ကောင်လေးတွေကအသက်ပိုကြီးတဲ့မမတွေကိုမှရွေးကြိုက်ရတဲ့အကြောင်းရင်း (၅) ချက်

ကောင်လေးတွေကအသက်ပိုကြီးတဲ့မမတွေကိုမှရွေးကြိုက်ရတဲ့အကြောင်းရင်း (၅) ချက် google.com

ယောက်ျားလေးတွေဟာ သူတို့ထက်ငယ်ရွယ်နုပျိုတဲ့ မိန်းကလေးတွေကိုပဲ ကြိုက်တာမဟုတ်ပါဘူး။ တစ်ချို့သူတွေကျတော့ သူတို့ထက်အသက်ပိုကြီးတဲ့မမတွေကိုမှ ရွေးကြိုက်ကြပါတယ်။

ကိုယ့်ထက်ငယ်တဲ့ ချောတဲ့လှတဲ့ ကောင်မလေးတွေ ဘယ်လောက်ရှိရှိ မမတွေကိုမှ စွဲလန်းတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ ဖတ်ကြည့်လိုက်ပါဦး။

 

 

() စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တယ်

 

ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာ သူတို့ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းအား နည်းပါတယ်။ ဒါကြောင့်ပဲ ချစ်သူနဲ့ကတောက်ကဆ၊ ပြသနာတွေအရမ်းများသလို၊ မကြာခဏ စိတ်ဆိုးစိတ်ကောက်ပြီး ချော့မော့နေရပါတယ်။ မမတွေကျတော့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်သလို၊ စိတ်ဆိုးစိတ်ကောက်လည်း အရမ်းမများ၊ ဂဂျီဂဂျောင်လည်း သိပ်မကျတာကြောင့် အဲ့ဒီ့အချက်က သူတို့ကို ပိုပြီးဆွဲဆောင်မှုရှိစေတာဖြစ်ပါတယ်။

 

 

() ကိတ်လို့

 

မမတော်တော်များများဟာ ဝမှာတွေ၊ ဝိတ်တက်မှာတွေကို သိပ်ပြီးစိတ်မပူကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုပြီးရင့်ကျက်ကာ ဆွဲဆောင်မှုရှိပြီး မိန်းမဆန်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့၊ ပြည့်ပြည့်လေးနဲ့လှတဲ့ ခန္ဓာကိုယ်က မောင်လေးတွေကို ကြွေစေတာဖြစ်ပါတယ်။

 

 

() ဖိအားတွေမပေးလို့

 

ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာ အချစ်ရေးမှာ ရိုမန်တစ်အရမ်းဆန်တာမျိုးကိုမှ လိုချင်ကြပြီး ချစ်သူရဲ့ ဂရုစိုက်မှု၊ ကြင်နာမှုတွေကို အချိန်ပြည့်လိုချင်နေကြတဲ့သူတွေပါ။ ဒါတွေဟာ ယောကျာ်းတစ်ယောက်ကို စိတ်ဖိစီးမှုဖြစ်စေပြီး ဖိအားအရမ်းများသွားစေပါတယ်။ မမတွေကတော့ ဒီလိုမဟုတ်ပဲ အေးဆေးတည်ငြိမ်ပြီး မလိုအပ်ပဲ ဖိအားတွေ သိပ်မပေးတာကြောင့် မမတွေကို ပိုချစ်နေရတာဖြစ်ပါတယ်။

 

 

() ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်လို့

 

များသောအားဖြင့် မမတွေဟာ ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်ဝင်ငွေလေးရှိပြီး ကိုယ်ပိုင်ဘဝလေးကို ပိုင်ဆိုင်ထားကြပါတယ်။ ယောက်ျားလေးတွေဆီက အထောက်အပံ့မလိုအပ်သလို၊ ဟိုပစ္စည်းပူဆာ၊ ဒီပစ္စည်းပူဆာတာမျိုးလည်း မရှိပါဘူး။ ဒါ့အပြင် လွတ်လွတ်လပ်လပ်အနှောင်အဖွဲ့ကင်းကင်း နေနိုင်သူတွေဖြစ်လို့ ဒီအချက်ကပဲ သူတို့ကို ဆွဲဆောင်မှုပိုရှိစေတာဖြစ်ပါတယ်။

 

 

() အတွေ့အကြုံရှိပြီး ရင့်ကျက်လို့

 

ငယ်ရွယ်တဲ့မိန်းကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်တာနည်းသလို၊ အရေးရယ်အကြောင်းရယ်ဆို သိပ်ပြီး အားမကိုးရပါဘူး။ မမတွေကတော့ ဘဝအတွေ့အကြုံများစွာကိုဖြတ်သန်းခဲ့ပြီး လိုအပ်တဲ့အကြံဥာဏ်၊ အကူအညီတွေကို ပေးနိုင်ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာသာမက၊ စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုကိုပါခံစားရစေတဲ့အတွက် မမတွေကိုမှ ပိုပြီးချစ်နေရတာဖြစ်ပါတယ်။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:48
Rate this item
(1 Vote)