(၆) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ

(၆) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ Google

အင်္ဂလိပ်ရက် ၆ ရက် ၊ ၁၅ ရက် ၊ ၂၄ ရက် မွေးဖွားသောမိတ်ဆွေများကို (၆) ဂဏာန်းသမားများ ဟုခေါ်သည်။

 

ဒီနှစ်မှာ မုချကြီးပွားတိုးတက်အောင်မြင်ချမ်းသာမယ် …။ အကြံအစည်ရည်ရွယ်ချက်များအောင်မြင်မယ် …။ မရောက်ဖူးသေးတဲ့နေရာဒေသတွေကို ရောက်သွားလိမ့်မယ်။ ကြိုးစားထားတဲ့အရာတွေ အကောင်ထည်ပေါ်လာမယ်။

စီးပွားရေးနဲ့ပြောရင် ဒီနှစ်ကစပြီး ချမ်းသာမှာဘဲ။  တရားဘက်ကိုလိုက်စားရင် ဒီနှစ်မှာတရား ရတတ်တယ်။ သာသနာပြုဖို့ စိတ်ကူရှိရင် ဒီနှစ်ထဲ မှာလုပ်ပါ။ မုချအောင်မြင်လိမ့်မယ်။

 

အရည်ချင်းတွေတောက်ပြောင်မယ်။ စည်းစိမ်ဥစာရတနာတွေတိုးတက်မယ်။ မျှော်လင့် ထားတာထက် ကောင်းစားမယ့်နှစ်ကိုရောက်ပြီ။ ညဏ်တွေ ဝီရိယတွေထုတ်ဖို့တောင်မလိုဘူး။ ကံကသိပ်ကောင်းနေတယ်။ ကျန်းမာရေးညံ့ရင်တောင် ဒီနှစ်မှာကောင်းသွားမယ်။

ဘယ်လိုအန္တရာယ်မျိုးမှမလာနိုင်ဘူး။ မရပ်ချင်ဘဲရပ်သွားရတဲ့ကိစ္စတွေ အလုပ်တွေရှိရင် ပြန်ပြီးလုပ်ခွင့်ရမယ်။ ဆုံးရှုံးသွားတာတွေလည်း ပြန်ပြီးဖြစ်လာမယ်။ ကိုယ်ကလက်တွဲမဖြုတ်ချင်ပဲ ဖြုတ်သွားတဲ့ မိတ်ဆွေတွေပဲဖြစ်ဖြစ် ၊ အဖော်ပဲဖြစ်ဖြစ် ဒီအချိန်မှာ မိမိဆီကိုပြန်ရောက်လာတတ်တယ်။

 

နှစ်ရှည်လများကွဲကွာနေသူတွေနဲ့ပြန်ပြီး ဆုံတွေ့ရတတ် တယ်။ လူမှုရေး ၊ ပရဟိတအလုပ်တွေများနေအံ့။ မိမိကိုယ်ကျိုးစီးပွားထက် သူများအကျိုးစီးပွားကို အနစ်နာပြီးကူညီဆောင်ပေးရမှုတွေများနေအံ့။ အောင်လည်း အောင်မြင်အံ့။

အကြံအစည် ရွယ်ရွယ်ချက်အသစ်များ ၊ ရည်မှန်းချက်အသစ်များ ပေါ်ပေါက်လာပြီး အသိထူးအမြင်ထူးများလည်း ပေါ်ပေါက်လာအံ့။ တခုသတိထားရမှာက ဒီနှစ်ထဲမှာ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့အချိန်ကုန်သွားတတ်တယ်။

တခုခုကို ဆုံးဖြတ်ချက်ချပြီး လုပ်ဖြစ်အောင်သာလုပ်လိုက်ပါ။ အောင်မြင်ဖို့ကသေချာပါတယ်။ ဆုံးရှုံးနစ်နာခဲ့သမျှ အတိုးချပြီး အောင်မြင်တော့မှာဖြစ်ပါတယ်။

 

ကောင်းသောမျှော်လင့်ချက်တွေလည်း ပြန်လည်ရှင်သန်လာတေ့မှာဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဆိုးခဲ့ဆိုးခဲ့ ၊ ဘယ်လောက်ပဲ ညံ့ခဲ့ညံ့ခဲ့ ဝမ်းသာပျော်ရွှင်ရမယ့် ကံကောင်းမယ့်နှစ်ကို ရောက်ရှိလာပါပြီ။

ကံကောင်းတဲ့နှစ်ဆိုပြီး ဘာမမလုပ်ပဲနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ဆိုလိုတာက ကံတရားကမျက်နှာသာပေးတဲ့ အချိန်ဖြစ်တယ်။ မိမိအနေနဲ့ အလုပ် လုပ်ဖို့လိုတယ်။ ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင် ချနိုင်ဖို့ပဲလိုတယ်။ အထူးမှာချင်တာက ကံကကူမယ် လူကအလုပ်လုပ်ပါ။

 

အချစ်ရေး - အဆင်မပြေဖြစ်နေသူများ ပြန်လည်အဆင်ပြေအံ့ …။ ပြတ်မလို ကွဲမလိုဖြစ်နေသူများ ပြန်လည်ပေါင်းစည်းအဆင်ပြေအံ့ …။ ရည်းစားဟောင်းများနှင့် ပြန်ဆုံရတတ် …။ ပြဿနာဟောင်းပြန်ပေါ်တတ် … ။ချစ်သူမရှိသေးသူများ အတိတ်ဘဝက ရေစက်ရှိသူ ဆုတောင်းရှိသူ ပဌန်းဆက်ရှိသူနှင့် ဆုံတွေ့ရအံ့ …။ မျက်နှာပွင့်နေအံ့ … ။ အဟောင်းများ အသစ်များနှင့် ဝိုင်းဝိုင်းလည်နေအံ့ … ။

