ကိုယ့်ကိုထားသွားခဲ့တဲ့ EX ကို ကျေးဇူးတင်ရင်း ခွင့်လွှတ်ပေးသင့်တဲ့ အချက် (၅) ချက်

ကိုယ့်ကိုထားသွားခဲ့တဲ့ EX ကို ကျေးဇူးတင်ရင်း ခွင့်လွှတ်ပေးသင့်တဲ့ အချက် (၅) ချက် google.com

တွေ့ဆုံကြုံကွဲဆိုတာ လူ့သဘာဝပါပဲ။ ကိုယ့်ဘဝထဲကို ဝင်လာတဲ့သူရှိမယ်၊ ထွက်သွားတဲ့သူရှိမယ် ဒါဟာ ထူးဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။

 

ကိုယ့်ကို ထားပစ်ခဲ့တဲ့ ချစ်သူဟောင်းကို အလွန်အမင်း ကျေးဇူးတင်သင့်တဲ့ အချက်လေးတွေပြောပြပေးချင်ပါတယ်။ တစ်ခါတစ်လေ ကိုယ်က အဆိုးလို့ ထင်လိုက်တဲ့အရာတွေဟာ အကောင်းဆုံးတွေ ဖြစ်နေတတ်တယ်ဆိုတာကို မြင်နိုင်အောင်လို့ပါနော်။

 

 

() လူတွေနဲ့ပတ်သက်ပြီး သင်ခန်းစာတွေအများကြီးရတယ်

 

လူတစ်ယောက်နဲ့တစ်ယောက် အတွင်းကျကျ သိဖို့ဆိုတာ အချိန်ကာလတစ်ခုတော့ ရင်းနှီးရပါတယ်။ အဲ့ဒီ့ကာလအတွင်းမှာ သူ့ရဲ့အကျင့်စရိုက်၊ အတွင်းစိတ်တွေကို သိလာရမှာဖြစ်ပါတယ်။ သင့် EX ရဲ့ အမူအကျင့်၊ ပြတ်သွားရတဲ့အကြောင်းအရင်းတွေက နောင်တစ်ချိန် သင်တကယ်ချစ်တဲ့သူ၊ သင့်ကို တကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အခါ သတိပြုစရာ သင်ခန်းစာတစ်ခုအဖြစ် သင် အမြတ်ရလိုက်ပါတယ်။ ဒါကြောင့် လူတွေနဲ့ပတ်သက်ပြီး သင်ခန်းစာတွေ ပေးခဲ့တဲ့ သင့် EX ကို ကျေးဇူးတင်သင့်ပါတယ်။

 

 

() သင် မယူချင်တဲ့ဘဝသင်ခန်းစာတွေကို ပေးသွားတယ်

 

လူတစ်ယောက်ရဲ့ ဘဝမှာ ပျော်ရွှင်မှုတွေချည်းကိုပဲ လိုချင်နေလို့မရပါဘူး။ တစ်ခါတလေ ဝမ်းနည်းမှုတွေ၊ ဒဏ်ရာတွေကလည်း သင့်ဘဝကို ပိုမိုပြီးတောက်ပလာအောင် စွမ်းဆောင်ပေးပါတယ်။ အစစ်လို့ ထင်ရတဲ့ အတုအယောင်တွေ၊ အမှန်လို့ ထင်မိလိုက်တဲ့အမှားတွေ၊ ယုံကြည်လိုက်မိတဲ့ သစ္စာမရှိသူတွေ၊ ထာဝရရှိမယ်ထင်ပြီး ခဏလေးနဲ့ ကွယ်ပျောက်သွားတတ်တဲ့ အမှန်တရားတွေ၊ ဘဝသင်ခန်းစာတွေကို လာပေးသွားတဲ့ သင့် EX ကို ကျေးဇူးတင်သင့်ပါတယ်။

 

 

() နောက်ထပ်ချစ်ရမယ့်သူအတွက် အထောက်အကူဖြစ်တယ်

 

