ခေတ်ဆန်တဲ့ကောင်မလေးတွေကို နှစ်သက်ပေမယ့် မကြိုက်ရဲ

ခေတ်ဆန်တဲ့ကောင်မလေးတွေကို နှစ်သက်ပေမယ့် မကြိုက်ရဲ

အများအားဖြင့် ကောင်လေးတွေက ကောင်မလေးတွေကို ခေတ်ဆန်ပြီး ဆွဲဆောင်မှုရှိသူ၊

အောင်မြင်ထက်မြက်တဲ့သူကို သဘောကျနှစ်သက်ကြပါတယ်။

 

အချို့ ကောင်လေးတွေအများစုကတော့ သူတို့ထက်ပိုတော် ပိုဆွဲဆောင်မှုရှိပြီး ခေတ်ဆန်တဲ့ မိန်းကလေးတွေနဲ့ ချစ်သူအဖြစ် လက်မတွဲချင်ကြပါဘူး။

 

လေ့လာဆန်းစစ်မှု ပြုလုပ်ချက်အရ ချစ်ကြိုက်မှုတွေများပြားတဲ့အချိန်မှာ အမျိုးသားတွေက ကောင်မလေးတွေ သူတို့ထက်ပိုပြီး ထက်မြက်နေမယ်ဆိုရင် လက်မတွဲချင်ကြဘူး။

 

အနောက်နိုင်ငံပညာရှင်များ၏ လေ့လာဆန်းစစ်မှုအရ ကောင်လေးတွေထက်ပိုခေတ်ဆန်တဲ့ကောင်မလေးနဲ့ ချစ်သူဖြစ်နေစဉ်တွင် သက်တောင့်သက်သာ ရှိတယ်လို့ဆိုပေမယ့် ဆက်လက်လေ့လာကြည့်တဲ့အခါမှာတော့ အယူအဆလွဲနေကြောင်း သိခဲ့ရပါတယ်။

 

ပထမဆုံးလေ့လာမှုအရ ပညာမရှိတဲ့ ကောင်လေးတွေက သူတို့ထက်ပို ခေတ်ဆန်တဲ့ ကောင်မလေးတွေနဲ့ တွေ့ဆုံပြီး ချစ်သူအဖြစ်နဲ့ တွဲကြည့်ရတာကို သဘောကျနှစ်ခြိုက်ကြတယ်လို့ သိရပါတယ်။

 

ဒုတိယလေ့လာမှုအရ ပညာတတ်တဲ့ကောင်လေးတွေက သူတို့ထက်ပိုထူးချွန်တဲ့ ကောင်မလေးတွေအနားတောင် မကပ်ကြပါဘူး။

 

ကောင်လေးတွေက သူတို့ထက်ပိုတော်တဲ့ ကောင်မလေးတွေကို စိတ်ထဲမှာသာ သဘောကျပေမဲ့ ချစ်သူအဖြစ်နဲ့ ရေရှည်လက်တွဲဖို့ကို ဝန်လေးကြောင်း လေ့လာဆန်းစစ်မှုအရ သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:43
Rate this item
(1 Vote)