အရင်က ဖြစ်ခဲ့တာတွေကို ခဏခဏ အစပြန်ဖော်တာမျိုးမလုပ်ပါနဲ့

အရင်က ဖြစ်ခဲ့တာတွေကို ခဏခဏ အစပြန်ဖော်တာမျိုးမလုပ်ပါနဲ့ google.com

အချစ်စစ်နဲ့ ချစ်တဲ့ချစ်သူဆိုတာ အရင်ကအရာတွေထက် လက်ရှိမှာပဲရပ်တည်ရင်း ချစ်သူလေးကို အမြဲပျော်စေချင်တတ်တဲ့စိတ်ကလေးပဲ ရှိတာပါ။

 

 

ချစ်သူတွေကြားမှာ ဖြစ်တတ်တဲ့ အရာလေးတစ်ခုကတော့ အရင်ကဖြစ်ခဲ့တာတွေကို ခဏခဏအစပြန်ဖော်တာမျိုး ပြုလုပ်တာပဲ ဖြစ်ပါတယ်။ ဒီအချက်ကတော့ ချစ်သူတွေကြားမှာရှိတဲ့ ချစ်ခြင်းတွေကို အနှောင့်အယှက်ပေးနိုင်တဲ့အရာပါ။ ဒီလို လုပ်တတ်တဲ့အကျင့်လေးရှိရင် မလုပ်ဖို့ ပြောပြပေးချင်ပါတယ်။

 

အရင်တုန်းက ကိုယ်နဲ့ချစ်သူတွေမဖြစ်ခင်တုန်းက အကြောင်းတွေကတော့ ပြီးခဲ့တဲ့အရာတွေဆိုတာကို သတိရပေးပါနော်။ အခုအချိန်မှာ တည်ငြိမ်နေတဲ့ နှစ်ယောက်သားကြားက ချစ်စရာကောင်းပြီး ကြည်နူးနေတဲ့အချိန်လေးတွေကို ဘာလို့ကြောင့်များ အရင်ကအကြောင်းတွေကို အစပြန်ဖော်ပြီး စိတ်ညစ်ခံနေမလဲ။ လက်ရှိမှာပဲရပ်တည်ရင်း ကိုယ့်ဘေးနားမှာရှိတဲ့ ချစ်သူလေးကို အများကြီးချစ်ပေးလိုက်ပါနော်။ အချစ်စစ်နဲ့ ချစ်တဲ့ချစ်သူဆိုတာ အရင်ကအရာတွေထက် လက်ရှိကိုပဲ ပျော်စေချင်တတ်တဲ့စိတ်ကလေးပဲ ရှိတာပါ။

 

ပြီးခဲ့တာတွေ ပြန်ပြောနေမယ့်အစား နောင်အတွက် ပြင်ဆင်လိုက်ပါ။ အရင်က ဘယ်သူနဲ့ဘာဖြစ်ခဲ့တာတွေ ဆိုတာက ပျော်စရာကောင်းပြီး ပြောဆိုရမယ့်အချက်တွေ မဟုတ်ပါဘူး။ အရင်က အကြောင်းဆိုတာထက် လက်ရှိမှာပဲ ပျော်စရာလေးတွေဖန်တီးရင်း နောင်လာမယ့်အနာဂါတ်အချိန်လေးမှာ လက်ရှိသိပ်ချစ်မိနေတဲ့ ချစ်သူလေးနဲ့ ရှေ့ဆက်လှမ်းမယ့် နေ့ရက်လေးတွေအတွက် ပြင်ဆင်လိုက်ပါ။ ဒီလို ပြုလုပ်တာကတော့ အချစ်ရေးလေးကို အဆင်ပြေစေပြီး ချစ်သူတွေကြားမှာ ရှိတဲ့ချစ်ခြင်းတွေကို တိုးပွါးလာစေနိုင်ပါတယ်။

 

ချစ်သူတွေ အချင်းချင်းကြားမှာ အရင်ကဖြစ်ခဲ့တာတွေကို အစပြန်ဖော်တာမျိုးမလုပ်ဘဲ အချိန်ကြာလေပိုချစ်လေဖြစ်တဲ့ ချစ်သူလေးတွေ ဖြစ်ပါစေလို ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

 

 

Credit;Marry

Read times Last modified on Monday, 24 September 2018 14:35
Rate this item
(1 Vote)