးပေး အညံ့ခံခြင်းဟာ အချစ်လို့ ထင်တတ်ကြပါတယ်။

 

ရင့်ကျက်သွားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထား လေးစားကြပါတယ်။ အရှင်းဆုံးပြောရရင် တစ်ဖက်သတ် အနိုင်ယူနေတာမျိုးကို မိမိချည်းပဲ အရှုံးပေးအညံ့ခံနေရတာမျိုးကို လက်မခံကြတော့ပါဘူး။

 

၃။ တစ်ချိန်လုံး လက်တွဲဖော်ကိုပဲ တွယ်ကပ်မနေကြတော့ပါဘူး

 

မရင့်ကျက်သေးချိန်မှာ ချစ်သူကို မိမိအနားမှာပဲ အချိန်ပြည့်နေစေချင်ပြီး အဲဒီလိုနေဖို့အတွက်လည်း ထိန်းချုပ် ချင်ကြပါတယ်။

 

ရင့်ကျက်သွားတဲ့ အမျိုးသမီးတွေကတော့ ချစ်သူနဲ့အတူရှိနေရတာကို သဘောကျပေမဲ့ အဲဒီလို အတူရှိနေဖို့အတွက်တော့ အတင်းအကြပ်တောင်းဆိုတာ၊ ထိန်းချုပ်တာမျိုး မလုပ်ကြတော့ပါဘူး။

 

ချစ်သူကို သူမပါဘဲ သူငယ်ချင်းတွေနဲ့ လည်ပတ်တာမျိုးကို ပိုပြီးနားလည်ကြည်ဖြူလာကြပါတယ်။

 

၄။ သူတို့ရဲ့ ပျော်ရွှင်မှုဟာ လက်တွဲဖော်အပေါ် မမူတည်တော့ဘူး

 

ချစ်သူနဲ့အဆင်မပြေတဲ့အခါ အကုန်ပတ်ရမ်းတာမျိုး ဒါမှမဟုတ် လိုတာထက်ပိုစိတ်ညစ်တာမျိုးဟာ မရင့်ကျက် သူတွေရဲ့ အပြုအမူပါ။ ချစ်သူနဲ့အဆင်ပြေမှ ပျော်တတ်ပြီး အဆင်မပြေရင် စိတ်ညစ်တတ်ကြပါတယ်။

 

ရင့်ကျက်သွားတဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူတို့ရဲ့ပျော်ရွှင်မှုဟာ လက်တွဲဖော်အပေါ်မှာချည်းပဲ မမူတည်တော့ပါဘူး။ ပျော်ရွှင်မှုကို သူတို့ဘာသာသူတို့ ရှာဖွေတတ်ကြပါတယ်။

 

၅။ သူတို့ရဲ့ရည်ရွယ်ချက်တွေကို အပျောက်ဆုံးမခံတော့ပါဘူး

 

မရင့်ကျက်သေးချိန်မှာ အချစ်အတွက်နဲ့ အရာရာကို ပေးဆပ်လိုက်ကြတာ ရှိပါတယ်။ ကိုယ့်ရဲ့ အိပ်မက်တွေ ရည်ရွယ်ချက်တွေ အပါအဝင်ပါပဲ။ အဲဒါဟာ တစ်ချိန်မှာနောင်တရစရာတွေ ဖြစ်လာနိုင်ပါတယ်။

 

ဒါပေမဲ့ ရင့်ကျင်သွားတဲ့ အမျိုးသမီးတွေကတော့ အချစ်အတွက်နဲ့ သူတို့ရဲ့ရည်ရွယ်ချက်တွေကို မစွန့်လွှတ်တတ်ပါဘူး။

 

၆။ လက်တွဲဖော်ကိုချည်းအားမကိုးဘဲ ကိုယ်တိုင်ဆုံးဖြတ်ချက်ချတတ်လာပါတယ်

 

မရင့်ကျက်သေးချိန်မှာ ကိုယ့်အတွက်အရောင်အသွေး ရွေးချယ်တာကစလို လက်တွဲဖော်ဆီက ဆုံးဖြတ်ချက်ကို တောင်းခံတတ်ကြပါတယ်။

 

အဲဒီအချက်ဟာ ချစ်သူတွေကြားမှာ ချစ်စရာအပြုအမူတစ်ခု ဖြစ်ကောင်းဖြစ်နိုင် ပေမဲ့ ကြာတဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပျောက်ဆုံးလာတတ်ပါတယ်။

 

