ကိုယ်ချစ်ရတဲ့သူကိုယ့်ကို အမြဲအမှတ်ရနေစေဖို့ ဘယ်လိုလက်ဆောင်လေးတွေပေးကြမလဲ?

ကိုယ်ချစ်ရတဲ့သူကိုယ့်ကို အမြဲအမှတ်ရနေစေဖို့ ဘယ်လိုလက်ဆောင်လေးတွေပေးကြမလဲ? Google

တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်ပေးတတ်တဲ့ အလေ့အကျင့်လေးက အရမ်းကို ချစ်စရာကောင်းတဲ့ အလေ့အထလေးတစ်ခုပါ။

 

ခရီးကပြန်လာရင် ကိုယ်ချစ်ခင်ရသူတွေအတွက် လက်ဆောင်လေးတွေ ဝယ်လာတတ်တာ၊ ချစ်ခင်ရသူတွေရဲ့ မွေးနေ့တွေမှာ အမှတ်တရလက်ဆောင်လေးတွေ ပေးတတ်တာက တကယ့်ကို ကြည်နူးစရာ ကောင်းပါတယ်။ ဒါဟာ လက်ဆောင်ရဲ့ တန်ဖိုးတွေနဲ့ မသက်ဆိုင်ပဲ နွေးထွေးချစ်ခင်မှုကို ဖော်ပြတတ်ကြတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ချစ်ရတဲ့ သူတွေကို ဘယ်တော့မှ မမေ့နိုင်မယ့် ဒီလို လက်ဆောင်လေးတွေ ပေးလို့ရပါတယ်နော်။

 

ဝါသနာနဲ့ ဆိုင်တဲ့ ပစ္စည်းလေးတွေ

ကိုယ်ရင်းနှီးတဲ့ သူကို ဘယ်လိုလက်ဆောင် ပေးရမှန်း မသိဘူးဆိုရင်တော့ သူ့ဝါသနာနဲ့ ကိုက်ညီတဲ့ လက်ဆောင်မျိုးလေးကို ပေးလို့ရပါတယ်။ ဥပမာ- သူက ဂီတကို နှစ်သက်တဲ့ သူတစ်ယောက်ဆိုရင်တော့ သူ့ကို ဂီတာလေး လက်ဆောင်ပေးလို့ရပါတယ် ဒါမှမဟုတ် သူက စာဖတ်ရတာကြိုက်တဲ့ သူဆို စာအုပ်၊ အပင်လေးတွေ ချစ်တဲ့သူဆို အပင်လေးတွေ စသဖြင့် သူချစ်မြတ်နိုးတဲ့ အရာလေးတွေကို ပေးတာက အမြဲ အမှတ်တရ ဖြစ်နေစေမှာပါ။

 

သူ့နာမည်နဲ့ အလှူအဒါန်းလုပ်ပေးတာ

တကယ်လို့ ဘာပစ္စည်းမှလည်း မရွေးချင်ဘူး သူ့အတွက်လည်း အဓိပ္ပါယ်ရှိစေချင်တယ်ဆိုရင်တော့ ကိုယ်လက်ဆောင်ပေးချင်တဲ့သူရဲ့ နာမည်နဲ့ အလှူအဒါန်းလေး လုပ်ပေးလိုက်တာက တကယ့်ကို ပြီးပြည့်စုံတဲ့ လက်ဆောင်လေးပါပဲ။ သူလည်း ဝမ်းသာပီတိဖြစ်စေသလို ကောင်းမှုကုသိုလ်လက်ဆောင်လေးက သူ့အတွက် ထူးခြားနေမှာ အမှန်ပါနော်။

 

DIY လက်ဆောင်
လက်ဆောင်ဆိုတာ တန်ဖိုးတွေ ကြီးမားနေမှ မဟုတ်ပဲ တကယ့်ကို စေတနာကို အရင်းခံထားတဲ့ အရာလေးဖြစ်လို့ ကိုယ်တိုင်လုပ်ထားတဲ့ DIY လက်ဆောင်လေးတွေလည်း ပေးလို့ရပါတယ်။ ကမ္ဘာပေါ်မှာ နှစ်ခုမရှိနိုင်တဲ့ ကိုယ်တိုင်လုပ်ထားတဲ့ ဒီလက်ဆောင်လေးကလည်း အရမ်းကို အဓိပ္ပါယ်ရှိတဲ့ လက်ဆောင်လေး ဖြစ်သလို အမြဲ အမှတ်ရနေစေမှာ ဖြစ်ပါတယ်။

 

အမှတ်တရတွေကို လက်ဆောင်ပေးပါ

ဒါကတော့ ကိုယ်နဲ့အတူ အချိန်တွေအကြာကြီး ရင်းနှီးချစ်ခင်လာတဲ့ သူမျိုးကို ပေးလို့ကောင်းတဲ့ လက်ဆောင်မျိုးပါ။ ဥပမာ – ကိုယ်နဲ့ ငယ်ငယ်ကတည်းက ခင်မင်လာခဲ့တဲ့ သူငယ်ချင်း ဒါမှမဟုတ် ကိုယ်နဲ့ အချိန်အကြာကြီး ချစ်ခင်လာခဲ့တဲ့ သူတစ်ယောက်ယောက်ပေါ့။ သူ့ရဲ့ ငယ်ဘဝအမှတ်တရလေးတွေ၊ ဓာတ်ပုံလေးတွေ၊ သူ့အကြောင်းလေးတွေကို စုဆောင်းပြီး လက်ဆောင်ပေးခြင်းပါ။ အရမ်းကို ထူးခြားတဲ့ လက်ဆောင်ဖြစ်သလို အရမ်းကို အဓိပ္ပါယ်ပြည့်စုံတဲ့ လက်ဆောင်လေးဖြစ်လို့ အမြဲတမ်း အမှတ်ရနေစေမယ့် လက်ဆောင်မျိုး ဖြစ်ပါတယ်။

 

 

Ref: Aunty May

Read times Last modified on Friday, 23 October 2020 18:08
Rate this item
(0 votes)