အမှန်တကယ်ချစ်တဲ့ စုံတွဲတိုင်း လိုက်​နာရမည့်​ အချက်များ - ၂

အမှန်တကယ်ချစ်တဲ့ စုံတွဲတိုင်း လိုက်​နာရမည့်​ အချက်များ - ၂ google.com

ကိုယ်ချစ်သူထားမည်ဆိုပါက ကိုယ့်အပေါ် တကယ်နှစ်နှစ်ကာကာချစ်ပြီး ဘယ်အရာပဲဖြစ်ဖြစ်

ကိုယ့်အတွက်ချည်းပဲဖြစ်နေရင်တော့ ကိုယ့်အတွက် ပိုကောင်းတာပေါ့။

 

ကိုယ် သူ့ကို အမှန်တကယ်ချစ်ပြီဆိုရင်တော့ အောက်ပါအချက်တွေကို လိုက်နာရပါမယ်။

 

တစ်ယောက်ကိုတစ်ယောက် အလေးအနက်ထားပါ

 

တစ်ယောက်နှင့် တစ်ယောက် အရိုအသေပေးခြင်းက ချစ်သူနှစ်ဦးကြားမှာရှိတဲ့ ချစ်ခင်မှုကို တိုးတက်စေနိုင်ပါတယ်။

 

တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် အရိုအသေမရှိခြင်းက ဘယ်ဆက်ဆံရေးမှ ရေရှည်တည်မြဲမှာ မဟုတ်ပါဘူး။

 

တစ်ဖက်တည်းကြည့်တဲ့ ဆက်ဆံရေးနဲ့တော့ အချစ်ဆိုတာ တည်မြဲဖို့ ဦးတည်ချက် မရှိပါဘူး။

 

တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပါ

 

တစ်ယောက်နှင့်တစ်ယောက် မည်သို့ပင် အလုပ်မအားလပ်နေပါစေ ကိုယ်တကယ်ချစ်တဲ့ ချစ်သူ အတွက်ဆိုရင် တော့ အချိန်အနည်းငယ်လောက်တော့ပေးပြီး ဂရုစိုက်သင့်ပါတယ်။

 

တစ်ရက်လုံးအချိန်ပြည့်ပေးဖို့မလိုသလို၊ တစ်ရက်မှာ နာရီပိုင်းလောက် အချိန်ပေးနေဖို့လည်း မလိုအပ်ပါဘူး။

 

တစ်ရက်မှာ မိနစ်ပိုင်းတောင် အချိန်မအားဘူးဆိုရင်လည်း စက္ကန့်ပိုင်းလောက်တော့ အချိန်ပေးပြီး ဂရုစိုက်ပေးလိုက်ပါ။ ကိုယ့်ကို သူတကယ်ချစ်တဲ့အတွက်ကြောင့် သူလည်းပဲ နားလည်မူရှိမှာ သေချာပါတယ်။

 

သူအံ့အားသင့်စေမယ့်အရာ ပြုလုပ်ပေးပါ

 

ကိုယ်ချစ်တဲ့သူကို တန်ဖိုးရှိတဲ့လက်ဆောင်ပစ္စည်းတွေ ပေးမှ အံ့အားသင့်စေမှာမဟုတ်ပါဘူး။

 

သူ့မွေးနေ့တို့ နှစ်ဦးစတွေ့တဲ့နေ့၊ အဖြေပေးတဲ့နေ့တွေကို မှတ်မိနေရင်လည်း သူ့အတွက် အံ့အားသင့်စေမှာဖြစ်ပါတယ်။




Read times Last modified on Wednesday, 19 September 2018 16:37
Rate this item
(4 votes)