အဲဒါကြောင့် ရင့်ကျက်တဲ့အမျိုးသမီး တွေဟာ လက်တွဲဖော်ကို တိုင်ပင်သင့်တာပဲတိုင်ပင်ပြိး အသေးအဖွဲကိစ္စတွေမှာတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချတတ်ပါတယ်။

 

၇။ ကိုယ့်ကိစ္စမဟုတ်တဲ့အရာတွေအပေါ် အငြင်းမပွားတတ်ကြတော့ဘူး

 

မရင့်ကျက်သေးချိန်က ဆိုရှယ်မီဒီယာတွေမှာ ကိစ္စသေးသေးမွှားမွှားတွေကအစ ငြင်းခုံ၊ အနိုင်ယူပြီး စကားများ ရန်ဖြစ်တတ်ကြပါတယ်။

 

ရင့်ကျက်သွားတဲ့ အမျိုးသမီးတွေဆိုရင်တော့ အဲဒီလို ဘဝအတွက် အရေးမကြီးတဲ့ ကိစ္စတွေကို ခေါက်ထားတတ်ကြပါတယ်။ ဆိုရှယ်မီဒီယာမှာတွေ့သမျှကိုလည်း mention ခေါ်ပြီး ခံစားမနေကြ တော့ပါဘူး။

 

၈။ အချစ်ရေးမှာ အပေးအယူမျှလာကြပါတယ်

 

မရင့်ကျက်သေးတဲ့အခါ လက်တွဲဖော်ကို ကိုယ်ကချည်း အနိုင်ယူတာမျိုး ဒါမှမဟုတ် ကိုယ်ကချည်းအရှုံးပေးတာ မျိုး လုပ်တတ်ကြပါတယ်။

 

ရင့်ကျက်သွားတဲ့ အမျိုးသမီးတစ်ယောက်ကတော့ အချစ်ရေးမှာ အပေးအယူမျှရမယ် ဆိုတာကို ကောင်းကောင်းနားလည်လာကြပါပြီ။ ကိုယ်ကချည်း အနိုင်မယူတော့သလို အမြဲတမ်းလည်း အရှုံး ပေးမနေတော့ပါဘူး။

 

ဘယ်အရာမှမမြဲတာကို နားလည်လာတာကြောင့် မျှော်လင့်ချက်တွေလည်း သိပ်မထား တတ်ကြတော့ပါဘူး။

 

၉။ လက်တွဲဖော်ရဲ့ အိပ်မက်ကို မထိန်းချုပ်ကြတော့ပါဘူး

 

မိမိတို့ အနေဝေးမှာဆိုးတာကြောင့် ချစ်သူကို သူ့ရဲ့အလုပ်နဲ့ အောင်မြင်မှုအတွက်တောင် တစ်မြို့တစ်ရွာ သွားခွင့်မပေးတာမျိုး ပြုလုပ်တတ်ကြပါတယ်။

 

ရင့်ကျက်တဲ့ အမျိုးသမီးတွေကတော့ မိမိရဲ့အိပ်မက်ကို မစွန့်လွှတ်သလို လက်တွဲဖော်ရဲ့အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ခွင့်ပေးရုံတင်မက တတ်နိုင်သမျှ ကူညီပေးလေ့ရှိပါတယ်။

 

၁၀။ ကိုယ်ကိုယ်တိုင်အတွက် ကိုယ့်အကြိုက်ကိုပဲ ကိုယ်ဦးစားပေးတတ်လာပါတယ်

 

မရင့်ကျက်သေးချိန်မှာ အရာရာ ချစ်သူအကြိုက်ပဲ လိုက်နေတတ်ပါတယ်။ ဥပမာ မိမိကြိုက်တဲ့ အရောင်ကို တောင် ချစ်သူမကြိုက်လို့ မဝတ်တော့တာမျိုးပါ။ ရင့်ကျက်သွားပြီဆိုရင် အမျိုးသမီးတွေဟာ အဓိကနဲ့ သာမည ကို ခွဲတတ်လာပါပြီ။

 

အရာရာ သူတပါးအကြိုက်လိုက်နေတာထက် ကိုယ်ကြိုက်တာကို ကိုယ် ရဲရဲဝံ့ဝံ့ လုပ်တတ်လာပါပြီ။

 

၁၁။ ချစ်တယ်ဆိုတဲ့စကားကို ဖန်တစ်ရာတေအောင် မပြောတတ်တော့ပါဘူး

 