လူတစ်ယောက်ဟာ ချစ်သူတစ်ယောက်နဲ့ ပြတ်သွားတာနဲ့ပဲ တစ်ဘဝလုံး ခံစားနေရမှာ မဟုတ်ပါဘူး။ နာကျင်လည်း ခဏပါပဲ။ အချိန်အတိုင်းအတာတစ်ခုကို ရောက်တဲ့အခါ သင်မမေ့ချင်ပါဘူးဆိုရင်တောင် ဦးနှောက်က အလိုလို မေ့သွားမှာဖြစ်ပါတယ်။ အရင်လူကို မေ့ပြီး နောက်ထပ် သင့်ကိုချစ်တဲ့သူ၊ သင်ချစ်တဲ့သူနဲ့တွေ့တဲ့အခါ ဘယ်လိုလေးလုပ်ပေးရင် သူပျော်မလဲ၊ ဘယ်လိုအမူအရာက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမလဲဆိုတာ အရင်လူနဲ့ အတွေ့အကြုံရှိခဲ့ပြီးသား ဖြစ်တဲ့အတွက် နောက်ချစ်သူနဲ့ အချစ်ရေးဟာ အများကြီး ပိုအဆင်ပြေသွားမှာဖြစ်ပါတယ်။

 

 

() ပိုကောင်းတဲ့ချစ်သူကို တွေ့ခွင့်ပေးတယ်

 

သင့်ရဲ့ EX နဲ့သာ သင်မပြတ်ခဲ့ဘူးဆိုရင် သူ့ထက် သင့်အပေါ် ပိုကောင်းတဲ့သူ၊ သူ့ထက် သင့်ကို ပိုချစ်နိုင်တဲ့သူ၊ သူ့ထက်သင်ပိုချစ်ရမယ့်သူနဲ့ ဆုံတွေ့ခွင့်ရှိတော့မှာ မဟုတ်ပါဘူး။ သင့်ကို သူစွန့်လွှတ်ခဲ့လို့၊ သင့်ဘဝထဲက သူထွက်သွားလို့သာ ပိုကောင်းတဲ့ချစ်သူနဲ့ တွေ့ဆုံရတာပါ။ ဒါကြောင့် သင့်ရဲ့ အချစ်စစ်၊ ပိုကောင်းတဲ့ချစ်သူနဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ သင့် EX ကို ကျေးဇူးတင်လိုက်ပါ။

 

 

() သင့်အနားမှာ ရှိနေပေးခဲ့တယ်

 

ချစ်သူရည်းစားဘဝမှာ အမြဲတမ်းလည်း မပျော်ရွှင်ရသလို၊ အမြဲတမ်းလည်း ပျော်စရာတွေချည်းပဲ မဟုတ်ပါဘူး။ တစ်ခါတလေ သင်စိတ်ညစ်ခဲ့တဲ့အချိန်တွေ၊ သင်ဝမ်းနည်းခဲ့တဲ့အချိန်တွေ၊ သင်အထီးကျန်ခဲ့တဲ့အချိန်တွေမှာ သင့်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ပျော်ရွှင်စေခဲ့ဖူးတဲ့၊ သင့်အနားမှာ ရှိနေပေးခဲ့ဖူးတဲ့၊ သင့်ရဲ့ ဒဏ်ရာတွေကို ကုစားပေးခဲ့ဖူးတဲ့ သင့် EX ကို ခွင့်လွှတ်ပေးလိုက်ပါ။ သင့်ရဲ့ မပြည့်စုံမှုတွေ၊ ချို့ယွင်းချက်တွေကို တတ်နိုင်သလောက် လက်ခံပေးခဲ့ပြီး သင့်အပေါ် ကောင်းခဲ့ဖူးတဲ့အတွက် သူ့ကို ကျေးဇူးတင်လိုက်ပါ။

 

 

Credit;Aunty May

Read times Last modified on Wednesday, 03 October 2018 10:33
Rate this item
(3 votes)