ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခု ဖြစ်လာဖို့

ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခု ဖြစ်လာဖို့ google.com

အိမ်ထောင်တစ်ခု ဖြစ်တည်လာဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခု ဖြစ်လာဖို့ဆိုတာ ပိုလို့တောင် ခက်နိုင်ပါသေးတယ်။

 

 

မတူညီတဲ့နှစ်ဦး တူညီအောင် ပေါင်းစပ်မိမှသာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခု ဖြစ်တည်လာမှာပါ။ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခု ဖြစ်လာဖို့ ကြိုးစားဖန်တီးယူရမှာ ဖြစ်ပါတယ်။ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခု ဖြစ်လာဖို့ ဘာတွေလိုအပ်မလဲဆိုတာ ကြည့်ကြည့်ပါဦးနော်။

 

 

ယုံကြည်မှုတွေ အပျက်စီးမခံပါနဲ့

 

အိမ်ထောင်ရေး လင်မယားဆက်ဆံရေးမှ မဟုတ်ပါဘူး။ ဘယ်လိုဆက်ဆံရေးမျိုးမဆို ယုံကြည်မှုတွေရှိနေဖို့ လိုပါတယ်။ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် အလုပ်၊ ငွေကြေး၊ လူမူရေးဘယ်ကိစ္စမဆို ယုံကြည်မှု ရှိဖို့လိုပါတယ်။ လင်မယားနှစ်ယောက်စလုံးကလည်း ယုံကြည်မှုတွေကို တန်ဖိုးထားပြီး မပျက်စီးစေဖို့ ကြိုးစားရမှာပါ။ ယုံကြည်မှုဆိုတာ ဆွဲဆုပ်လိုက်လို့ တွန့်ကြေသွားတဲ့ စက္ကူတစ်ရွက်လိုပဲ ပြန်လည်ကောင်းမွန်ဖို့ ခက်ခဲပါတယ်။

 

 

ဒုတိယအကြိမ် အခွင့်အရေးပေးပါ

 

ပျော်ရွှင်တဲ့အိမ်ထောင်ရေးဖြစ်ဖို့ လင်မယားနှစ်ယောက်စလုံး နှစ်ဦးစလုံးမှာ တာဝန်ရှိပါတယ်။ ခင်ပွန်းက အမှားလုပ်မိတယ်ဆိုရင်လည်း ပြန်လည်ပြင်ဆင်ဖို့ ဒုတိယအကြိမ် အခွင့်အရေးပေးပါ။ ဇနီးကိုလည်းဒီလိုပဲ အခွင့်အရေးပေးပါ။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးရတယ်ဆိုရင် ပျော်စရာအိမ်ထောင်ရေး ဖြစ်လာမှာပါ။

 

 

ညီမျှပါစေ

 

အိမ်ထောင်ရေးတွေ အဆင်မပြေကြတဲ့အထဲမှာ တစ်ဦးနဲ့တစ်ဦး မညီမျှတာတွေကြောင့် ပါဝင်ပါတယ်။ နှစ်ဖက်စလုံး မျှမျှတတ ဖြစ်နေဖို့ အရမ်းအရေးကြီးပါတယ်။ တစ်ယောက်ကပဲ အရမ်းပင်ပန်းနေတယ်ဆိုရင် ရေရှည်မှာ အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခုကတော့ မိဘတွေကို ပြန်လည်ပြုစုစောင့်ရှောက်ခြင်းပါ။ မိဘတွေကို ပြုစုစောင့်ရှောက်တဲ့အခါမှာ နှစ်ဖက်ညီမျှပါစေ။ တစ်ဖက်ကိုပဲ ပြုစုစောင့်ရှောက်ပြီး ကျန်တဖက်ကို မကြည့်ဘူးဆိုရင် လင်မယားနှစ်ယောက် ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အိမ်ထောင်ရေးမှာ ညီမျှမှုတွေ ရှိနေပါစေ။

 

 

နားလည်ပေးပါ

 

အိမ်ထောင်ရေးတစ်ခုမှာ သူ့ဘက် ကိုယ့်ဘက် နားလည်ပေးဖို့ လိုပါတယ်။ အတိုင်းအတာတစ်ခုအထိ နားလည်ပေးဖို့ လိုပါတယ်။ တဖက်ကပဲ အမြဲတမ်း နားလည်ပေးနေရမယ်ဆိုရင်လည်း ပျော်ရွှင်တဲ့ အိမ်ထောင်ရေး မဖြစ်နိုင်ပြန်ပါဘူး။ ဒါကြောင့် အပြန်အလှန် နားလည်ပေးပါ။

 

ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်လာဖို့အတွက် လိုအပ်တဲ့အချက်တွေ အများကြီးဆိုပေမယ့် အဓိကကတော့ နားလည်မှုပါပဲ။ ဒါကြောင့် နှစ်ဦးသား နားလည်မှုတွေ တစ်နေ့ထက်တစ်နေ့ပိုပြီး တိုးပွားအောင် ကြိုးစားပါနော်။

 

 

Credit;Marry

Read times Last modified on Tuesday, 30 October 2018 14:59
Rate this item
(1 Vote)
Tagged under