အယောင်ကောင်းလို့အထောင်းသက်သာ

အယောင်ကောင်းလို့အထောင်းသက်သာ google.com

ကိုဘမောင်တစ်ယောက် အပေါင်းအသင်းတွေနဲ့ KTV မှာ အမူးလွန်ပြီး သူငယ်ချင်းတွေ တွဲပို့လို့ အိမ်ပြန်ရောက်လာတယ်

ရောက်ရောက်ချင်း အိမ်ပေါက်ဝမှာ ထိုးအန်ပြီး လဲကျသွားပါတယ်

 

သူမိန်းမက ကုတင်ပေါ်ဆွဲတင်ပြီး သန့်ရှင်းပေး အဝတ်အစားလဲ ပေးပါတယ်

 

နောက်နေ့မနက် ကိုဘမောင် နိုးနိုးချင်း မနေ့ညက အမူးလွန်လာလို့ မိန်းမနဲ့ ပြသနာ အကြီးအကျယ်တက်တော့မယ် ဆိုပြီး စိတ်ညစ်သွားပါတယ်

 

အိပ်ယာထဲက မထသေးဘဲ တဖက်ကိုစောင်းလိုက်တော့ ကုတင်ဘေးက စာပွဲပေါ်မှာ သူ့မိန်းမလက်ရေးနဲ့ စာတစောင် တွေ့လို့ ယူဖတ်လိုက်တယ်

 

“ယောကျာင်္းရေ နိုးပြီလား မျက်နှာသစ်ဖို့ အဆင်သင့် ပြင်ထားတယ် မီးဖိုထဲက စာပွဲပေါ်မှာ စားစရာနဲ့ကော်ဖီ အသင့် အလုပ်အတွက်လည်း စိတ်မပူနဲ့ ဖုန်းနဲ့ခွင့်တိုင်ထားတယ် သိလား

 

ရှင်ကြိုက်တတ်တာလေးတွေ ချက်ကျွေးဖို့ ကျမ ဈေးသွားပြီ…။

 

အချစ်များစွာနဲ့…။

 

ကိုဘမောင် သူ့ကိုယ်သူ မယုံနိုင်အောင် ဖြစ်သွားတယ်

 

ဘာလို့ သူ့မိန်းမက ဒေါသမထွက်ဘဲ အချစ်များစွာနဲ့ လုပ်သလဲ မတွေးတတ်အောင် ဖြစ်နေတယ်

 

အိပ်ခန်းထဲက ထွက်လာတော့ သူ့သားကို တွေ့တော့

 

ဒါနဲ့ ညက ငါဘာဖြစ်သေးလဲလို့ မေးတော့ ဖေဖေတအားမူးလာတယ် လူမှန်းသူမှန်း မသိဘူး အိမ်ပေါက်မှာ ထိုးအန်ပြီး လဲကျသွားတယ် ဘာမှမသိတော့ဘူး မေမေက တွဲခေါ်ပြီး

 

ဖေဖေ့အဝတ်အစားတွေ လဲပေးတော့ အဖေက ယောင်ပြီး အော်သေးတယ်

 

ဘာတွေ ယောင်အော်တာလဲဆိုတော့ ဖယ် ဖယ် ငါ့နားမကပ်ကြနဲ့ ဝေးဝေးသွား ငါက အိမ်ထောင်သည် ငါ့မှာ မိန်းမနဲ့ တဲ့..။

 

အယောင်ကောင်းတော့ အထောင်း သက်သာပေါ့ဗျာ :p

 

Credit:Original Uploader

Read times Last modified on Wednesday, 19 September 2018 10:44
Rate this item
(1 Vote)
Tagged under