ဒါလေးတွေ သိထားတယ်ဆိုရင် သင်ဟာမိန်းမယူဖို့ အဆင်သင့်ဖြစ်နေပါပြီ

ဒါလေးတွေ သိထားတယ်ဆိုရင် သင်ဟာမိန်းမယူဖို့ အဆင်သင့်ဖြစ်နေပါပြီ google.com

အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ ခံယူချက်

 

ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ကိုယ့်ဘဝထဲကို လက်တွဲဖော်အဖြစ် ရွေးချယ်လိုက်ခြင်းသည် သူမဘဝကိုတာဝန်ယူနိုင်လို့ ယုံကြည်​မှုရှိရှိဖြင့် သူမ၏ မိဘတွေဆီက သူမကိုအပိုင်တောင်းရမ်းလိုက်ခြင်းဖြစ်ပါတယ်။ ဘဝလက်တွဲဖော်ဆိုတာ လက်နဲ့မျက်စိလိုပါပဲ မျက်လုံးကမျက်ရည်ကျလာရင် လက်ကလေးက မျက်ရည်သုတ်နှစ်သိမ့်ပေးပြီး လက်ကလေးနာကျင်ထိခိုက်နေရင်လည်း မျက်လုံးက ဝမ်းနည်းပြီး မျက်ရည်ကျလာတယ်။

 

အဖော်မွန်ကောင်းကို ပိုင်ဆိုင်ချင်ရင် ကိုယ်ကိုယ်တိုင် လက်တွဲဖော်ကောင်း ဖြစ်ဖို့လိုပါတယ်။ ကိုယ်ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ မိန်းကလေးဘဝကို အတတ်နိုင်ဆုံး ပြည့်စုံအောင်ထားနိုင်ခြင်းက အိမ်ထောင်ဦးစီးရဲ့ အရည်အချင်းဖြစ်သလို ကိုယ်ယူထားတဲ့မိန်းမကို စိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ခြင်းက လင်ယောက်ျားရဲ့ မြင့်မြတ်တဲ့နှလုံးသားကို ဖော်ပြနေတာပါ။

 

ယောက်ျားကောင်းဆိုတာ မိန်းမတွေထက် အင်အားကြီးသလို ကိုယ်ယူထားတဲ့မိန်းမကို ဘယ်တော့မှ အနိုင်မကျင့်ဘူး။ ကိုယ့်မိန်းမမှားနေရင် လမ်းကြောင်းမှန်အောင် တည့်မတ်ပေးနိုင်ခြင်းက အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ရဲ့ ဂုဏ်အဂါင်္ရပ်ပါ။ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းပြည့်ဝအောင် ပြင်ဆင်ထားသလို ကိုယ့်အိမ်ရှင်မနဲ့ပတ်သတ်တဲ့ ဆွေမျိုးများအပေါ် မျှတမှန်ကန်အောင် ဆက်ဆံခြင်းက အိမ်ထောင်ဦးစီးရဲ့ လေးစားဖွယ်စိတ်ဓာတ်ပါ။

 

လူတစ်ယောက်က အနေမှန် ၊ အပြောမှန် ၊ လုပ်ဆောင်ချက်မှန် စိတ်ထားမှန်လာရင် အသက် ၈၀ အဘိုးကြီးက အသက် ၂၅ အရွယ် လူငယ်လေးကို လေးစားအတုယူရနေတတ်ပါတယ်။ ယောက်ျားကောင်းတစ်ယောက်က ကိုယ်လုပ်ကျွေးနေရတယ်ဆိုပြီး အိမ်ရှင်မအပေါ် မာန်တက်ပြီး အပေါ်စီးကမဆက်ဆံတတ်သလို ကိုယ့်ဂုဏ်သိက္ခာကိုလည်း အသက်လိုထိမ်းသိမ်းသူဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ထက်မြက်လာလေ မိန်းမပေါလာပေမယ့် ကိုယ့်အိမ်ရှင်မအတွက် မိန်းမအများကြီးကို ရှောင်ရှားနိုင်ခြင်းက အိမ်ဦးနတ်ဆိုတဲ့ အဂါင်္ရပ်နဲ့ပြည့်စုံတဲ့ လင်ယောက်ျားကောင်းရဲ့ သစ္စာတရားပါ။

 

အိမ်ထောင်ဦးစီးဆိုတာ စိးပွားရှာနေရုံနဲ့မပြီးဘဲ ကိုယ့်ဇနီးသည်၏ စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်ပြီး မိသားစုအသိုက်အမြုံကို လုံခြုံစွာစောင့်ရှောက်နိုင်ကာ အပူမှန်သမျှကို မတုန်မလှုပ် ခါးစီးခံနေသော ခေါင်းဆောင်ကောင်းကို ဆိုလိုပါတယ်။ အသိပညာ ဗဟုသုတ ကြွယ်ဝအောင်လေ့လာထားသလို သည်းခံစိတ်ကလည်း ဇနီးသည်နှင့် သားသမီးများအပေါ်ကို မြင့်မားပီး ချော့တကာ ခြောက်တစ်လှည့်နဲ့ ပညာသားပါပါကိုယ်တွယ်နိုင်ခြင်းသည် အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ လိမ္မာပါးနပ်မှု ဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးဆိုတာ သဘောင်္တစ်စီးကို ကိုင်တွယ်အုပ်ချုပ်မောင်းနှင် နေတဲ့ “မာလိန်မှုး” တစ်ယောက်ဆိုရင် မမှားပါဘူး။

