အချစ်ကြီးလွန်းတဲ့ ယောက်ျားတွေရဲ့ အချစ်ဒဏ်ကို မိန်းမတွေ ဘာကြောင့် မခံနိုင်ကြတာလဲ

အချစ်ကြီးလွန်းတဲ့ ယောက်ျားတွေရဲ့ အချစ်ဒဏ်ကို မိန်းမတွေ ဘာကြောင့် မခံနိုင်ကြတာလဲ google.com

အတွဲတစ်တွဲမှာ ယောက်ျားလေးဖက်က တစ်ကယ်ချစ်လာပြီဆိုရင်အချစ်ခံရတဲ့ မိန်းကလေးဖက်က အဲ့ဒီဒဏ်ကို မခံစားနိုင်ကြဘူးဘာလို့လဲဆိုတော့ ယောက်ျားလေးအားလုံး မှာတူညီတဲ့ အချက်တစ်ခုရှိပါတယ်။

 

အဲ့တာက ကျွန်တော်တို့ ယောက်ျားလေးတွေတစ်ကယ်နှစ်နှစ်ကာကာချစ်လာတဲ့ အချိန်ရောက်ရင် ကိုယ့်ချစ်သူအပေါ်သံသယစိတ်တွေ စွပ်စွဲချက်တွေအပြစ်မြင်တာတွေက ပိုများလာပါတယ်။

 

အရမ်းအချစ် အတ္တကြီးတဲ့ ယောက်ျားလေးတွေဆို အဲ့အချိန်ကျရင် ယောက်ျားလေး သူငယ်ချင်းတောင်ပေးမထားကြပါဘူး။ ကောင်မလေးရဲ့ fb passward သိတဲ့သူဆို သူနဲ့ပတ်သတ်တဲ့ နေ့နောက်ပိုင်း ဘယ်သူတွေနဲ့ ပြောထားလဲဆိုတာ သေချာကြည့်တတ်ပါတယ်။ အဲ့မှာ သူငယ်ချင်းထက်ပိုတဲ့ အရေးအသားတွေပြောထားတာတွေ့ရင်အဲ့နေ့တော့ တကယ့်ရန်ဖြစ်တဲ့နေ့ပါပဲ။

 

လက်ခံနိုင်တဲ့ ဖြေရှင်းချက် မရှိရင်တော့ အဲ့ပြဿနာက မပြီးတော့ပါဘူး။ ကံအရမ်းဆိုးရင် လမ်းခွဲဖို့အထိဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကမိန်းကလေးတွေစိတ်ထဲ ကြောက်စိတ်ဝင်သွားတာပါ အဲ့လိုဖြစ်တာကတော့ ကျွန်တော်တို့ ယောက်ျားလေးတွေရဲ့ အမှားပါတစ်နေ့တစ်နေ့ ပြဿနာအရှာခံရလွန်းလို့ အဲ့လိုဖြစ်တယ်လို့ ထင်ပါတယ်။

 

ဒါပေမဲ့ မိန်းကလေးဘက်က အကောင်းမြင်စိတ်နဲ့တွေးရင်တော့ အဲ့လိုဖြစ်မယ်မထင်မိပါဘူး။ နောက်ဆုံးပြောချင်တာကလမ်းခွဲမယ်ဆိုတဲ့ စကားပြောဖို့ စက္ကန့်ပိုင်းပဲကြာတာပါ။ အဲ့စကား မပြောထွက်ခင် အရင်အချိန်တွေကို ပြန်တွေးကြည့်ပါ။ အဲ့ဒါဆိုသေချာတဲ့ အဖြေတစ်ခုရမယ်လို့မျှော်လင့်ပါတယ်။

 

လမ်းခွဲစကား မပြောခင်မှာလည်းကြိုစဉ်းစားပါ တစ်ကယ်လို့ လမ်းခွဲ သွားရင် သူလဲ နစ်နာ ကိုယ်လဲ နစ်နာမှာမို့ အချိန်မနှောင်းခင် သိစေချင်တယ်။

 

 

Credit;Cele.lwinpyin

Read times Last modified on Monday, 17 December 2018 16:23
Rate this item
(2 votes)