ဘာကြောင့် ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းကြတာလဲ

ဘာကြောင့် ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းကြတာလဲ google.com

ယနေ့ခေတ် မြန်မာပြည်တွင် အဲဒီလိုမျိုး အပြုအမူမျိုး သိပ်မရှိကြပေမယ့်

နောက်ဆို ရှိရင် ရှိလာမှာပဲလေ။ အနောက်နိုင်ငံမှာဆိုရင် ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းတာကို မြင်ဖူးကြပါလိမ့်မယ်။

 

အမျိုးသားက အမျိုးသမီးရှေ့မှာ ဒူးတစ်ဖက်ကိုထောက်ထားပြီး လက်စွပ်ကိုကိုင်ကာ လက်ထပ်မလားလို့ ချစ်သူကို မေးတာမျိုးဟာ မြင်ရသူအဖို့ ရင်သပ်ရှုမော စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။

 

ဘာဖြစ်လို့ အဲဒီလို ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းရတာလဲဆိုတာ သိပါသလား။

 

မိန်းကလေးရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး လက်ထပ်ခွင့်တောင်းခြင်းဟာ ကောင်မလေးအား လေးစားသမှုကို ပြသတာဖြစ်တယ်လို့ သိရပါတယ်။

 

တချို့အမျိုးသားတွေကတော့ ကောင်မလေးရဲ့မိဘထံကနေ ကောင်းချီးပေးမှုကို အရင်တောင်းခံပြီးမှ ကောင်မလေးကို လက်ထပ်ခွင့်တောင်းတာလည်း ရှိကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:43
Rate this item
(1 Vote)