ကိုယ့်ထက်အသက်ငယ်တဲ့သူကိုရည်းစားအဖြစ်ရွေးချယ်မယ်ဆိုရင်

ကိုယ့်ထက်အသက်ငယ်တဲ့သူကိုရည်းစားအဖြစ်ရွေးချယ်မယ်ဆိုရင် google


ကိုယ့်ထက်ငယ်တဲ့သူနဲ့ ရည်းစားဖြစ်နေတဲ့ သူတွေဟာ

 

ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ ပြောဆိုဝေဖန်ခြင်း ခံရတတ်ပါတယ်။

 

 

 

တကယ်တော့ ကိုယ်တွဲနေတဲ့သူက ဘယ်လိုလူမျိုးလဲ၊ စိတ်ချယုံကြည်မှုရှိမရှိဆိုတာ ကိုယ်ပဲအသိဆုံး ဖြစ်ပါတယ်။

 

သူ့အသက်အရွယ်က ကိုယ့်ထက်ငယ်လို့ ကိုယ်ကချည်း အလျော့ပေးနေရလိမ့်မယ်လို့ ထင်နေရင်လည်း မှားသွားပါလိမ့်မယ်။

 

 

ငယ်ရွယ်တဲ့ချစ်သူကြောင့် သွက်လက်မှုရှိခြင်း

 

ကိုယ့်ထက်အသက်ငယ်တဲ့ ချစ်သူကို အမီလိုက်နိုင်ဖို့ ကိုယ်ကအသက်ကြီးတာမျိုးကိုလည်း မသိသာစေဖို့ ကိုယ့်ဘက်က အနေအထိုင်ဆင်ခြင်လာမယ်၊ ၀တ်တတ်စားတတ်လာပါလိမ့်မယ်။

 

သူနဲ့ သွားအတူ၊ လာအတူ၊ စားအတူဖြစ်လာသလို အရင်ထက်လည်း ပေါ့ပါးသွက်လက်လာပါလိမ့်မယ်။

 

သူ့ဆီက ရရှိလာတဲ့ ခွန်အားတွေနဲ့ နောက်ထပ် အနာဂတ်အိပ်မက်အသစ်တွေ မက်လာနိုင်ပြီး ပျော်စရာလည်း ပိုကောင်းပါလိမ့်မယ်။

 

 

စိတ်ဖိစီးမှုများအရင်ကလောက် မခံစားရခြင်း

 

မတွေ့ခင်တုန်းကတော့ စိတ်ဖိအားများနဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘ၀ဟာ သူ့ကြောင့် ပြောင်းလဲလာပါလိမ့်မယ်။

 

တန်းတူရွယ်တူတွေမှာ ရှိလေ့ရှိထရှိတဲ့ အတွေးအမြင်တွေ သူ့မှာ မရှိဘဲ အသစ်အဆန်းတွေကိုတော့ သင် မြင်ရ ကြားရပါလိမ့်မယ်။

 

 

 

 

Myanmar Wedding Guide

 

 

Wedding banner design 03 1

Read times Last modified on Monday, 29 July 2019 14:50
Rate this item
(3 votes)
Tagged under