လှပပြီးထက်မြက်တဲ့အမျိုးသမီးအများစုရဲ့ အချစ်ရေးကံမကောင်းရခြင်းအကြောင်းရင်း(၄)ခု

လှပပြီးထက်မြက်တဲ့အမျိုးသမီးအများစုရဲ့ အချစ်ရေးကံမကောင်းရခြင်းအကြောင်းရင်း(၄)ခု google

ဒီနေ့ခေတ်မှာ အမျိုးသမီးလေးတွေက လှသထက် ပိုလှလာကြတယ်၊ တော်သထက် ပိုတော်လာကြတယ်၊ ပြီးတော့ အထီးကျန်တဲ့ သူလေးတွေလည်း ပိုများလာကြပါတယ်။

ဒါဟာ ဘာလို့လဲလို့ စိတ်ပညာရှင်တွေက စစ်တမ်းကောက်ကြည့်လိုက်တော့ သူတို့တွေဟာ အချစ်ရေးမှာ ကံမကောင်းကြလို့ဆိုတာ သိခဲ့ရပါတယ်။ ဒါဆို လှပပြီးထက်မြက်တဲ့ အမျိုးသမီးလေးတွေ အချစ်ရေးမှာ ဘာလို့ ကံမကောင်းတာလဲ ဆိုတာကို ဆက်ပြီးလေ့လာလိုက်တဲ့အခါ ဒီအချက်တွေကြောင့်ဆိုတာ သိလိုက်ရပါတော့တယ်။

 

() အမှီအခိုကင်းတယ်၊လွတ်လပ်မှုကိုတန်ဖိုးထားတယ်

တော်တဲ့ထက်တဲ့မိန်းကလေးတွေဟာ အမှီအခိုကင်းပြီး လွတ်လပ်မှုကိုတန်ဖိုးထားလွန်းတာကြောင့် ချစ်တဲ့သူက သ၀န်တိုလွန်းပြီး၊ ဂရုစိုက်လွန်းတာ၊ ချုပ်ချယ်တာမျိုးကို လုံးဝမခံစားနိုင်ပါဘူး။ ဒါကြောင့် သူတို့အချစ်ရေးကရေရှည်မခံနိုင်တာပါ။

 

() သိပ်ဂရုမစိုက်တတ်ဘူး

ကိုယ့်ကိုယ်ကိုတိုးတက်အောင် ၊ ကိုယ့်အားကိုယ်ကိုးတတ်အောင်ကြိုးစားလိုက်မယ်၊ ကိုယ့်ကိုချစ်လာအောင်ဆိုပြီးတော့ နုနုနွဲ့နွဲ့စကားလုံးတွေကိုတော့ ပြောချင်စိတ်မရှိတတ်ကြပါဘူး။ ပြီးတော့ သူတို့တွေက တစ်ယောက်ယောက်ဘေးမှာရှိနေမှမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့အတွက် နင်ထွက်သွားလည်းဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးလုပ်တတ်ကြတာကြောင့် ချစ်သူကောင်လေးတွေက ထားသွားကြတာပါ။ ယောကျာ်းလေးတွေက သူတို့ကို ဂရုမစိုက်တဲ့ပုံစံမျိုးလုပ်တတ်တဲ့မိန်းကလေးတွေကို မကြိုက်ပါဘူး။

 

() ကိုယ့်ကိုယ်ကိုမပိုင်တော့မှာအရမ်းကြောက်တယ်

တစ်ယောက်ယောက်ကြောင့် ကိုယ့်ရဲ့ဝါသနာတွေကိုစွန့်လွှတ်လိုက်ရတာ၊ တစ်ယောက်ယောက်ကိုကိုယ့်ရဲ့အချိန်တွေ ခွဲပေးလိုက်ရတာမျိုး လုံးဝမလုပ်နိုင်ပါဘူး။ ဒါကြောင့် တစ်စုံတစ်ယောက်ကိုချစ်မိလို့ ကိုယ့်ကိုယ်ကိုမပိုင်တော့မှာကို ကြောက်တာကြောင့် အချစ်ရေးအဆင်မပြေမှုတွေများနေတာပါ။

 

() အချစ်ပုံပြင်တွေကိုမယုံဘူး

မင်းသားလေးနဲ့မင်းသမီးလေး အသက်ထက်ဆုံး ပျော်ရွှင်စွာပေါင်းစည်းသွားကြလေသတည်း ဆိုပြီး အဆုံးသတ်သွားတဲ့ စိတ်ကူးယဉ်အချစ်ပုံပြင်တွေက လက်တွေ့ဘ၀မှာမဖြစ်နိုင်ဘူးလို့ ယူဆတယ်၊ ပုံပြင်တွေကို မယုံဘူး၊ ဒါကြောင့် အချစ်ဆိုတာကိုလည်း မယုံချင်တော့ဘူး၊ အဲ့ဒီတော့ ချစ်တယ် လို့လာပြောတဲ့သူတွေကိုလည်း ယုံလို့မရတော့ဘူးပေါ့။ ဒီတော့ အချစ်ရေးမှာ ကံမကောင်းတတ်တာ မဆန်းဘူးလို့ဆိုရမှာပါ။

 

Credit;Aunty May

Read times Last modified on Wednesday, 23 January 2019 09:44
Rate this item
(1 Vote)