သ၀န်တိုတတ်တဲ့ ယောက်ျားလေးများ၏ အပြုအမူများ

သ၀န်တိုတတ်တဲ့ ယောက်ျားလေးများ၏ အပြုအမူများ google.com

ယောက်ျားလေးအများစုကတော့ သူတို့ သဝန်တိုစေမယ့် လူတွေဆီနဲ့ ပတ်ဝန်းကျင်တွေဆီ သင့်ကို ခေါ်မသွားတော့ပါ။

ဂရုမစိုက်ခြင်း

 

ယောက်ျားလေးအများစုကတော့ စကားပြောနေရင်းနဲ့ ရုတ်တရက် ဂရုမစိုက်သလို လုပ်တတ်ပါတယ်။ အထူးသဖြင့် သင်စကားပြောတဲ့အခါ ယောက်ျားလေးအကြောင်းပါလာရင် သူ့ဘက်က ဂရုမစိုက်သလိုပုံစံမျိုးနဲ့ ဘာမှကို ပြောတော့မှာ မဟုတ်ပါဘူး။

 

အဆက်အသွယ်ဖြတ်ခြင်း

 

ယောက်ျားလေးအများစုကတော့ သဝန်တိုတယ်ဆိုတာ ကိုယ့်မှာရှိတာ တစ်ခုခုကို ဆုံးရှုံးနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။

 

ယင်းပြဿနာကို ကိုင်တွယ်ဖို့ဆိုရင် ခြိမ်းခြောက်ခံရတဲ့ အရာရဲ့ အဝေးမှာ နေတာဖြစ်ပါတယ်။ သူတို့သဝန်တိုမှု ဖြစ်စေတဲ့ လူတွေ၊ ပတ်ဝန်းကျင်တွေဆီ သင့်ကို ခေါ်သွားတော့မှာ မဟုတ်ပါဘူး။

 

ဂရုစိုက်ခြင်း

 

ယောက်ျားလေးဘက်က ဂရုစိုက်ခံရတာကို မိန်းကလေးတိုင်း နှစ်သက်ပါတယ်။ သို့ပေမဲ့ သူ့ဘက်က ကိုယ့်အပေါ် စွဲလန်းနေတာကြီးကတော့ ဘယ်လိုမှ လက်မခံနိုင်ကြပါဘူး။

 

ကိုယ်ဒီနေ့ ဘယ်သွားလဲ၊ ဘာလုပ်လဲ၊ ဘယ်သူနဲ့ရှိလဲဆိုတာကို သာမန်ထက်ကို သူ့ဘက်က ပိုဂရုစိုက်လာ တတ်ကြပါတယ်။

 

အပြစ်တင်ခြင်း

 

ယောက်ျားလေးအများစုကတော့ သဝန်တိုတဲ့အခါ သင့်ကို အပြစ်တင်တာတွေ လုပ်လာပါတယ်။ ဘာမဟုတ်တဲ့ အကြောင်းလေးတွေနဲ့ သင့်ကို အပြစ်တင်တတ်ပါတယ်။

 

အပြစ်တင်ရမယ့်ကိစ္စဆိုရင်လည်း လိုတာထက်ပိုပြီး ပြောဆိုတာတွေလုပ်တတ်ကြပါတယ်။

 

ပွင့်လင်းမှု ခက်ခဲခြင်း

 

ယောကျာ်းတစ်ယောက်သဝန်တိုမှု ဖြစ်ပေါ်လာတာဟာ သူ့ကိုယ်သူ လေးစားမှု လျော့ကျလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သူ့ထက်တစ်ခုခု သာတယ်လို့ ထင်တဲ့လူနဲ့ သင်အတူရှိတာကို မကြိုက်တာမျိုးဖြစ်တတ်ပါ တယ်။

 

ဒီလိုခံစားနေရတာကို သူ့ဘက်က ပွင့်ပွင့်လင်းလင်း ထုတ်မပြတတ်တာကြောင့် ဘာဖြစ်မှန်း မသိဘူးဖြစ်နေတတ်ပါတယ်။

 

ယင်းခံစားချက်ကို သင့်ဘက်က နားမလည်ရင်တော့ သင်တို့ပြဿနာဟာ ပွင့်လင်းမှုမရှိ ဖြစ်နေတတ်ပါတယ်။

 

မချောမွေ့ခြင်း

 

ယောက်ျားလေးဘက်က ရစ်တာတွေ လုပ်တတ်ပါတယ်။ သင့်ဘက်က ဒေါသထွက်ပြီး ပြောဆိုတဲ့အခါမှာလည်း ပြန်မပြောဘဲ ငြိမ်ခံနေတတ်ပါတယ်။

 

ယင်းအခြေအနေက သင်တို့နှစ်ယောက်ဆက်ဆံရေးမှာ သူ့အတွက် အာမခံချက်မရှိဘူးလို့ ခံစားရတဲ့အချိန်မှာ ထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:49
Rate this item
(4 votes)