ယောကျ်ားလေးတွေအနေနဲ့ First Date မှာ ဘယ်လိုအဝတ်အစားတွေကိုရွေးချယ်သင့်သလဲ
ယောကျ်ားလေးတွေအနေနဲ့ First Date မှာ ဘယ်လိုအဝတ်အစားတွေကိုရွေးချယ်သင့်သလဲ google
ယောကျ်ားလေးတွေအတွက် First Date ဟာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒီလိုအခြေအနေတွေမှာဘာလိုအပ်သလဲဆိုရင်တော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ပါပဲ။ Confident ရှိအောင်ဘာလုပ်ရမလဲလို့ ထပ်ပြီးမေးစရာရှိပါတယ်။
အဲ့ဒီ့ယုံကြည်မှုဆိုတာကို ဘယ်ကရမလဲဆိုရင်တော့ အဝတ်အစားမှရရှိနိုင်ပါတယ်။ကိုယ့်အတွက်ယုံကြည်မှုလိုသလို ကိုယ်သွားတွေ့မယ့်သူဆီက First Impression ဆိုတာလည်း လိုပါသေးတယ်။
တစ်ချက်ခုတ်နှစ်ချက်ပြတ်သွားအောင် အမျိုးသားတွေ ပထမဦးဆုံးဒိတ်မသွားခင် လိုအပ်မယ်လို့ထင်တဲ့ အဝတ်အစားရွေးချယ်မှုအပိုင်းကို ဒီတပတ်ပြောပြပေးချင်ပါတယ်။
ကိုယ်သွားမယ့်နေရာ တစ်ဖက်လူကို ဘယ်အတိုင်းအတာအထိ Impression ရှိစေချင်လည်းပေါ်မူတည်ပြီး အဝတ်အစားကိုရွေးချယ်ရမှာပဲဖြစ်ပါတယ်။ ဒိတ်လုပ်သင့်တဲ့ နေရာအမျိုးမျိုးရှိပါတယ်။
ညဖက်အတူတူဘားသွားမှာလား၊ Decent Dinner စားမှာလား၊ စကားအေးအေးဆေးဆေးပြောနိုင်အောင် Coffeeဆိုင်မှာပဲတွေ့မှာလား၊ အစားတစ်လိုင်း Junk Food ဆိုင်မှာပဲချိန်းမှာလား ဒါမှမဟုတ် ကြည်ကြည် နူးနူးဟိုသွားဒီသွားလျှောက်လည်မှာလား။
ဘယ်ကိုပဲသွားသွား တဖက်လူကိုယ့်ကိုအထင်ကြီးစေမယ့် အခြေခံလိုအပ်တာတွေကိုအရင်ပြောပြီးမှ အသေးစိတ်ထပ်ပြီးပြောပြချင်ပါတယ်။
နာမည်ကြီး Brand Wallet ကောင်းကောင်းတစ်လုံး Logo ပါတဲ့တီရှပ် Branded Sneakers ဖိနပ် Blues Shades အရောင်ရှိတဲ့ Denim Slim ဂျင်းဘောင်းဘီအစရှိတဲ့ Basic လိုအပ်တာတွေပြီးရင်တော့ အပေါ်မှာပြောခဲ့တဲ့ ဒိတ်အမျိုးအစားပေါ်မူတည်ပြီး
ဘယ်အရာတွေထပ်စောင်းဝတ်သင့်လဲဆိုတာကို အသေးစိတ်ပြန်သွားချင်ပါတယ်။
Bar သွားမယ်ဆိုရင်တော့ Sweater ဆန်ဆန် ခေါင်းစွပ်အင်္ကျီ Cutting ကောင်းတဲ့ Soft Shade Faded Blue အရောင် ဂျင်းဘောင်းဘီအပြင် Sneakers ရယ်ပဲလိုပါတယ်။ Dinner ကောင်းကောင်းမွန်မွန်စားဖို့ဒိတ်မယ်ဆိုရင်တော့ ရိုးရာမပြတ်Formal ဟာအကောင်းဆုံးပါ။
Coffee ဆိုင်သွားမှာဒိတ်မယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါး Tracksuit နဲ့ Converse ဖိနပ်ကိုဝတ်သင့်ပါတယ်။
Pizza, Hot Pot အစားတစ်လိုင်းဒိတ်မယ်ဆိုရင်တော့ Causal ဖြစ်မယ့် တီရှပ် ဘောင်းဘီတိုနဲ့ ကွင်းထိုးဖိနပ် Sandals ပဲလိုပါတယ်။ Walking Date ဆိုရင်တော့ မရှိမဖြစ်က Running Trainer နဲ့ အထက်မှာဖော်ပြခဲ့တဲ့ Basic Outfit ပဲလိုပါတယ်။
ကဲ ကိုယ်ရဲ့First Date ကိုယုံကြည်မှုရှိရှိနဲ့ဖြတ်သန်းနိုင်ပါစေ။
Zawgyi ဖြင့်ဖတ်ရန်...
Myanmar Wedding Guide
jjjj
Read times Last modified on Tuesday, 18 February 2020 16:45
Rate this item
(1 Vote)
Tagged under