ဘာ့ကြောင့် အိမ်ထောင်မှုပြိုကွဲရသလဲဆိုရင်

ဘာ့ကြောင့် အိမ်ထောင်မှုပြိုကွဲရသလဲဆိုရင် google.com

မြန်မာတွေရဲ့ ဓလေ့ထုံးစံက လက်မထပ်ခင် တစ်ယောက်နဲ့တစ်ယောက်

သေချာလေ့လာပြီးမှ လက်ထပ်ကြပြီး သေတစ်ပန်သက်တစ်ဆုံး အေးအတူပူအမျှ အတူတူနေကြတာဖြစ်ပါတယ်။

 

ဒါကတော့ အရင်တုန်းကလို လူဦးရေနည်းပြီး နေရာဒေသတစ်ခုတည်းမှာ စွဲနေကြတဲ့ ပြိုင်ဆိုင်မှုသိပ်မများတဲ့အချိန်မှာ အဆင်ပြေပေမယ့် အခုလိုအချိန်မှာ သိပ်အဆင်မပြေတော့ပါဘူး။

 

အိမ်ထောင်ကွဲတယ်ဆိုရင် မြန်မာတွေက သိပ်လက်မခံချင်၊ သိပ်မကြိုက်ချင်ကြပါဘူး။

 

သို့ပေမယ့် နှစ်ဦးနှစ်ဘက်ကာယကံရှင်တွေဘက်ကကြည့်ရင် အမြီးဖြတ် ခေါင်းဖြတ်ပြီးမှ တူမယ့် အခြေအနေဆိုတော့လည်း အိမ်ထောင်ကွဲဖို့ကို မဖြစ်မနေ ရွေးလာကြပါတယ်။

 

တစ်ယောက်ယောက်က အိမ်ထောင်ရေးအပြစ်တစ်စုံတစ်ရာမရှိဘဲ မိမိရဲ့လောဘ၊ မောဟတွေကြောင့်လည်းကောင်း၊ နောက်အသစ်တစ်ယောက်နှင့်တွေ့၍သော်လည်းကောင်း ကျန်တဲ့တစ်ယောက်ကို တမင်သက်သက် စွန့်ပစ်ခြင်းဖြစ်ပါတယ်။

 

မိန်းမတွေက ပညာတတ်ပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တယ်ဆိုရင်လည်း အိမ်ထောင်ပြိုကွဲတတ်ပါတယ်။

 

တချို့က အိမ်ထောင်ကွဲခဲ့ရင် လျော်ကြေးဘယ်လောက်ပဲရမယ်ဆိုပြီး သဘောတူညီချက်ရမှ လက်ထပ်ယူတာမျိုးလည်း ရှိပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:47
Rate this item
(3 votes)