ချစ်သူကို ဘယ်လောက်ပဲချစ်ချစ် password မပေးထားသင့်တဲ့ အကြောင်းရင်း...
ချစ်သူကို ဘယ်လောက်ပဲချစ်ချစ် password မပေးထားသင့်တဲ့ အကြောင်းရင်း... google
ချစ်သူရှိလာတဲ့အခါ ကိုယ့်ရဲ့ အကျင့်ဆိုးတွေ ၊ ဟင်းချက်ညံ့တဲ့အကြောင်းတွေ ၊ကိုယ်ရေးကိုယ်တာကိစ္စအတော်များများကို ဖွင့်ဟပြောတတ်ကြပါတယ်။ တချို့တွေဆိုရင်ချစ်သူနဲ့အတူသွားပွတ်တံတစ်ချောင်းထဲသုံးတဲ့အထိ ချစ်ကြတာမျိုးတောင်ရှိတယ်။
ဒါပေမယ့် ဘယ်လောက်ပဲချစ်ရပါစေ Password ကိုတော့မဝေမျှသင့်ပါဘူး။ ဘာကြောင့်လဲ။RS တစ်ခုဆိုတာဟာ ယုံကြည်မှုပေါ်အခြေခံထားတဲ့ ဆက်နွယ်မှုတစ်ခု ဖြစ်ပါတယ်။
ဒီတော့ ကိုယ့်ချစ်သူကို သိပ်ယုံကြည်လို့ Password ပေးထားခဲ့ပေမယ့် ဒီယုံကြည်မှုကပဲ RS တစ်ခုကို အဆုံးသတ်သွားစေနိုင်ပါတယ်။
လေ့လာချက်အရ password သိထားတဲ့ သူ ၃၀ ရာခိုင်နှုန်းဟာသူတို့ရဲ့ချစ်သူကို မသိစေပဲနဲ့ အကောင့်တွေထဲဝင်ရောက်သုံးစွဲတယ်ဆိုတာကို တွေ့ရှိထားပါတယ်။
ဆိုရှယ်မီဒီယာအကောင့်တွေဟာ နောက်ကျောကနေလည်း ဓားနဲ့ထိုးမယ့်သူတွေ ပြည့်နှက်နေတဲ့နေရာတစ်ခုပါပဲ။ တစ်ယောက်ယောက်က မသင့်လျော်တဲ့ အကြောင်းအရာတစ်ခုခုပို့လိုက်တဲ့အခါမျိုးမှာ သင့်ချစ်သူနဲ့သင့်ကြားမှာ အကြီးအကျယ်ပြဿနာ တက်သွားနိုင်ပါစေတယ်။
ထို့အပြင် သင့်ချစ်သူကိုပေးထားတဲ့ Paasword ကို ပြောင်းလိုက်မယ်ဆိုရင်လဲ နှစ်ယောက်ကြားမှာရှိတဲ့ ယုံကြည်မှုတွေ တစ်စစီပြိုကွဲထွက်ပြီး RS တစ်ခုလုံးပျက်ဆီးသွားရပါလိမ့်မယ်။ ဒါကြောင့်မို့ ကိုယ့် password ကို ကိုယ့်ချစ်သူကို မပေးသင့်တာပဲ ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်...
Myanmar Wedding Guide
jjjj
Read times Last modified on Friday, 14 February 2020 16:11
Rate this item
(1 Vote)
Tagged under