သင့်ချစ်သူက သစ္စာရှိမလား၊ မရှိဘူးလားဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်တယ်

သင့်ချစ်သူက သစ္စာရှိမလား၊ မရှိဘူးလားဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်တယ်

ဘယ်သူကမှတော့ ကိုယ်ရွေးချယ်လိုက်တဲ့ချစ်သူက ကိုယ့်အပေါ် သစ္စာရှိမလား၊မရှိဘူးလားဆိုတာ ကြိုမသိနိုင်ဘူးလေ။ အနာဂတ်ကိုမှ ကြိုမမြင်ရတာ။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့အချက်တွေထဲက တော်တော်များများနဲ့တိုက်ဆိုင်နေပြီဆိုရင် သေချာတယ် သူက သင့်ကို သစ္စာရှိမယ့်သူ မဟုတ်ပါဘူး။ ဘယ်လိုအချက်တွေလည်းဆိုတာ တစ်ချက်ဖတ်ကြည့်လိုက်ရင်းနဲ့ သင့်ချစ်သူနဲ့ရော ကိုက်ညီမှုရှိမလားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါဦး။

 

(၁)။ ဘာမှမဟုတ်တဲ့ကိစ္စလေးတွေမှာ လိမ်ညာတတ်သလား

သင့်ချစ်သူက ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေမှာတောင် လိမ်ညာရတာ ဝါသနာပါတယ်ဆိုရင်တော့ သူက သစ္စာရှိသူတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးနည်းပါတယ်။ သူ့မှာ သင့်အပေါ်ရိုးသားချင်တဲ့ စိတ်အခံမရှိဘူးလို့ မှတ်ချက်ချရမှာဖြစ်ပြီး သူနဲ့ရေရှည်တွဲဖို့ဆိုရင် တော်တော်လေး စဉ်းစားရမှာပါ။

 

(၂)။ သင့်အတွက် အမြဲစဉ်းစားပေးတတ်တဲ့သူလား

သူက သင့်အတွက် အမြဲစဉ်းစားပေးတတ်တဲ့သူတစ်ယောက်လား။ တကယ်လို့သာ သူက ဘယ်လိုကိစ္စမျိုးမှာမဆို သင့်အတွက် စဉ်းစားပေးတတ်တယ်ဆိုရင် သင့်အပေါ်ကို သစ္စာရှိမယ့်သူမျိုးပါ။ ဒီလိုမှမဟုတ်ပဲ ဆန့်ကျင်ဖက်အနေနဲ့ သင့်အတွက်လည်း စဉ်းစားမပေးဘူး၊ သူလုပ်ချင်တာတွေပဲ လုပ်နေတတ်တဲ့သူမျိုးဆိုရင်တော့ သင့်အပေါ် သစ္စာရှိဖို့ အခွင့်အရေးနည်းပါလိမ့်မယ်။

 

(၃)။ စိတ်ခံစားမှုပြင်းထန်တဲ့သူမျိုးလား

သူက အရာရာကို စိတ်ခံစားချက်အပေါ် မူတည်ပြီး ဆုံးဖြတ်တဲ့သူလား။ တစ်ခုခုဆိုရင် သေချာစဉ်းစားဖို့ထက် စိတ်ထဲမှာရှိတဲ့အတိုင်း လုပ်တတ်၊ ပြောတတ်တဲ့သူမျိုးလား။ ဒီလို စိတ်ခံစားမှု ပြင်းထန်တဲ့သူမျိုးတွေက သင်နဲ့ ပြဿနာဖြစ်တဲ့အချိန်မှာလည်း ဂရုစိုက်နေမှာ၊ ငဲ့ညှာနေမှာမဟုတ်ပါဘူး။ သင်နဲ့တွဲရတာ ငြီးငွေ့လာပြီလို့ ခံစားရပြီဆိုတာနဲ့ သူတို့ရဲ့စိတ်ပျော်ရာနောက်ကို လိုက်သွားကြမှာပါ။ သင့်အပေါ် သစ္စာရှိမယ့်လူတွေ မဟုတ်ဘူး။

 

(၄)။ သူ့ရဲ့သူငယ်ချင်းတွေနဲ့မိသားစုကို ကောင်းကောင်းဆက်ဆံတဲ့သူမျိုးလား

သင့်ချစ်သူက သူ့ရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေအပေါ် ကောင်းကောင်းဆက်ဆံတဲ့သူမျိုးလား။ တကယ်လို့သာ သင့်ချစ်သူက ပတ်ဝန်းကျင်အပေါ်၊ မိသားစုအပေါ် အဆင်မပြေတဲ့သူမျိုးဆိုရင် သူ့ရဲ့စိတ်ခံစားမှုက ပုံမှန်လူတွေနဲ့တူမှာမဟုတ်ပါဘူး။ သူ့ကိုချစ်တဲ့သူတွေနဲ့ဆို သူက အဆင်ပြေမှာမဟုတ်ဘူး။ ဒီတော့ သူ့ကိုချစ်တဲ့သင်နဲ့လည်း သူ အဆင်ပြေမှာမဟုတ်ဘူး။

 

(၅)။ အရင်တုန်းက ရည်းစားများခဲ့တဲ့သူလား

သူက အရင်တုန်းက ရည်းစားများခဲ့တဲ့သူလား။ ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် တွဲလာတဲ့သူဆိုရင် သင်နဲ့ကျမှ မြဲနေမယ်လို့ ကျိန်းသေပေါက်ကြီး တွေးမထားပါနဲ့ဦး။ သူက မိန်းကလေးတွေနဲ့ပတ်သက်ရင် ဆရာကျကောင်း ကျနေနိုင်ပါပြီ။ ဒီတော့ သင့်အပေါ် သစ္စာဖောက်သွားဖို့လည်း ဝန်လေးမှာမဟုတ်ပါဘူး။

 

Linn

သင့်ချစ်သူက သစ္စာရှိမလား၊မရှိဘူးလားဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်တယ်

Read times Last modified on Saturday, 16 January 2021 12:11
Rate this item
(0 votes)