 

လောကဓံ လှိုင်းတံပိုးကြားမှာ ကိုယ်မောင်းနေတဲ့ ဘဝသဘောင်္ကြီး နစ်မြုပ်မသွားအောင် အသိဥာဏ်နှင့် အတွေ့အကြုံကိုပေါင်းစပ်ပြီး ထိမ်းညှိပဲ့ကိုင်ပေးသူ တစ်ယောက်လည်းဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးကောင်းဆိုတာ သားလိမ္မာတစ်ယောက် ဖြစ်အောင်ကြိုးစားခဲ့သလို ကိုယ့်ဇနီးလောင်းကို မွေးပေးသော ယောက္ခမကိုလည်း သားသမီးတစ်ယောက်လို ရိုသေလေးစားစွာဆက်ဆံတတ်ပြီး ဂါဝရတရားပြည့်ဝသော သားမက်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

 

မူရင်းကောင်းမှ မိတ္တူ ကောင်းဖြစ်လာမှာဖြစ်သလို အိမ်ရှင်မ၏ ခင်ပွန်းကောင်းဖြစ်အောင် ကြိုးစားနေသူဖြစ်သဖြင့် သားသမီးတို့၏ စံပြပုဂ္ဂိုလ် ဖခင်ကောင်းတစ်ယောက်ဟုလည်း သတ်မှတ်လို့ရပါတယ်။မြင့်မြတ်အောင် ၊ လူပီသအောင် ကြိုးစားနေသူတိုင်းသည် ကိုယ်တာဝန်ကျရာ ဘဝဇာတ်ခုံပေါ်တွင် တာဝန်ကျရာနေရာမှာ အကောင်းဆုံးနေထိုင် ကြိုးစားခြင်းဖြင့် အိမ်ဦးနတ် ၊ သားသမီးကောင်း ၊ သားမက်ကောင်း ၊ ဖခင်ကောင်း ၊ ဇနီးကောင်း ၊ ချွေးမကောင်း ၊ မိခင်ကောင်း စသော ဘွဲ့ထူးဂုဏ်ထူးများနဲ့ ထိုက်တန်သူများ ဖြစ်လာမှာ သေချာပါတယ်။

 

လူ့ဘဝမှာ အကောင်းဆုံးတွေကိုလိုချင်ရင် ကိုယ့်ဘက်က အကောင်းဆုံးဆိုသော စစ်မှန်တဲ့ ပေးဆပ်ခြင်းတွေရှိမှ အကောင်းဆုံးဆိုသော အရာတွေက ကိုယ့်ဆီကို လိပ်စာမသိဘဲ ရောက်လာပါလိမ့်မယ်။တစ်ခါတစ်လေမှာ ကိုယ်အကောင်းဆုံးပေးဆပ်နေရဲ့သားနဲ့ ကောင်းကျိုးမခံစားရဘူးဆိုရင် စိတ်ဓာတ်မကျပါနဲ့ မိတ်ဆွေ။ သင် ပေးဆပ်ခဲ့တာတွေသာ စစ်မှန်ပါစေ အချိန်တန်ရင် အမှန်တရားက သင့်ကို လျော်ကြေးပေးပါလိမ့်မယ်။ တစ်ခါတစ်လေမှာ ကိုယ်ကောင်းနေရဲ့သားနဲ့ ကိုယ့်ကိုပြန်မကောင်းရင် လူ့သဘာဝက အရွဲ့တိုက်ချင်လာတတ်ပါတယ်။

 

အဲ့လိုဖြစ်ခဲ့ရင် ကိုယ်ဖြူနေတဲ့ နှလုံးသားကို အခြားမကောင်းတဲ့လူတစ်ချို့ကြောင့် မညစ်ညမ်းစေချင်ဘူး။ အတတ်နိုင်ဆုံးသည်းခံလို့မရရင် ရဲရဲတင်းတင်း ပြတ်သားစွာနောက်ဆုတ်လိုက်ပါ နောက်ဆုံးစစ်မှန်သော ဥပေက္ခာပြု ခြင်းမျိုးဖြင့် ကိုယ့်ရဲ့ဖြောင့်မှန်သော စိတ်ဓာတ် ၊ သစ္စာတရား၊ ရိုးသားဖြူစင်မှူ ၊ မှန်ကန်သော ပေးဆပ်မှူများကို တန်ဖိုးမလျော့အောင် ထိန်းသိမ်းပါလို့ အကြံပြုပါရ​စေ​နော်​။

 

 

Credit;ဇင်းနစ်​ မကွေး ᠌᠌᠌

Read times Last modified on Wednesday, 10 October 2018 10:10
Rate this item
(1 Vote)