ယောကျာ်းလေးတွေ အသည်းကွဲရင်ဘာတွေလုပ်တတ်ကြလဲ

ယောကျာ်းလေးတွေ အသည်းကွဲရင်ဘာတွေလုပ်တတ်ကြလဲ google.com

ရည်းစားနဲ့ပြတ်သွားလို့ အသည်းကွဲနေတဲ့အခါ ယောကျာ်းလေးဘက်ကရော၊ မိန်းကလေးဘက်ကရော ခံစားကြရတာပါပဲ။

ဒါပေမယ့် မိန်းကလေးတွေက စစချင်းမှာငိုမယ်၊ သူငယ်ချင်းတွေကိုရင်ဖွင့်မယ်၊ မစားနိုင်မသောက်နိုင်ဖြစ်မယ်၊ အဲ့ဒီလိုတွေခံစားတတ်ကြပြီး ယောကျာ်းလေးတွေကတော့အဲ့ဒီလိုမဟုတ်ပါဘူး။ ယောကျာ်းလေးတွေအမှန်အကန်အသည်းကွဲတဲ့အချိန်ကို ဒီလိုမျိုးဖြတ်ကျော်ကြတတ်ကြပါတယ်။

 

အရက်အလွန်အကျွံသောက်တယ်

ယောကျာ်းလေးတွေအသည်းကွဲတဲ့အခါ ဘော်ဒါတွေလိုက်စုပြီး အရက်တွေအလွန်အကျွံသောက်တတ်ကြပါတယ်။ လူစုံရင်သောက်တယ်၊ လူမစုံရင်လူစုံအောင် လိုက်စုတယ်ဆိုတာမျိုးဖြစ်နေတတ်ပါတယ်။

 

နောက်တစ်ယောက်ချက်ချင်းရှာတယ်

ယောကျာ်းလေးတွေကလက်ရှိချစ်သူနဲ့ပြတ်သွားတဲ့အခါ နောက်တစ်ယောက်ကို အစားထိုးလိုက်ရင်အဆင်ပြေသွားမယ်လို့ထင်ပြီး အသစ်တစ်ယောက်ချက်ချင်းရှာတတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒါကအခြေအနေကို ပိုဆိုးစေတယ်ဆိုတာ နောက်မှသိတာမျိုးပါ။

 

အသည်းကွဲသီချင်းတွေနားထောင်တယ်

အသည်းကွဲတဲ့အချိန်မှာကိုယ့်ခံစားချက်နဲ့တိုက်ဆိုင်တဲ့သီချင်းတွေကို နားထောင်ပြီး မဆုံးနိုင်အောင်ကြေကွဲတတ်ကြပါတယ်။ တကယ်တော့ ဒါဟာလည်းအသည်းကွဲဝေဒနာကိုပိုဆိုးစေပြီးပိုရှည်ကြာစေပါတယ်။

 

ပြတ်သွားတဲ့ရည်းစားနဲ့ပတ်သက်လို့အလွန်အမင်းမနာလိုတွေဖြစ်တယ်

စစချင်းမှာ ဒီ Relationship ပြတ်သွားတာ သူတို့အတွက်ဘာမှမဖြစ်သလိုပါပဲ။ ဒါပေမယ့်ရက်အနည်းငယ်ကြာလာတဲ့အခါမှာတော့ ပြတ်သွားတဲ့ရည်းစားဟောင်းနဲ့ပတ်သက်တဲ့အရာရာကို ကြည့်ပြီး သူပျော်နေလား၊ တခြားတစ်ယောက်သူ့ဘေးမှာရှိနေလားဆိုပြီးသိချင်နေတဲ့အပြင် သူနဲ့ပတ်သက်တဲ့အရာရာကိုမနာလိုတွေဖြစ်နေပါတော့တယ်။

 

ငိုတယ်

အသည်းကွဲရင် ယောက်ျားလေးတွေလည်းငိုကြပါတယ်။ ဒါပေမယ့် သူတို့တွေကသူငယ်ချင်းတွေကို ရင်ဖွင့်ပြီးငိုတာမျိုးမဟုတ်ဘဲ တစ်ယောက်တည်းရှိတဲ့အချိန်မှတိတ်တိတ်လေးငိုကြတာမျိုးပါ။

 

 

Source : Auntymay

Myanmar Wedding Guide

Read times Last modified on Friday, 08 March 2019 12:02
Rate this item
(1 Vote)