သောကြာနံနဲ့အဆုံးသတ်မှည့်ခေါ်ထားသောနာမည်ရှင်တို့ရဲ့စိတ်နေစိတ်ထားများ

သောကြာနံနဲ့အဆုံးသတ်မှည့်ခေါ်ထားသောနာမည်ရှင်တို့ရဲ့စိတ်နေစိတ်ထားများ google

ဒီနေ့မှာတော့ သောကြာနံဖြင့်အဆုံးသတ်မှည့်ခေါ်ထားတဲ့ နာမည်ရှင်တွေရဲ့စိတ်နေစိတ်ထား တွေကိုဖော်ပြပေးချင်ပါတယ်။

 

သောကြာနံနဲ့အဆုံးသတ်တဲ့နာမည်ပိုင်ရှင်တွေဆိုတာ ဥပမာ-အေးမြဟန်၊နိုင်အောင်သွင်စတဲ့ “သ၊ဟ”စတာတွေနဲ့အဆုံးသတ်ထားတဲ့နာမည်ပိုင်ရှင်တွေဖြစ်ပါတယ်။

 

သောကြာနံနဲ့အဆုံးသတ်တဲ့နာမည်ပိုင်ရှင်တွေဟာအနုပညာစိတ်ဓာတ်အခံရှိသူတွေဖြစ်ပြီးအနုပညာနဲ့ပက်သက်ပြီးလည်း

 

ထိခိုက်လွယ်၊ခံစားလွယ်သူတွေဖြစ်ကြပါတယ်။ကိုယ်ကိုယ်တိုင်စည်းစနစ်ကြီးသူတွေဖြစ်တာကြောင့်စည်းကမ်းမဲ့တာကိုမနှစ်သက်သူတွေပါ။

 

သူတို့ဟာနာမည်ကျော်ထင်ရှားတာကိုနှစ်သက်ကြသူတွေပါ။ဒါပေမယ့်ကိုယ့်နာမည်ကြီးဖို့အတွက်တခြားသူကိုချနင်းတာမျိုးတော့မလုပ်တတ်ကြပါဘူး။

 

သောကြာနံနဲ့အဆုံးသတ်တဲ့နာမည်ပိုင်ရှင်တွေဟာငြိမ်းချမ်းရေးကိုလိုလားသူတွေဖြစ်ပြီးလွတ်လပ်မှုကိုနှစ်သက်တာကြောင့်ဖိအားပေးစေခိုင်းတာမျိုးဆို

 

သူတို့အတွက်အဆင်မပြေပါဘူး။သူတို့ဟာမေတ္တာတရားကြီးမားပြီးမိသားစုကိုတန်ဖိုးထားမြတ်နိုးတဲ့ဇာတာရှင်တွေဖြစ်ပါတယ်။

 

သောကြာနံနဲ့အဆုံးသတ်တဲ့နာမည်ပိုင်ရှင်တွေရဲ့အားနည်းချက်ကတော့ လူတစ်ဖက်သားအပေါ်အယုံလွယ်တာပါပဲ။

 

Source-ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

 

 

 


 


 


 


 


 


 


 


 


 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 17 March 2020 16:43
Rate this item
(0 votes)
Tagged under