ချစ်သူအချင်းချင်း ချစ်တယ်ဆိုတဲ့စကားကို မကြာခဏပြောပေးတာ ကောင်းပေမဲ့လည်း ပြောလွန်းလာတဲ့အခါ အဲဒီစကားဟာ တန်ဖိုးနည်းလာပြီး လွယ်လွယ်ကူကူထွက်တဲ့ စကားတစ်ခွန်း ဖြစ်လာတတ်ပါတယ်။

 

ရင့်ကျက် သွားပြီဆိုရင်တော့ ချစ်တယ်ဆိုတဲ့စကားကို ပိုတန်ဖိုးထားလာပြီး မကြာခဏတိုင်း ထုတ်မပြောကြတော့ပါဘူး။

 

၁၂ဒီအချက်ကတော့ အဓိကအနေနဲ့ အိမ်ထောင်သည်စုံတွဲတွေကို ဆိုလိုတာပါ။ ရင့်ကျက်သွားတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ ငွေကြေးကိစ္စတွေမှာ ချစ်သူကိုချည်း အလုံးစုံမှီခိုမနေတော့ပါဘူး။

 

လက်တွဲဖော်ဘက်က လည်း သူ့ရဲ့ဝန်ထုပ်ဝန်ပိုးကို ကူထမ်းပေးတဲ့အတွက် မိမိအပေါ် ပိုမိုလေးစားလာနိုင်ပါတယ်။ ချစ်သူဘဝမှာ လည်း ဒီလိုပါပဲ။ နှစ်ယောက်အတူ သွားလာစားသောက်သမျှကို မျှဝေကျခံတတ်လာပါတယ်။

 

ကဲ ဒီအချက်တွေအရဆိုရင် သင်ရော အချစ်ရေးမှာ ရင့်ကျက်သူတစ်ယောက် ဖြစ်နေပြီလား?

 

။ ငွေကြေးကိစ္စမှာ လက်တွဲဖော်ကိုချည်း မမှီခိုတော့ဘူး

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

ခ်စ္သူစုံတြဲခ်င္းအတူတူေတာင္ အခ်စ္ေရးမွာ ဆယ္ေက်ာ္သက္အရြယ္ေလးေတြနဲ႔ သက္လတ္ပိုင္းေတြရဲ့ အျပဳအမူနဲ႔ အက်င့္စရိုက္ေတြဟာ မတူညီၾကပါဘူး။

 

တခ်ိဳ႕က အ႐ူးအမူးအသည္းအသန္ျဖစ္ေနခ်ိန္မွာ အခ်စ္က လြဲၿပီး အရာအားလုံးကိုမျမင္တတ္ၾကေတာ့ပါဘူး။ ဒါေပမဲ့ ရင့္က်က္တဲ့သူဆိုရင္ေတာ့ တစ္မ်ိဳးတဖုံေျပာင္းလဲ သြားပါတယ္။ အသက္ႀကီးတာငယ္တာထက္ စိတ္ပိုင္းဆိုင္ရာ ရင့္က်က္မႈကပဲ စကားေျပာသြားတာပါ။

 

အဲဒါေၾကာင့္ ရင့္က်က္သြားတဲ့ အမ်ိဳးသမီးေတြအေနနဲ႔ အခ်စ္ေရးမွာ လုံးဝမလုပ္ေတာ့တဲ့ အရာတခ်ိဳ႕ကို ေဖာ္ၿပ ေပးလိုက္ပါတယ္။ သင့္အခ်စ္ေရးမွာ ဘယ္လိုေတြျပဳမူတတ္ဆိုတာကို ဆင္ျခင္သုံးသပ္ၿပီး သင္ရင့္က်က္ေနၿပီ လားဆိုတာ သိရွိနိုင္ပါတယ္။

 

၁။ အခ်စ္က ဘဝမဟုတ္ေတာ့ဘူး

 

မရင့္က်က္သူေတြဆိုရင္ တစ္ခ်ိန္လုံး ခ်စ္သူနဲ႔အတူရွိေနခ်င္ၿပီး အခ်ိန္ျပည့္ အခ်စ္က ေနရာယူထားပါတယ္။ စားလည္း ဒီစိတ္ သြားလည္း ဒီစိတ္ပါ။ အရာရာ အခ်စ္အတြက္ခ်ည္း စဥ္းစားၿပီး ဘဝမွာ အခ်စ္ကို အရမ္း ဦးစားေပးလြန္းပါတယ္။

 

