အချစ်ကို တန်ဖိုးထားပြီး မြတ်နိုးတတ်သူတွေမှာ တွေ့ရတဲ့ လက္ခဏာရပ်များ

အချစ်ကို တန်ဖိုးထားပြီး မြတ်နိုးတတ်သူတွေမှာ တွေ့ရတဲ့ လက္ခဏာရပ်များ

အချစ်ကို လူတိုင်း ကြုံတတ်ကြပေမယ့်လည်း အချစ်ကို ခံစားကြပုံတွေ မတူညီကြပါဘူး။

 

တစ်ချို့တွေကတော့ ခံစားမှု သက်သက်လိုပဲ သဘောထားကြပေမယ့် တစ်ချို့ကတော့ တာဝန်ဝတ္တရား တစ်ခုလိုပါ တွေးထားတတ်ကြပါတယ်။ အချစ်ကို မြတ်နိုးတန်ဖိုးထားတတ်တဲ့သူတွေမှာတော့ အခုလို လက္ခဏာရပ်တွေ ရှိနေတတ်ပါတယ်။

 

(၁) သစ္စာ ရှိတယ်

 

အချစ်ဆိုတာကို တန်ဖိုးထားတဲ့သူတွေက ဒီလို ချစ်နေတဲ့ ဆက်ဆံရေး တစ်ခုကိုပါ တန်ဖိုးထားပြီး သစ္စာရှိစွာ ချစ်တတ်ကြပါတယ်။ တကယ့်ကို မြတ်မြတ်နိုးနိုးနဲ့ ဒီလူကသာ ကိုယ့်ရဲ့ လက်တွဲဖော်ဆိုတဲ့ သဘောနဲ့ သစ္စာရှိဖို့ပါ ဆုံးဖြတ်ချက် ချထားတာမျိုး ရှိတတ်ပါတယ်။

 

 

(၂) အတူပျော်ဖို့ ကြိုးစားတယ်

 

ချစ်ကြတဲ့သူတွေက အတူ ပျော်နိုင်ကြပါတယ်။ အချစ်ကို တန်ဖိုးထားလာတဲ့သူတွေကတော့ အတူ မပျော်ရင်တောင်မှ အတူပျော်ဖို့ ကြိုးစားနေတတ်ပါတယ်။ ချစ်သူကို ပျော်အောင် လုပ်ပေးရင် အတူပျော်ရတဲ့ အချိန်တွေ များနေအောင်ကို ဖန်တီးယူတတ်ကြတာကတော့ ချစ်သူကို တန်ဖိုးထားလွန်းလို့ကို ဖြစ်ပါတယ်။

 


(၃) အခက်အခဲတွေကို အတူရင်ဆိုင်တယ်

 

ချစ်မိသွားပြီးတဲ့နောက် ဒီဆက်ဆံရေးကို တန်ဖိုးထားတဲ့သူတွေကတော့ ကိုယ့်ချစ်သူရဲ့ အခက်အခဲကို မျက်စိမှိတ် မကြည့်နိုင်ကြပါဘူး။ သူ့ရဲ့ အခက်အခဲက ကိုယ့်ရဲ့ အခက်အခဲ ဖြစ်ပြီး နှစ်ယောက်အတူ ကြုံရတဲ့ အခက်အခဲတွေကိုလည်း အတူရင်ဆိုင်တတ်ကြပါတယ်။ ဘယ်တော့ ရှောင်ဖို့ မကြိုးစားတဲ့သူ ဖြစ်ပါတယ်။

 


(၄) တာဝန်ယူမှု အပြည့် ရှိတယ်

 

အချစ်ကို တန်ဖိုးထားတဲ့အခါ ဒီအချစ်ရေးကို အကောင်းဆုံး တည်ဆောက်သွားဖို့ကိုပဲ အမြဲ စိတ်ကူးထားတတ်ပါတယ်။ ဒီလိုနဲ့ ဒီအချစ်ရေးမှာ ရှိနေတဲ့ စိတ်ညစ်စရာတွေ၊ အတူ ရင်ဆိုင်ရတာတွေကို မငြိုမငြင်နဲ့ အမြဲ တာဝန်ယူ ဖြေရှင်းတတ်သလို ဦးစီးဦးဆောင်တာမျိုးလည်း ပြုလုပ်တတ်ကြပါတယ်။

 


(၅) တန်ဖိုးထားမှုကို အမြဲ ပြတယ်

 

ဒီအချစ်ရေးကို ဘယ်လောက်တန်ဖိုးထားကြောင်းနဲ့ ချစ်တဲ့သူကိုလည်း ဘယ်လောက် မြတ်နိုးကြောင်း အမြဲ ပြသနေလေ့ ရှိကြပါသေးတယ်။ အမြဲ တန်ဖိုးထားကြောင်းကို အပြုအမူတွေ၊ လက်ဆောင်တွေနဲ့ လေးစားမှုတွေနဲ့ ပြသတတ်ပါတယ်။ တစ်ခြားသူတွေ အားကျလောက်စေတဲ့အထိကို တန်ဖိုးထားပြတတ်သူတွေလည်း ဖြစ်နေတတ်ပါသေးတယ်။

 

 

Credit: Aunty May

 

Read times Last modified on Wednesday, 02 September 2020 16:12
Rate this item
(0 votes)
Tagged under