ချစ်သူလိုတစ်မျိုး မိခင်လိုတစ်မျိုးချစ်နိုင်တဲ့မိန်းကလေးတွေဆိုတာ

ချစ်သူလိုတစ်မျိုး မိခင်လိုတစ်မျိုးချစ်နိုင်တဲ့မိန်းကလေးတွေဆိုတာ google.com

မိန်းကလေးတွေဟာမွေးရာပါဗီဇအရ မိခင်စိတ်ရှိကြပါတယ်။ စိတ်နှလုံးနူးညံ့ကြသလို သနားလွယ်တတ်ပြီး

အနစ်နာလည်းခံတတ်ကြတဲ့သူတွေပါ။ ချစ်သူလိုသာမက မိခင်တစ်ယောက်လိုပါ ဂရုစိုက်ပြီး ချစ်ပေးနိုင်တဲ့မိန်းကလေးမျိုးကို ချစ်သူရည်းစားတော်ထားရတဲ့ကောင်လေးတွေကတော့ ဒီကမ္ဘာပေါ်မှာကံအကောင်းဆုံးလို့တောင်ပြောလို့ရပါတယ်။ ချစ်သူလိုတစ်မျိုး မိခင်လိုတစ်မျိုးချစ်ပေးနိုင်တဲ့မိန်းကလေးတွေဟာ ဒီလိုအချက်အလက်တွေနဲ့လည်းပြည့်စုံနေပါသေးတယ်တဲ့။

 

အမြဲတမ်းစိတ်ပူပေးတယ်

ကိုယ့်ကိုမိခင်လိုအချစ်မျိုးပါပေးနိုင်တဲ့ချစ်သူဆိုတာ ကိုယ့်အတွက် အချိန်ပြည့်စိတ်ပူပေးပြီး ဘယ်နေရာပဲရောက်နေနေအမြဲတမ်းဆက်သွယ်နေတတ်ကြတဲ့သူမျိုးပါ။ အနီးအနားမှာအတူမရှိနေတဲ့အချိန်မျိုးမှာ ဖုန်းဆက်ပြီးသတင်းမေးတတ်သလို ဖုန်းမကိုင်တဲ့အခါကျရင်လည်း နေမထိထိုင်မသာဖြစ်ပြီး တစ်ခုခုများဖြစ်နေပြီလား၊ အဆင်မှပြေရဲ့လားဆိုတာမျိုးကိုတစ်ချိန်လုံးစိတ်ပူပေးနေတတ်တဲ့ကောင်မလေးတွေပါ။

 

နွေးနွေးထွေးထွေးဆက်ဆံတယ်

သူ့အနားမှာရှိနေတဲ့အချိန်မျိုးမှာ နွေးထွေးမှုကိုခံစားရတယ်။ တစ်ခါတစ်လေကိုယ့်အတွက် အပင်ပန်းခံပြီးချက်ပြုတ်ကျွေးတတ်တယ်၊ ကောင်းစေချင်တဲ့စိတ်နဲ့ ပြောဆိုဆုံးမတတ်တယ်၊ ကိုယ့်ရဲ့ဝေယျာဝိစ္စတွေကိုပါကူပြီး ပြုလုပ်ပေးတတ်တယ် စတဲ့အပြုအမူတွေဟာ ကိုယ့်ကိုမိခင်တစ်ယောက်သဖွယ် နွေးထွေးတဲ့အချစ်မျိုးပေးနိုင်တဲ့မိန်းကလေးတွေရဲ့လုပ်ရပ်တွေပါ။

 

how to hug a guy

 

ဂရုစိုက်တယ်

သင်စိတ်ထိခိုက်စရာရှိလို့ ၀မ်းနည်းနေလို့ပဲဖြစ်ဖြစ်၊ နေမကောင်းနေတဲ့အချိန်ုပဲဖြစ်ဖြစ် အချိန်ပြည့်သင့်ကိုဂရုစိုက်ပေးတတ်တဲ့ချစ်သူမျိုးပါ။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကို ဂရုစိုက်ပြီးဆက်ဆံပေးရုံသာမက ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကိုပါ အမြဲတမ်းဂရုစိုက်ပြီး ပြီးပြည့်စုံအောင်ဖြည့်ဆည်းပေးနိုင်တဲ့ မိန်းကလေးမျိုးတွေဖြစ်ပါတယ်။ သင့်ရဲ့မွေးနေ့၊ နှစ်ပတ်လည်နေ့တွေကို အမြဲတမ်းသတိရနေတတ်တဲ့ သင့်ကိုအရမ်းချစ်တဲ့ မိန်းကလေးမျိုးလည်းဖြစ်ပါတယ်။

 

သင့်ရဲ့အကျင့်ဆိုးတွေကိုပြုပြင်ပေးတယ်

လူတိုင်းကတော့ မကောင်းတဲ့အကျင့်စရိုက်တွေရှိတတ်ကြပါတယ်။ ဒီလိုအကျင့်ဆိုးတွေ၊ အားနည်းချက်တွေကို အပြစ်မမြင်ဘဲ ပြောဆိုဆုံးမပြီး ကောင်းမွန်တဲ့လူနေမှုပုံစံကိုရရှိလာအောင် သွန်သင်ပေးတတ်တာလည်း သင့်ကိုမိခင်အချစ်ပေးနိုင်တဲ့ ချစ်သူကောင်မလေးမျိုးပဲဖြစ်ပါတယ်။

 

သင်ရှိနေရင်ဘာမှမလိုတော့ဘူး

သင်နဲ့အတူတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ဘ၀မျိုးကို ထူထောင်ချင်တာ ဒီလိုကောင်မလေးတွေရဲ့အကြီးမားဆုံး ဆန္ဒပါ။ သူတို့ရဲ့ဘ၀မှာ အလိုချင်အတောင့်တဆုံး ဆုလာဘ်ကတော့ သင်ပါပဲ။ သင့်အတွက်ဆိုရင် အရာအားလုံးကိုစွန့်လွှတ်ရဲတဲ့စိတ်ဓာတ်ရှိတဲ့ မိန်းကလေးမျိုးဟာလည်း သင့်ကိုမိခင်လိုအချစ်မျိုးပေးနိုင်တဲ့မိန်းကလေးရဲ့ကောင်းမွန်တဲ့အကျင့်စရိုက်တစ်ခုပါပဲ။

 

Read More: အလိုက်သိတဲ့ချစ်သူမျိုးဖြစ်ဖို့
couple on vacation enjoying view of the city 600x400

 

Source – Thit Sar

Read times Last modified on Wednesday, 19 September 2018 10:52
Rate this item
(1 Vote)