ပေါင်းဖက်ရန် အသင့်တော်ဆုံး အိမ်ထောင်ဖက်နေ့နံများ

ပေါင်းဖက်ရန် အသင့်တော်ဆုံး အိမ်ထောင်ဖက်နေ့နံများ google

ဦး သာ စိန် ပန်း ဒန်းလှကိုရှာ

 

ဦး-သာ တနင်္ဂနွေနှင့်သောကြာအိမ်ထောင်ဖက်

စိန်-ပန်း အင်္ဂါနှင့်ကြာသပတေးအိမ်ထောင်ဖက်

ဒန်း-လှ စနေနှင့် ဗုဒ္ဓဟူး အိမ် ထောင်ဖက်

ကို-ရှာ တနင်္လာနှင့် ရာဟု အိမ်ထောင်ဖက်

 

 

အိမ်ထောင်ရန်ဖက်

 

ဓမ္မာ၊ သောက ၊ အင်းဝ၊ ရာဇာ

ဓ မ္မာ – စနေနဲ့ ကြာသပတေး အိမ်ထောင်ဖက်ရန် မသင့်

သော က – သောကြာနှင့် တနင်္လာ အိမ်ထောင်ဖက်ရန် မသင့်

အင်း-၀ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး အိမ်ထောင်ဖက်ရန် မသင့်

ရာ-ဇာ ရာဟုနှင့် အင်္ဂါ အိမ်ထောင်ဖက်ရန် မသင့်

 

 

မိတ်ဖက်

 

အောင် ပ ကုလား ဆွေသား နောင်ရင်း

အောင် ပ တနင်္ဂနွေနှင့် ကြာသပတေး မိတ်ဖက်သင့်သည်

ကု လား တနင်္လာနှင့် ဗုဒ္ဓဟူး မိတ်ဖက်သင့်သည်

ဆွေ သား အင်္ဂါနှင့် သောကြာ မိတ်ဂြိုလ်သင့်သည်

နောင် ရင်း စနေနှင့် ရာဟု မိတ်ဂြိုလ်သင့်သည်

 

 

ကမ္ဘာ့ရန်

 

ဦးညို ခေမာ သုတ ဝေရီ

ဦး-ညို တနင်္ဂနွေနှင့် အင်္ဂါ ကမ္ဘာ့ရန်

ခေ-မာ တနင်္လာနှင့် ကြာသပတေး ကမ္ဘာ့ရန်

သု-တ သောကြာနှင့် စနေ ကမ္ဘာ့ရန်

ဝေ-ရီ ဗုဒ္ဓဟူးနှင့် ရာဟု ကမ္ဘာ့ရန်

 

 

ခုနှစ်နံနှင့် အုပ်စိုးသည့် သတ္တုရတနာများ

 

တနင်္ဂနွေ – ကြေးနီ

တနင်္လာ – ပတ္တမြား

အင်္ဂါ – ရွှေ

ဗုဒ္ဓဟူုး – ကျောက်သံပတ္တမြား

ကြာသပတေး -ငွေ

သောကြာ-ပုလဲ

စနေ-သံ

 

 

ရက်ရာဇာ ရွေးနည်း

 

တန်ခူး သာလှ – တန်းခူးလမှာ သောကြာ- ဗုဒ္ဓဟူး

ထွန်းပ ကဆုန် – ကဆုန်လမှာ စနေ – ကြာသပတေး

နယုန်ညွန့်စ – နယုန်လမှာ အင်္ဂါ

အောင်လှဝါဆို – ၀ါဆိုလတွင် တနင်္ဂနွေ- ဗုဒ္ဓဟူး

သာလိုဝါခေါင် – ၀ါခေါင်လတွင် ဗုဒ္ဓဟူး-သောကြာ

မြတောင် တော်သလင်း -တော်သလင်းလတွင် ကြာသပတေး-စနေ

သီတင်းကျွတ် ဆီ – သီတင်းကျွတ်လတွင် အင်္ဂါ

သောရီ တန်ဆောင်မုန်း – တန်ဆောင်မုန်းလတွင် သောကြာ -ရာဟု ချမ်းတုန် နတ်တော် – နတ်တော်လတွင် တနင်္လာ – စနေ

မိနော်ပြာသို ပြာသိုလတွင် ကြာသပတေး-စနေ

မိညိုတပို့တွဲ တပို့တွဲလတွင် -အင်္ဂါ – ကြာသပတေး

ထဲဝင်တပေါင်း တပေါင်းလတွင် စနေ – ဗုဒ္ဓဟူး

ဆောင်တိုင်းအောင်မည့် ရက်ကောင်းရာဇာဖြစ်ပေသည်။

 

 

ပြဿဒါးရက်ရွေးနည်း

 

တန်ခူးဝါခေါင် ၊ တိမ်တောင်ထွန်းပေါ် လနတ်တော် မေလျာ မြွေနဲ့ကြွက် (စနေ ၊ ကြာသပတေး)

ကဆုန် တော်သလင်း ပြာသိုတွင်း စွယ်ရင်းဖြူစင် ပူးနှင့်ဆင် (သောကြာ ၊ ဗုဒ္ဓဟူး)

နယုန် ၀ါကျွတ် နှင်းစွတ်စိုရွှဲ တပို့တွဲ၊ ပျံဝဲတောင်ဟုန် ကျား ဂဠုန် (တနင်္လာ ၊ တနင်္ဂနွေ)

ဝါဆို တန်ဆောင်မုန်း ပူတုန်ချမ်းပြောင်း လတပေါင်း မကောင်းတဲ့နေ့ ဟိုင်းခြင်္သေ့ (ဟိုင်း= ရာဟု ၊ ခြင်္သေ့ = အင်္ဂါ) မကောင်းနေ့များ ပြဿဒါး မုချရှောင်ကာသွား

 

 

ဂြိုလ်နေ ဂြိုလ်သက်များ

 

တနင်္ဂနွေ ဂြိုလ်သက် – ၆နှစ်

တနင်္လာ ဂြိုလ်သက် – ၁၅ နှစ်

အင်္ဂါ ဂြိုလ်သက် – ၈ နှစ်

ဗုဒ္ဓဟူး ဂြိုလ်သက် – ၁၇ နှစ်

ကြာသပတေး ဂြိုလ်သက် – ၁၉နှစ်

သောကြာ ဂြိုလ်သက် – ၂၁ နှစ်

စနေ ဂြိုလ်သက်- ၁၀ နှစ်

ရာဟုဂြိုလ် – ၁၂ နှစ်

အဲဒီ့ဂြိုလ်တွေအားလုံးပေါင်းလိုက်ရင် ၁၀၈ ရတယ် ၁၀၈ န၀င်းလို့ခေါ်ကြလေသည်။

 

 

Credit;Original Writer

Read times Last modified on Friday, 28 December 2018 10:41
Rate this item
(1 Vote)