အချစ်စစ်နဲ့ချစ်၊မချစ်ဆန်းစစ်နည်း

အချစ်စစ်နဲ့ချစ်၊မချစ်ဆန်းစစ်နည်း google

ကိုယ့်ဘေးမှာ ရှိနေတဲ့ ချစ်သူလေးကို တကယ်ပဲ ချစ်တာလား။ ကိုယ့်ချစ်သူလေးကရော ကိုယ့်ကို တကယ် ပြန်ချစ်နေတာလား။

 

အခြေအနေ အချိန်အခါနဲ့ လိုက်ပြီး ပြောင်းလဲသွားတဲ့ အချစ်နဲ့ ချစ်တာလား။ဘယ်အရာမှ ကြားဝင် မနှောင့်ယှက်နိုင်တဲ့ချစ်ခြင်းမျိုးနဲ့

 

ချစ်တာလား ဆိုတာကို ဆန်းစစ်နိုင်အောင် Myanmar Wedding Guide က ပြောပြပေးလိုက်ရပါတယ်နော်။

အချစ်စစ်လား မစစ်ဘူးလား ဆိုတာကိုတော့ အဆင်ပြေနေတဲ့အချိန်တွေမှာ အေးချမ်းနေတဲ့ အချိန်တွေမှာ

 

တော်တန်ရုံ တိုင်းတာလို့ မရသလို ခံစားလို့လည်း မရနိုင်ပါဘူး။ အဆင်မပြေမှုတွေ တွေ့ကြုံရတဲ့အချိန်မှ သိနိုင်တာမျိုးပါ။

 

ပူပန် သောကတွေနဲ့ ကင်းတဲ့ လူဆိုတာလည်းမရှိပါဘူးနော်။တကယ်လို့ ကိုယ်ချစ်ရတဲ့သူမှာ အဆင်မပြေတာ တစ်ခုခု တွေ့ကြုံရတဲ့အချိန်တိုင်း

 

ကိုယ့်အပူလိုပဲ ခံစားနေရတယ် ဆိုရင်တော့ သေချာပါတယ်။ ချစ်သူလေးကို အချစ်စစ်နဲ့ ချစ်မိသွားပါပြီ။

အချစ်စစ်နဲ့ ချစ်တဲ့ ချစ်သူတွေဆိုတာကတော့ အေးအတူ ပူအမျှဆိုတဲ့ စိတ်က အလိုလို ပေါ်ပေါက်လာပြီးသား ဖြစ်နေမှာပါ။

 

အချိန်တိုင်း အဆင်မပြေမှုတွေကို နှစ်သိမ့်ပေးဖို့ ဝမ်းနည်းတဲ့အချိန်မှာ အတူတူ ငိုပေးဖို့ ၊ ပျော်စရာတွေ တွေ့ကြုံရတဲ့အချိန်မှာ

 

အတူတူ ရယ်မောပေးဖို့ ဆိုပြီး ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ဘေးနား အချိန်တိုင်း ရှိနေချင်ပါတယ်။

 

ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ဘေးနား နေပြီး သူ့မျက်နှာက အပြုံးလေးတွေရဲ့ ပိုင်ရှင် ဖြစ်နေချင်တယ်ဆိုရင်တော့အချစ်စစ်နဲ့ချစ်မိနေတာသေချာနေပါပြီနော်။

 

အစားအသောက်ကောင်းလေးတွေဒါမှမဟုတ်သူကြိုက်တတ်တဲ့အစားလေးတွေစားရတိုင်းသတိရမိတတ်မယ်ဆိုရင်လည်းအချစ်စစ်နဲ့ချစ်တာသေချာနေပါပြီနော်။

 

Credit-Marry

 

 

 


 


 


 

cc1

 


 


 


 


 

cc4

 


 


 


 


 

cc2

 


 

Credit-Marry

 

Myanmar Wedding Guide

jjjj

Read times Last modified on Tuesday, 10 March 2020 17:21
Rate this item
(1 Vote)
Tagged under