 

အိမ်ထောင်ရေး - အဆင်မပြေသူများ ပြန်လည်အဆင်ပြေအံ့ …။ အဆင်ပြေနေသူများ ပြေသထက်ပြေနေအံ့ … ။သားသမီးကိုအကြောင်းပြုပြီး စိတ်ချမ်းသာပျော်ရွှင်ရအံ့ … ။ကလေးမရသေးသူများ ကလေးရအံ့ … ။ မိမိတိ့နှစ်ဦးရဲ့ ရည်မှန်းချက် မျှော်လင့်ချက်များ ပြည့်မြောက်အောင်မြင်အံ့ …။ ပြဿနာဟောင်းများကို အကြောင်းပြုပြီး လင်မယားအဆင်မပြေဖြစ်တတ်တာကိုတော့ သတိထားပါ … ။

 

ငွေရေးကြေးရေး - ဆုံးရှုံးမလိုဖြစ်နေတဲ့ ရွှေ ငွေ ပစ္စည်း အခွင့်အရေးများ ပြန်ရမည်။ ငွေကြေးအကြံအစည်အောင်မြင်မယ့် ငွေကြေးအခက်အခဲများမှလွတ်မြောက်မယ့် အခြေအနေကောင်း အခွင့်အလမ်းကောင်း အဆက်အသွယ်ကောင် အကူအညီကောင်းများပေါ်လာအံ့ … ။ ငွေကြေးကိစ္စများ ရဲရဲတင်းတင်းဆောင်ရွက်ပါ … ။ ရည်မှန်းထားတာထက်ပိုမိုအောင်မြင်လတ္တံ့ … ။

 

၁။ ကွဲကွာနေသော မိတ်ဟောင်းဆွေဟောင်း ရည်းစားဟောင်းအချစ်ဟောင်း အလုပ်ဟောင်း နေရာဟောင်းများနဲ့ ပြန်ပြီးပတ်သက်ရတတ်
၂။ ဆုံးရှုံးမလိုဖြစ်နေတဲ့ ရွှေငွေပစ္စည်း အခွင့်ရေးများ ပြန်ရတတ် ပျက်မလိုဖြစ်နေတဲ့အလုပ်များ အောင်မြင်တတ်
၃။ အနားဝန်းကျင်မှာ ကလေးမွေးတဲ့သတင်းကြားလျှင် စီးပွားတက်မည် ထီထိုးပါ
၄။ ဆွေမျိုးထဲက အမျိုးသမီးကြီးတစ်ယောက်အကူအညီ ကြီးကြီးမားမားရတတ်
၅။ အလှအပ အနုပညာ ရွှေရတနာ ပစ္စည်းများဝင်လာတတ်
၆။ ကောင်းသောခရီးသွားရတတ် မြှောက်အရပ်သို့သွားရတတ်
၇။ နာမည်ဂုဏ်သတင်း နေ့ခြင်းညခြင်းတိုးတက်
၈။ ထူးခြားသောစာအုပ် ဖတ်ရမည် ထိုစာအုပ်ထဲမှ အကြံဉာဏ်သစ်များ ရရှိတတ်
၉။ ဘာပဲလုပ်လုပ် ဉာဏ်မကွန့်ပါနဲ့ ။ ရိုရိုးသားသားလုပ်ပါ အောင်မြင်မည်
၁၀။ မျှော်လင့်ချက် ရည်မှန်းချက်များ ဖြစ်မြောက်အောင်မြင်လတ္တံ့။

 

အကျိုးပေးအဆောင် - ပုလဲ ၊ အစိမ်းရာင်ကျောက် ၊ ငွေ

အကျိုးပေးအရောင် - အစိမ်းရောင် ၊ အဖြူရောင် ၊ ငွေရောင်

သင့်တော်သည့် ဓါတ်စာ - ဂေါ်ဖီ ၊ သခွား ၊ ဖရဲ ၊ ငှက်ပျော

သတိ ထားသင့်သည့် အန္တရာယ် - ရေဘေး

သတိထားသင့်သည့် ရောဂါ - အစာအိမ် ၊ ဝမ်းရောဂါ

နေ့ကောင်း - တနင်္ဂနွေ ၊ တနင်္လာ ၊ သောကြာ

ရက်သာ (ထီဂဏန်း) - ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅ ၊ ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်များ


အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက်

ယတြာ။ ။ အိမ်ဘုရားမှာ မုန့်လုံးရေပေါ်(၁၀)လုံး (သို့) မုန့်အဝိုင်း (၁၀)ခု ၊ ဖယောင်းတိုင် (၅) တိုင် မကြာခဏလှူဒါန်းဆုတောင်းလိုက်ပါ။ ခိုစာကျွေးရင်း အလိုရှိရာတွေဆုတောင်းပါ။ အတောင်ပါသောသတ္တဝါများကို မကြာခဏ ဘေးမဲ့လွှတ်ပေးပါ။

 

Myanmar Wedding Guide
Crd: ဆရာမင်းသိမ်းခိုင်

Read times Last modified on Wednesday, 06 January 2021 14:22
Rate this item
(0 votes)
Tagged under