ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ နေ့နံကိုက်လား စစ်ရအောင်

ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ နေ့နံကိုက်လား စစ်ရအောင် google.com

အိမ်ထောင်ပြုတယ်ဆိုတာ သူစိမ်းနှစ်ဦးပေါင်းစပ်တာပါ။ ဒီတော့ အဆင်ပြေတာတွေရှိသလို တစ်ခါတစ်လေပြဿနာတွေလည်းရှိတတ်ကြပါတယ်။ နားလည်မှုက အဓိကဆိုပေမဲ့ မြန်မာအယူအဆအရ နေ့နံတွေမတည့်လို့ အိမ် ထောင်ရေးအဆင်မပြေတာဆိုတဲ့ အယူအဆတွေလည်းရှိကြပါတယ်။

ဒါကြောင့် အိမ်ထောင်မပြုခင်လူတွေအတွက် ကိုယ်ရဲ့ နေ့နံဟာ ချစ်သူနဲ့ အဆင်ပြေပါ့မလား?

ဗေဒင်သဘောတရားအရ မိတ်ဘက်တွေဖြစ်ရဲ့လားဆိုတာကို ဗေဒင်သွားမေးစရာမလိုအောင် အောက်မှာဖတ်ကြည့်လိုက်ပါဦး။ တကယ်လို့ ကိုယ်ရဲ့ချစ်သူ၊အိမ်ထောင်ဖက်ဟာ မိတ်ဘက်တွေထဲမှာမပါရင်လည်း စိတ်ဓာတ်မကျပါနဲ့။ တကယ်တော့အချစ်စစ်နဲ့ နားလည်မှုသာအဓိကပါ။

တနင်္ဂနွေ-သောကြာ၊ အဂါင်္-ကြာသပတေး၊ ဗုဒ္ဓဟူး-စနေ၊တနင်္လာ-ရာဟုအတွဲတွေဟာနေ့နံကိုက်တဲ့ အိမ်ထောင်ဖက်တွေဖြစ်ကြပါတယ်။

နောက်တစ်ခုကတော့ အိမ်ထောင်ရေးမိတ်ဘက်နေ့နံအတွဲတွေပါ။ ဒီအတွဲတွေဟာလည်း အိမ်ထောင်ရေးဇာတာကောင်းကြပါတယ်။

တနင်္ဂနွေ – ကြာသပတေး

တနင်္လာ-ဗုဒ္ဓဟူး

အဂါင်္-သောကြာ

စနေ-ရာဟုနေ့နံအတွဲတွေပါ။

ဒီအတွဲတွေထဲမှာမပါရင်လည်း စိတ်မပျက်ပါနဲ့ဦး။ အိမ်ထောင်ဓာတ်ဘက်ဆိုတဲ့အတွဲတွေရှိပါတယ်။ ဒီနေ့နံအတွဲတွေဟာလည်း အိမ်ထောင်ရေးကံကောင်းလေ့ရှိပါတယ်။ အဲ့ဒီနေ့နံတွေကတော့————–

တနင်္ဂနွေ – စနေ

တနင်္လာ – ကြာသပတေး

အင်္ဂါ – ရာဟု

ဗုဒ္ဓဟူး – သောကြာနေ့နံတွေပါ။

ကဲဒီတို့ ကိုယ်တွေအတွဲဟာ ဒီနေ့နံတွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ မြန်မြန်သာ အိမ်ထောင်ပြုလိုက်ကြပါတော့။ ဒီအတွဲတွေထဲမှာ မပါတဲ့သူတွေကလည်း စိတ်ဓာတ်ကျစရာမလိုဘူးနော်။ ချမ်းချမ်းဆိုသလိုပေါ့ တကယ်ဆိုရင် အချစ်ပဲလိုတာပါ။


Credit: cantwait2say

Read times Last modified on Wednesday, 19 September 2018 10:32
Rate this item
(2 votes)