ကိုယ့်အချစ်ရေးက ထင်ထားသလို ဖြစ်မလာတဲ့အခါ

ကိုယ့်အချစ်ရေးက ထင်ထားသလို ဖြစ်မလာတဲ့အခါ google

အစပိုင်းမှာ အားလုံးက အရမ်းချစ်တတ်ကြတာပါပဲ။ ရင်ခုန်စိတ်လှုပ်ရှားစရာအချိန်တွေကို မိန်းကလေးတွေက အရမ်းမျှော်လင့်ပါတယ်။

 

 

အဆုံးထိတွေးထားပြီး ဘဝတစ်ခုကို သူနဲ့ဘယ်လိုတည်ဆောက်မယ်ဆိုပြီး စိတ်ကူးတွေယဉ်ဖူးကြပါတယ်။ ဒါပေမယ့် ဘဝဆိုတာလည်း ထင်ထားသလိုဖြစ်မလာသလို လူဆိုတာလည်း ပြောင်းလဲတတ်တဲ့ အမျိုးပါ။

 

ကိုယ်ကချစ်တဲ့စိတ်နဲ့ သူ့ရဲ့အကျင့်တွေကို မမြင်နိုင်ပေမယ့် ဘေးနားကကြည့်နေတဲ့ လူတွေကြတော့ သိပါတယ်။ ဘေးလူကြောင့် ပြတ်သွားရတဲ့ အတွဲတွေရှိသလို ဘေးလူကြောင့် အမြင်မှန်ရပြီး ကိုယ့်လမ်းကိုယ် ဖြောင့်ဖြူးစွာလျှောက်နေကြတဲ့ လူတွေလည်းရှိပါတယ်။ အဓိက ကိုယ့်အနားမှာရှိတဲ့လူတွေကလည်း မှန်ကန်ဖို့ လိုပါတယ်။ ကိုယ့်မနာလိုဖြစ်နေတဲ့သူဆို အချစ်ရေးပျက်စီးအောင် လုပ်မှာပါပဲ။

 

ငါ အကောင်းဆုံးချစ်ပြမယ်။ ငါအကောင်းဆုံး တည်ဆောက်ယူမယ်လို့ တွေးထားပေမယ့် ကိုယ်လက်ဆွဲခေါ်တဲ့လူက ပါမလာခဲ့ရင် ဘာမှလုပ်လို့မရပါဘူး။ ကိုယ်က ဒီလမ်းသွားမယ်ဆို သူက ဟိုလမ်းလျှောက်ချင်သူ။ ညှိလို့မရတဲ့အခါ သိပ်စိတ်ပင်ပန်းရပါတယ်။ အမြင်တွေ ၊ သဘောထားတွေမတူတော့တဲ့အခါ တစ်ယောက် ခံစားချက်ကို တစ်ယောက်နာကျင်စေပါတော့တယ်။ အဖြေရှာမရတဲ့ ပြဿနာတွေနဲ့ပဲ အဆုံးသတ်လိုက်ရတာများပါတယ်။

 

အဆိုးဆုံးက အများက၀ိုင်းပြောနေချိန် နားမထောင်ခဲ့ပဲနဲ့ ကိုယ်တိုင် ဒီအချစ်ရေးကိုတည်ဆောက်နိုင်တယ်လို့ ကြွေးကြော်ခဲ့သမျှ ကိုယ့်လူက ပါမလာတဲ့အခါ သိပ်ခံစားရပါတယ်။ ပြောချင်တာကတော့ဒီလိုဆို ရှေ့ဆက်လို့အဆင်ပြေမှာမဟုတ်ပါဘူး။ တစ်သက်လုံး စိတ်ပင်ပန်းခံပြီး မနေပါနဲ့။ ဘဝမှာ စိတ်ချမ်းသာဖို့ အရေးကြီးဆုံးပါ။ သူ့အတွက် စိတ်ဆင်းရဲနေမယ့်အစား ကိုယ့်အပေါ်အပြည့်ဝချစ်ပြီး မျက်ရည်မကျစေမယ့် လူမျိုးနဲ့ သင်ဟာထိုက်တန်ပါသေးတယ်။

 

 

Credit;Trend.com.mm

Read times Last modified on Friday, 11 January 2019 14:05
Rate this item
(0 votes)