ဒါေပမဲ့ ရင့္က်က္သြား တဲ့ အမ်ိဳးသမီးတစ္ေယာက္ဆိုရင္ အဲဒီလိုမဟုတ္ေတာ့ပါဘူး။ လက္တြဲေဖာ္နဲ႔အတူ ေပ်ာ္ရႊင္သလို သူငယ္ခ်င္းေတြကိုလည္း ေမ့မထားပါဘူး။ အဲဒါေၾကာင့္ ရင့္က်က္တဲ့မိန္းမ တစ္ေယာက္အတြက္ အခ်စ္နဲ႔ဘဝဟာ balance ျဖစ္ပါတယ္။

 

၂။ ကိုယ့္ကိုယ္ကိုေလးစားမႈကို တန္ဖိုးထားလာပါတယ္

 

မရင့္က်က္ေသးတဲ့အခါ အခ်စ္မွာက်ရႈံးၿပီး ကိုယ့္ကိုယ္ကို ျမႇင့္တင္ဖို႔ ေမ့ေလ်ာ့ေနၾကပါတယ္။ အရာရာအရႈံးေပး အညံ့ခံျခင္းဟာ အခ်စ္လို႔ ထင္တတ္ၾကပါတယ္။

 

ရင့္က်က္သြားတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ကေတာ့ ကိုယ့္ကိုယ္ကို တန္ဖိုးထား ေလးစားၾကပါတယ္။ အရွင္းဆုံးေျပာရရင္ တစ္ဖက္သတ္ အနိုင္ယူေနတာမ်ိဳးကို မိမိခ်ည္းပဲ အရႈံးေပးအညံ့ခံေနရတာမ်ိဳးကို လက္မခံၾကေတာ့ပါဘူး။

 

၃။ တစ္ခ်ိန္လုံး လက္တြဲေဖာ္ကိုပဲ တြယ္ကပ္မေနၾကေတာ့ပါဘူး

 

မရင့္က်က္ေသးခ်ိန္မွာ ခ်စ္သူကို မိမိအနားမွာပဲ အခ်ိန္ျပည့္ေနေစခ်င္ၿပီး အဲဒီလိုေနဖို႔အတြက္လည္း ထိန္းခ်ဳပ္ ခ်င္ၾကပါတယ္။

 

ရင့္က်က္သြားတဲ့ အမ်ိဳးသမီးေတြကေတာ့ ခ်စ္သူနဲ႔အတူရွိေနရတာကို သေဘာက်ေပမဲ့ အဲဒီလို အတူရွိေနဖို႔အတြက္ေတာ့ အတင္းအၾကပ္ေတာင္းဆိုတာ၊ ထိန္းခ်ဳပ္တာမ်ိဳး မလုပ္ၾကေတာ့ပါဘူး။

 

ခ်စ္သူကို သူမပါဘဲ သူငယ္ခ်င္းေတြနဲ႔ လည္ပတ္တာမ်ိဳးကို ပိုၿပီးနားလည္ၾကည္ျဖဴလာၾကပါတယ္။

 

၄။ သူတို႔ရဲ့ ေပ်ာ္ရႊင္မႈဟာ လက္တြဲေဖာ္အေပၚ မမူတည္ေတာ့ဘူး

 

ခ်စ္သူနဲ႔အဆင္မေျပတဲ့အခါ အကုန္ပတ္ရမ္းတာမ်ိဳး ဒါမွမဟုတ္ လိုတာထက္ပိုစိတ္ညစ္တာမ်ိဳးဟာ မရင့္က်က္ သူေတြရဲ့ အျပဳအမူပါ။ ခ်စ္သူနဲ႔အဆင္ေျပမွ ေပ်ာ္တတ္ၿပီး အဆင္မေျပရင္ စိတ္ညစ္တတ္ၾကပါတယ္။

 

ရင့္က်က္သြားတဲ့ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ သူတို႔ရဲ့ေပ်ာ္ရႊင္မႈဟာ လက္တြဲေဖာ္အေပၚမွာခ်ည္းပဲ မမူတည္ေတာ့ပါဘူး။ ေပ်ာ္ရႊင္မႈကို သူတို႔ဘာသာသူတို႔ ရွာေဖြတတ္ၾကပါတယ္။

 

၅။ သူတို႔ရဲ့ရည္ရြယ္ခ်က္ေတြကို အေပ်ာက္ဆုံးမခံေတာ့ပါဘူး

 

