အချစ်ရေးတစ်ခုမှာ အနိမ့်အမြင့်၊ အတက်အကျကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ဒါပေမယ့်တစ်ခါတလေ
ထိပ်တိုက်ဖြစ်လာတဲ့အခါမှာတော့ ပြဿနာတွေရှိလာပါပြီ။ ဒီလိုထိပ်တိုက်ဖြစ်လာတဲ့အချိန်တွေမှာ သင်စဉ်းစားရမှာကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ပါပဲ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေထဲက အကောင်းဆုံးနည်းလမ်းကတော့ရယ်မောလိုက်ဖို့ပါပဲ။
လူတစ်ချို့က သူတို့ကိုရယ်မောပျော်ရွှင်အောင်မလုပ်ပေးနိုင်တဲ့သူတစ်ယောက်ကိုစိတ်ရင်းနဲ့မချစ်နိုင်ပါဘူးတဲ့။ ဒါဟာလည်းအမှန်တရားတစ်ခုပါ။ အစအနောက်၊ အရယ်သန်တဲ့စုံတွဲတွေဟာ စိတ်ဖိစီးမှုကိုပိုပြီးကြံ့ကြံ့ခံနိုင်သလို၊ သူတို့ရဲ့အချစ်ရေးဟာလည်း ပိုပြီးခိုင်မြဲပါတယ်။ ဟာသတွေလုပ်ပြီး ရယ်မောနေတတ်တဲ့ စုံတွဲတွေဟာ ရန်ဖြစ်ရင်တောင် ခဏလေးနဲ့ ပြေလည်သွားကြပါတယ်။ ဒါကြောင့် သင်နဲ့ အတူတူဟာသတွေလုပ်ပြီး ရယ်မောပေးမယ့်သူမျိုးကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်သင့်ပါတယ်။
North Carolina ရဲ့ စိတ်ပိုင်းဆိုင်ရာ ပါမောက္ခ Laura Kurtz ရဲ့ သုတေသနပြုလုပ်ချက်မှာ စုံတွဲပေါင်း ၇၁ တွဲပါဝင်ခဲ့ပြီး သူတို့ဘယ်လိုဆုံတွေ့ခဲ့တယ်၊ ဘယ်လိုအမူအကျင့်တွေရှိတယ်ဆိုတာကို မေးမြန်းခဲ့ပါတယ်။ ရလဒ်ကတော့ အရမ်းချစ်ကြတဲ့ စုံတွဲတွေရဲ့တူညီတဲ့အချက်က အရယ်သန်ပြီး ပျော်ပျော်နေတတ်တဲ့အကျင့်ရှိတာပါပဲ။
ရယ်မောခြင်းဟာ စိတ်အပန်းပြေစေတယ်၊ စိတ်ငြိမ်စေတယ်၊ နောက်ပြီး ချစ်သူကိုလည်း ပျော်ရွှင်စေနိုင်ပါတယ်။ အရယ်နည်းတဲ့စုံတွဲတွေဟာ ငြီးငွေ့ပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လာတတ်သလို၊ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ယုံကြည်မှုတွေကိုလည်းလျော့နည်းစေပါတယ်။ ဒါကြောင့် အရယ်သန်တဲ့စုံတွဲတွေဟာပိုချစ်ကြသလို အချစ်ရေး၊ အိမ်ထောင်ရေးလည်းပိုမြဲကြောင်းဖော်ပြပေးလိုက်ပါတယ်။
Credit : Em Em