December Born လေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ထူးခြားတဲ့ အမူအကျင့်လေးများ...

December Born လေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ ထူးခြားတဲ့ အမူအကျင့်လေးများ... google

December born လေးတွေဟာ ရာသီခွင်အရ S a g i t t a r i u s နဲ့C a p r i c o r n ရဲ့လွှမ်းမိုးမှု အောက်မှာရှိနေပီး အရာရာကို အကောင်းမြင်စိတ်ထားနိုင်ကြသူများပဲ ဖြစ်ပါတယ်။

ဆောင်းရာသီရဲ့အအေးဆုံးအချိန်မှာ မွေးဖွားတဲ့သူများ ဖြစ်တာနဲ့ အညီ စိတ်နေသဘောထား အေးချမ်းတည်ငြိမ်ပြီး သူတစ်ပါးအပေါ် စိတ်ဒုက္ခမပေးတတ်သူများလည်းဖြစ်ပါတယ်တဲ့။

သူတို့အပေါ် စိတ်ဒုက္ခပေးတဲ့သူတွေကိုလဲ ရန်နဲ့တုန့်ပြန်ခြင်း မပြုဘဲ သဘောထားစွာ ခွင့်လွှတ်သည်းခံပေးနိုင်ကြတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေလဲဖြစ်ကြပါတယ်။

သူတို့ထက် သဘောထားကြီးတဲ့သူတွေ လိုက်ရှာနေရင် ထီးဖြူပြီးဖိနပ်သာပါးသွားမယ် တွေ့မှာတော့မဟုတ်ဘူးနော်..

ဒါ့အပြင် December Born လေးတွေဟာ ရိုးသားပွင့်လင်းကြပီး သဒ္ဓါတရားထက်သန်သူများလည်း ဖြစ်တာကြောင့်

နောက်ဘဝမှာ နတ်သားလေးတွေ နတ်သမီးလေးတွေ ဖြစ်နိုင်ချေပိုများသူတွေလို့လဲ သတ်မှတ်ခံထားကြရပါတယ်တဲ့။

သူတို့လေးတွေရဲ့ဘဝမှာ တန်ဖိုးအထားဆုံး အရာက သစ္စာတရား ဖြစ်ပီး မိမိအသက်ထက် သစ္စာတရားကို ပိုမိုတန်ဖိုးထားသူများလဲဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်မှာ ဒီဇင်ဘာလမွေးဖွားတဲ့ ချစ်သူလေး ပိုင်ဆိုင်ထားပီဆိုရင်တော့ ကံအကောင်းဆုံး လူသားတစ်ယောက်လို့သာ ကိုယ့်ကိုကိုယ်သတ်မှတ်လိုက်ပါတော့နော် ..

December Born လေးတွေဟာ သူတို့ရဲ့စိတ်ခံစားချက်တွေကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သူများဖြစ်ကြပါတယ်တဲ့။

ကိစ္စရပ်တိုင်းမှာ စိတ်အလိုကိုလိုက်ပြီး ဆုံးဖြတ်ခြင်းမလုပ်ကြဘဲ ဖြစ်သင့်ဖြစ်ထိုက် လုပ်သင့်လုပ်ထိုက်တာကို ခေါင်းအေးအေးထားပြီး ဆုံးဖြတ်နိုင်စွမ်းရှိကြပါတယ်။

ဒါကြောင့်မို့December Born အများစုဟာ မွေးရာပါခေါင်းဆောင်ကောင်းများဖြစ်ပြီး နယ်ပယ်အသီးသီးမှာ လူအများရဲ့လေးစားမှုကို ရရှိနေသူများလည်းဖြစ်ပါတယ်။

နောက်ထပ်ကောင်းတဲ့အချက်တစ်ချက်အနေနဲ့ပြောရမယ်ဆိုရင် December Born လေးတွေဟာ စိတ်ကူးစိတ်သန်းကောင်းပြီး ဖန်တီးနိုင်စွမ်းမြင့်မားကြသူများဖြစ်ပါတယ်။

December Born လေးတွေမှာ အပြစ်ပြောစရာဆိုလို့လူတိုင်းအပေါ် မခွဲခြားဘဲ အရမ်းသဘောကောင်းလွန်းတာကြောင့် မကောင်းတဲ့သူအချို့ရဲ့အနိုင်ကျင့်မှုတွေကို ခံရတာရယ်

အလွန်သစ္စာစောင့်သိတတ်သူများဖြစ်တာကြောင့် သစ္စာဖောက်ခံရတဲ့ အခါ ရူးမတတ် ခံစားသွားတတ်ကြတာလေးတွေ ပဲရှိပါတယ်။

ဒါ့အပြင်December Born လေးတွေက ကံနိမ့်တတ်သူတွေ ဖြစ်တာမို့ဘာသာရေးကို တခြားသူတွေထက် ပိုလုပ်ဖို့လိုအပ်ပါတယ်နော်။

တခါတလေကျ မလိုအပ်ဘဲ ခေါင်းမာတတ်တာတွေ ရှုပ်ရှုပ်ပွပွနေတတ်တာလေးတွေ စတဲ့ မကောင်းတဲ့အချက်လေးတွေသာ ပြင်နိုင်မယ်ဆိုရင်တော့ အဖက်ဖက် ပြီးပြည့်စုံတဲ့သူလေးတွေ ဖြစ်လာမှာ အမှန်ပါပဲနော်။

ကဲ .. အခုလအတွက် ရေပန်းစားရဲ့ ဒီဇင်ဘာလဖွား လေးတွေရဲ့ စိတ်နေစိတ်ထားအကြောင်းကတော့ ဒီလောက်ပါပဲနော်။

နောက်လတွေမှာလည်း လအလိုက် စိတ်နေစိတ်ထားလေးတွေကို တင်ဆက်ပေးဦးမှာဆိုတော့ အမြဲစောင့်ကြည့်နေဖို့မမေ့နဲ့နော်။

အခုပိုစ့်ကို လွတ်လပ်စွာ ဝေမျှ နိုင်ပြီး ကိုယ့်သူငယ်ချင်းဖြစ်ဖြစ် ကိုယ်ချစ်သူဖြစ်ဖြစ် December Born လေးဆိုရင်တော့ လက်တို့ပြီး အသိပေးလိုက်ဖို့ ပြောလိုက်ပါရစေနော်။

 

Zawgyi ဖြင့်ဖတ်ရန်...




















 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Thursday, 13 February 2020 16:52
Rate this item
(0 votes)
Tagged under