မရင့္က်က္ေသးခ်ိန္မွာ အခ်စ္အတြက္နဲ႔ အရာရာကို ေပးဆပ္လိုက္ၾကတာ ရွိပါတယ္။ ကိုယ့္ရဲ့ အိပ္မက္ေတြ ရည္ရြယ္ခ်က္ေတြ အပါအဝင္ပါပဲ။ အဲဒါဟာ တစ္ခ်ိန္မွာေနာင္တရစရာေတြ ျဖစ္လာနိုင္ပါတယ္။

 

ဒါေပမဲ့ ရင့္က်င္သြားတဲ့ အမ်ိဳးသမီးေတြကေတာ့ အခ်စ္အတြက္နဲ႔ သူတို႔ရဲ့ရည္ရြယ္ခ်က္ေတြကို မစြန႔္လႊတ္တတ္ပါဘူး။

 

၆။ လက္တြဲေဖာ္ကိုခ်ည္းအားမကိုးဘဲ ကိုယ္တိုင္ဆုံးျဖတ္ခ်က္ခ်တတ္လာပါတယ္

 

မရင့္က်က္ေသးခ်ိန္မွာ ကိုယ့္အတြက္အေရာင္အေသြး ေရြးခ်ယ္တာကစလို လက္တြဲေဖာ္ဆီက ဆုံးျဖတ္ခ်က္ကို ေတာင္းခံတတ္ၾကပါတယ္။

 

အဲဒီအခ်က္ဟာ ခ်စ္သူေတြၾကားမွာ ခ်စ္စရာအျပဳအမူတစ္ခု ျဖစ္ေကာင္းျဖစ္နိုင္ ေပမဲ့ ၾကာတဲ့အခါ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ေပ်ာက္ဆုံးလာတတ္ပါတယ္။

 

အဲဒါေၾကာင့္ ရင့္က်က္တဲ့အမ်ိဳးသမီး ေတြဟာ လက္တြဲေဖာ္ကို တိုင္ပင္သင့္တာပဲတိုင္ပင္ၿပိး အေသးအဖြဲကိစၥေတြမွာေတာ့ ကိုယ္တိုင္ပဲ ဆုံးျဖတ္ခ်က္ ခ်တတ္ပါတယ္။

 

၇။ ကိုယ့္ကိစၥမဟုတ္တဲ့အရာေတြအေပၚ အျငင္းမပြားတတ္ၾကေတာ့ဘူး

 

မရင့္က်က္ေသးခ်ိန္က ဆိုရွယ္မီဒီယာေတြမွာ ကိစၥေသးေသးမႊားမႊားေတြကအစ ျငင္းခုံ၊ အနိုင္ယူၿပီး စကားမ်ား ရန္ျဖစ္တတ္ၾကပါတယ္။

 

ရင့္က်က္သြားတဲ့ အမ်ိဳးသမီးေတြဆိုရင္ေတာ့ အဲဒီလို ဘဝအတြက္ အေရးမႀကီးတဲ့ ကိစၥေတြကို ေခါက္ထားတတ္ၾကပါတယ္။ ဆိုရွယ္မီဒီယာမွာေတြ႕သမၽွကိုလည္း mention ေခၚၿပီး ခံစားမေနၾက ေတာ့ပါဘူး။

 

၈။ အခ်စ္ေရးမွာ အေပးအယူမၽွလာၾကပါတယ္

 

မရင့္က်က္ေသးတဲ့အခါ လက္တြဲေဖာ္ကို ကိုယ္ကခ်ည္း အနိုင္ယူတာမ်ိဳး ဒါမွမဟုတ္ ကိုယ္ကခ်ည္းအရႈံးေပးတာ မ်ိဳး လုပ္တတ္ၾကပါတယ္။

 

ရင့္က်က္သြားတဲ့ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ အခ်စ္ေရးမွာ အေပးအယူမၽွရမယ္ ဆိုတာကို ေကာင္းေကာင္းနားလည္လာၾကပါၿပီ။ ကိုယ္ကခ်ည္း အနိုင္မယူေတာ့သလို အျမဲတမ္းလည္း အရႈံး ေပးမေနေတာ့ပါဘူး။

 

ဘယ္အရာမွမျမဲတာကို နားလည္လာတာေၾကာင့္ ေမၽွာ္လင့္ခ်က္ေတြလည္း သိပ္မထား တတ္ၾကေတာ့ပါဘူး။

 

၉။ လက္တြဲေဖာ္ရဲ့ အိပ္မက္ကို မထိန္းခ်ဳပ္ၾကေတာ့ပါဘူး

 

