အရပ်ပိုရှည်တဲ့ ခင်ပွန်းတွေဟာ အိမ်ထောင်ရေး သာယာပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့သူတွေပါ

အရပ်ပိုရှည်တဲ့ ခင်ပွန်းတွေဟာ အိမ်ထောင်ရေး သာယာပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့သူတွေပါ google

ဂျပုလေးတွေ ဂျပုလေးတွေလို့ ခေါ်ခံရလို့ စိတ်ညစ်နေတဲ့ မမတွေ၊ ညီမလေးတွေရှိရင် ဒီအချိန်ဟာ ယူတို့တွေ အောင်ပွဲခံရမယ့်အချိန်ပါပဲ။

 

 

လေ့လာမှုတွေအရ အရပ်ပုတဲ့ အမျိုးသမီးအိမ်ထောင်ဖက်တွေကို ပိုင်ဆိုင်ခွင့်ရတဲ့ အမျိုးသားတွေဟာ တခြားအမျိုးသားတွေထက် ပိုမိုပျော်ရွှင်တာကို တွေ့ရပါတယ်။

 

သုတေသီတွေက အမျိုးသမီး ၇,၈၅၀ ဆီကနေ စစ်တမ်းတွေ ကောက်ပြီးတဲ့အခါ နိဂုံးချုပ်ရလဒ်အနေနဲ့ အရပ်ရှည်တဲ့ အမျိုးသားတွေနဲ့ လက်တွဲခွင့်ရတဲ့ အမျိုးသမီးတွေဟာလည်း ပိုမိုပျော်ရွှင်တယ်လို့ ဖြေကြားခဲ့တာကို တွေ့ရှိရပါတယ်။ ထိုအမျိုးသမီးတွေကိုပဲ အရည်ရှည်တဲ့ အမျိုးသားတွေကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲလို့ မေးတဲ့အခါ ထူးထူးခြားခြား အကြောင်းပြချက်မရှိခဲ့ပေမယ့် အများစုကတော့ အရည်ရှည်ခြင်းက ဆွဲဆောင်မှုတစ်ခုဖြစ်တယ်လို့ ဝန်ခံခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ ထပ်လောင်းပြောကြားခဲ့တာကတော့ အရပ်ရှည်တဲ့ ယောကျာ်းတွေဟာ သန်မာကြံ့ခိုင်ပြီး တစ်ခုခုဆို ရဲရဲရင့်ရင့်ရှေ့ကနေ ကာကွယ်ပေးနိုင်တယ်လို့ ထင်တဲ့အတွက်ကြောင့် ရွေးချယ်ဖြစ်ခဲ့တာလို့ ပြောပါတယ်။

 

ဒီလိုဖြေကြားချက်တွေကြောင့် University Of North Texas က သုတေသနပြုလုပ်သူ Ellen Rossetti နဲ့ Rice University က David Ruth တို့က အရပ်ရှည်ခြင်းနဲ့ ကာကွယ်နိုင်ခြင်းဟာ ဆက်စပ်မှုရှိမရှိ လေ့လာမှုတွေ ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေ အရပ်ပိုရှည်ခြင်းက ကာကွယ်စောင့်ရှောက်နိုင်ခြေ ပိုများတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ အရပ်ရှည်တဲ့လူတွေဟာ ကာကွယ်စောင့်ရှောက်တတ်ရုံတင်မကဘဲ ဥာဏ်ပိုကောင်းတာကိုလည်း United Kingdom က သုတေသနပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရှေးခေတ်အစဉ်အဆက်က ဘိုးဘေဘီဘင်တွေကို ကြည့်ရင်လည်း အရပ်ရှည်တဲ့သူတွေဟာ သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုကောင်းမွန်အောင်နဲ့ ကျေပွန်အောင် ဆောင်ရွက်နိုင်ကြတာကို တွေ့ရပါတယ်။

 

ဘယ်လိုပဲ သုတေသနရလဒ်တွေ အများကြီး ရှာဖွေတွေ့ရှိထားတယ် ဆိုပါစေဦး ယနေ့ခေတ်မှာတော့ ရှေးတုန်းကနဲ့မတူဘဲ အမျိုးသားနဲ့ အမျိုးသမီးတွေကြား တာဝန်ယူမှုတွေတောင် ပြောင်းလဲနေကြပြီး ဖြစ်လို့ ရွေးချယ်မှုကိုတော့ သုတေသနရလဒ်တွေအပေါ် အခြေခံပြီးပဲ မလုပ်ဖို့ အကြံပြုပါရစေ။ ယနေ့ခေတ်ကြီးမှာ အရင်ခေတ်ကလို အမျိုးသမီးတွေဟာ အိမ်မှာထိုင်ပြီး အိမ်မှုကိစ္စတွေပဲ မလုပ်ကြတော့သလို အမျိုးသားတွေကလည်း အပြင်အလုပ်ကိုပဲ အာရုံစိုက်လုပ်ကာ အိမ်မှုကိစ္စတွေ မကူညီတော့တဲ့ ခေတ်မျိုး မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ရရှိပိုင်ဆိုင်နိုင်ဖို့ အမျိုးသားတွေအနေနဲ့ အရပ်ပုတဲ့ အိမ်ထောင်ဖက်ကို ရှာဖွေနေလို့ချည်းပဲ မရသလို အမျိုးသမီးတွေအနေနဲ့လည်း အရပ်ရှည်တဲ့ ခင်ပွန်းလောင်းကိုပဲ ရှာဖွေနေတာထက် ကိုယ်ကို နားလည်မှု ပေးနိုင်ပြီး ကိုယ့်ကိုအပြည့်အဝစောင့်ရှောက်ပေးနိုင်တဲ့သူ၊ မိသားစုကို ခင်တွယ်တဲ့သူမျိုးကို ရွေးချယ်တာကတော့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက် ဖြစ်စေမှာ သေချာပါတယ်။

 

 

Credit;Akhayar

Read times Last modified on Thursday, 27 December 2018 09:47
Rate this item
(1 Vote)