အချစ်ရေးအတွက်ဆောင်ရန်ရှောင်ရန်လေးတွေ

အချစ်ရေးအတွက်ဆောင်ရန်ရှောင်ရန်လေးတွေ google.com

အချစ်​ဆိုတာ ကိုယ့်​ဘဝထဲဝင်​လာပီဆိုတာနဲ့ သတိထားသင့်တဲ့အရာတစ်ခုပါ။ကိုယ့်မှာရှိနေတဲ့အရမ်းချစ်​တဲ့စိတ်​ကို​လျော့ပါ။

တတ်​နိုင်​​သ​လောက်​​မျှော်​လင့်​ချက်​မထားပါနဲ့၊ရယူပိုင်​ဆိုင်​ဖို့ပဲ မ​တွေးပါနဲ့၊သူ့ဘက်​ကို့ဘက်​ စာနာ​ပေးပါ။အချစ်​နဲ့​တွေ့ရင်​ အတ္တဆိုတာအမှန်တကယ်​​ရောက်​လာမြဲပါပဲ။အဓိကက​တော့ ​မျှော်​လင့်​ချက်​မထားမိပါ​စေနဲ့…အချစ်​ဆိုတာ ချစ်​​နေရုံနဲ့မပီးပါဘူး။

 

 

နားလည်​မူ

 

ကိုယ့်​ချစ်​သူက ဘယ်​လိုလူမျိုးလဲ ဆိုတာအရင်​ဆုံးသိဖို့နားလညိဖို့ လိုအပ်​ပါတယ်​။ကိုယ့်​စိတ်​ကိုဦးစား​ပေး​နေရင်​ အချစ်​က ခိုင်​မြဲမှာမဟုတ်​ပါဘူး။သူ့ဘက်​ကိုယ်​ဘက်​အ​ခြေခံနားလည်​မူ​လေး​တွေ ​ပေါ့။နားဘည်​မူဆိုတာသိပ်​ကိုတန်​ဖိုး ကြီးပါတယ်​။

 

 

သစ္စာတရား

 

လက်​တွဲ ခိုင်​မြဲဖို့အ​ခြေခံအကျဆုံးက သစ္စာ တရားပါပဲ။ချစ်​ပါတယ်​တဖွဖွ​ပြောပီး သစ္စာမရှိရင်​အလကားပဲ မဟုတ်ပါလား။

 

 

လေးစားမှူ

 

ယောက်​ကျား​လေးဖြစ်​ဖြစ်​ မိန်းက​လေး ဖြစ်​ဖြစ်​ ချစ်​သူ​တွေဖြစ်​လာကြရင်​ အပြန်​အလှန်​ ​လေးစားမှု ရှိသင့်​ပါတယ်​။လေးစားမှု ရှိတဲ့စုံတွဲက တ​ယောက်​ကိုတ​ယောက်​ ​စော်​ကား​လေ့မရှိပါဘူး။ ရင်းနှီး မှုနဲ့မဆိုင်​ ပါဘူး ။လေးစားမှူပါ။

 

 

စာနာမှု

 

လူဆိုတာ အမြဲတမ်း​အောင်​မြင်​မ​နေပါဘူး။ခက်​ခဲ​နေတဲ့အခိုက်​အတန့်​မှာ ကိုယ့်​ချစ်​သူဆီက စာနာမှူ ကိုလူတိုင်းလိုချင်​ကြပါတယ်​။

 

 

ကြင်​နာမှူ

 

ချိမြိန်​တဲ့အချစ်​တစ်​ခုဖြစ်​ဖို့  ကြင်​နာမှု ​တွေမပါပဲမရပါဘူး။ကြည်​နူးစရာ​တွေမျှ​ဝေရင်း အချစ်​ ဆိုတာသက်​​သေပြဖို့ ကြင်​နာ ခြင်း​တွေလိုအပ်​ပါတယ်​။

 

 

စာနာမှူ

 

ကိုယ်​​တောင်​သူ့ကိုဒီလိုဖြစ်​​စေချင်​ရင်​ သူလည်းကိုယ့်​ကို ဒီလိုဖြစ်​​စေချင်​မှာပဲဆိုတဲ့စိတ်​ …ကိုယ်​ခံစားရရင်​လည်း သူ​ရောခံစား​နေရမလားဆိုတဲ့စိတ်​ ကိုယ်​ချင်းစာ စိတ်​​လေးချစ်သူတိုင်းမှာ ထားသင့်​ပါတယ်​။

 

 

ခွင့်​လွှတ်​ခြင်း

 

လူဆိုတာ အမှားကျူးလွန်​တတ်​တဲ့ အမျိုးဖြစ်​လို အမှားကင်းတဲ့သူရယ်​မရှိတဲ့အတွက်​ခွင့်​လွှတ်​ခြင်းနဲ့လည်းကင်းကွာလို့မရပါဘူး။အမှားကိုသိလို့ အမှန်​ပြင်​ချင်​သူအတွက်​ ခွင့်​လွှတ်​ခြင်းကထိုက်​တန်​ပါတယ်​။

 

 

မေတ္တာ တရား

 

အ​ရေးကြီးဆုံးက​ ​မေတ္တာ တရား အ​ရေးကြီးပါတယ်​။မေတ္တာ တရားအ​ခြေခံမရှိရင်​ လိုချင်​တက်​မက်​ မူချစ်​ခြင်းဖြစ်​သွားပါလိမ့်​မယ်​။ကိုယ်​ချစ်​ရတဲ့ချစ်​သူအ​ပေါ် ​အေးမြတဲ့ ​မေတ္တာ တရားလည်း​ပေးသင့်​ပါတယ်​။အားလုံးပဲအချစ်ရေးမှာ ကံကောင်းနိုင်ကြပါစေနော်။

 

 

Credit;ဆရာမ ကြာညိုသွယ်

Read times Last modified on Tuesday, 18 September 2018 15:58
Rate this item
(1 Vote)
Tagged under