မိမိတို႔ အေနေဝးမွာဆိုးတာေၾကာင့္ ခ်စ္သူကို သူ႔ရဲ့အလုပ္နဲ႔ ေအာင္ျမင္မႈအတြက္ေတာင္ တစ္ၿမိဳ႕တစ္ရြာ သြားခြင့္မေပးတာမ်ိဳး ျပဳလုပ္တတ္ၾကပါတယ္။

 

ရင့္က်က္တဲ့ အမ်ိဳးသမီးေတြကေတာ့ မိမိရဲ့အိပ္မက္ကို မစြန႔္လႊတ္သလို လက္တြဲေဖာ္ရဲ့အိပ္မက္ေတြကိုလည္း အေကာင္အထည္ေဖာ္ခြင့္ေပး႐ုံတင္မက တတ္နိုင္သမၽွ ကူညီေပးေလ့ရွိပါတယ္။

 

၁၀။ ကိုယ္ကိုယ္တိုင္အတြက္ ကိုယ့္အႀကိဳက္ကိုပဲ ကိုယ္ဦးစားေပးတတ္လာပါတယ္

 

မရင့္က်က္ေသးခ်ိန္မွာ အရာရာ ခ်စ္သူအႀကိဳက္ပဲ လိုက္ေနတတ္ပါတယ္။ ဥပမာ မိမိႀကိဳက္တဲ့ အေရာင္ကို ေတာင္ ခ်စ္သူမႀကိဳက္လို႔ မဝတ္ေတာ့တာမ်ိဳးပါ။ ရင့္က်က္သြားၿပီဆိုရင္ အမ်ိဳးသမီးေတြဟာ အဓိကနဲ႔ သာမည ကို ခြဲတတ္လာပါၿပီ။

 

အရာရာ သူတပါးအႀကိဳက္လိုက္ေနတာထက္ ကိုယ္ႀကိဳက္တာကို ကိုယ္ ရဲရဲဝံ့ဝံ့ လုပ္တတ္လာပါၿပီ။

 

၁၁။ ခ်စ္တယ္ဆိုတဲ့စကားကို ဖန္တစ္ရာေတေအာင္ မေျပာတတ္ေတာ့ပါဘူး

 

ခ်စ္သူအခ်င္းခ်င္း ခ်စ္တယ္ဆိုတဲ့စကားကို မၾကာခဏေျပာေပးတာ ေကာင္းေပမဲ့လည္း ေျပာလြန္းလာတဲ့အခါ အဲဒီစကားဟာ တန္ဖိုးနည္းလာၿပီး လြယ္လြယ္ကူကူထြက္တဲ့ စကားတစ္ခြန္း ျဖစ္လာတတ္ပါတယ္။

 

ရင့္က်က္ သြားၿပီဆိုရင္ေတာ့ ခ်စ္တယ္ဆိုတဲ့စကားကို ပိုတန္ဖိုးထားလာၿပီး မၾကာခဏတိုင္း ထုတ္မေျပာၾကေတာ့ပါဘူး။

 

၁၂ဒီအခ်က္ကေတာ့ အဓိကအေနနဲ႔ အိမ္ေထာင္သည္စုံတြဲေတြကို ဆိုလိုတာပါ။ ရင့္က်က္သြားတဲ့ အမ်ိဳးသမီး တစ္ေယာက္အေနနဲ႔ ေငြေၾကးကိစၥေတြမွာ ခ်စ္သူကိုခ်ည္း အလုံးစုံမွီခိုမေနေတာ့ပါဘူး။

 

လက္တြဲေဖာ္ဘက္က လည္း သူ႔ရဲ့ဝန္ထုပ္ဝန္ပိုးကို ကူထမ္းေပးတဲ့အတြက္ မိမိအေပၚ ပိုမိုေလးစားလာနိုင္ပါတယ္။ ခ်စ္သူဘဝမွာ လည္း ဒီလိုပါပဲ။ ႏွစ္ေယာက္အတူ သြားလာစားေသာက္သမၽွကို မၽွေဝက်ခံတတ္လာပါတယ္။

 

ကဲ ဒီအခ်က္ေတြအရဆိုရင္ သင္ေရာ အခ်စ္ေရးမွာ ရင့္က်က္သူတစ္ေယာက္ ျဖစ္ေနၿပီလား?

 

။ ေငြေၾကးကိစၥမွာ လက္တြဲေဖာ္ကိုခ်ည္း မမွီခိုေတာ့ဘူး

 

 

Myanmar Wedding Guide

jjjj

Read times Last modified on Tuesday, 18 February 2020 16:20
Rate this item
(0 votes)
Tagged under