အခုလက်ရှိ Relationship မှာ အဆင်မပြေတော့ဘူးဆိုရင်

အခုလက်ရှိ Relationship မှာ အဆင်မပြေတော့ဘူးဆိုရင် google.com

တချို့လူတွေက မပျော်ရတော့တဲ့ RS ထက် တစ်ယောက်တည်း နေလိုက်တာမျိုး ရွေးချယ်လိုက်ကြပါတယ်။

 

 

တစ်ယောက်တည်းနေတာက အမြင်မှာတော့ အထီးကျန်တယ်ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ စိတ်ဆင်းရဲနေရတာထက်စာရင် ပိုပျော်ဖို့ကောင်းပါတယ်။ ဒါကြောင့် သင်အခုလက်ရှိတွဲနေတဲ့ RS မှာ ပျော်ရတာထက် စိတ်ဆင်းရဲနေတယ်ဆို ဒီစာကိုဆက်ဖတ်ပေးပါနော်။

 

 

() ပွင့်ပွင့်လင်းလင်းပြောကြည့်ပါ

 

သင်ပျော်ချင်တယ်ဆိုရင် တစ်ဖက်လူကို ပြောကြည့်ပါ။ သင်မပျော်သလို ခံစားနေရတာတွေကိုလည်း ပြောပြပါ။ ပွင့်ပွင့်လင်းလင်းပြောကြည့်တာ သင့်တို့နှစ်ယောက်အတွက် ပိုကောင်းပါတယ်။ ဒီလိုပြောကြည့်ရင်း မျှော်လင့်ရတာကတော့ တစ်ယောက်နဲ့တစ်ယောက် ပိုပွင့်လင်းလာပြီး ပျော်အောင် လုပ်ပေးလာနိုင်ပါတယ်။

 

 

() ဘာကြောင့်မပျော်တော့တာလဲဆိုတာ စဉ်းစားပါ

 

မတွေဝေပါနဲ့။ တွေဝေနေတယ်ဆိုရင် ပိုပြီးမပျော်ဘဲ တစ်ဖက်လူကို အပြစ်တင်မိနိုင်ပါတယ်။ ဒီအစား ဘာကြောင့်မပျော်တော့တာလဲဆိုတာကို စဉ်းစားပါ။ RS အစတည်းက မပျော်ခဲ့တာလားဆိုတာ သေချာစဥ်းစားပေးပါ။ စဉ်းစားဖို့လည်း သင့်တို့ RS ကို ခဏအနားပေးထားဖို့လိုပါတယ်။

 

 

() ခဏအနားပေးထားပါ

 

ဒီ RS မှာ သင်မပျော်တော့ဘူးဆိုရင် ခဏလောက် အဆက်အသွယ်ဖြတ်လိုက်ပါ။ တစ်ဖက်လူကိုလည်း အသိပေးပြီး သင့်အတွက် အချိန်လိုတယ်ဆိုတာ ပြောပြပါ။ သင့်စိတ် မပြတ်သေးရင် ခဏလောက် အဆက်အသွယ်ဖြတ်ထားပြီး သင်တို့အတွက် စဉ်းစားဖို့အချိန်လိုပါတယ်။ တကယ်လို့ တစ်ယောက်တညေးနေကြည့်တာ ပိုအဆင်ပြေပြီး ပျော်နေတယ်ဆိုရင် သင်စဉ်းစားသင့်ပါပြီ။

 

 

() ဘယ်သူကိုမှ အပြစ်မတင်မိပါစေနဲ့

 

တစ်ဖက်လူကို အပြစ်တင်ဖို့ မကြိုးစားပါနဲ့။ ဒါက သင့်တို့နှစ်ယောက်ကို ရန်သူတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒီအစား သင့်ကိုယ်သင် တာဝန်ယူပါ။ တစ်ဖက်လူကို အပြစ်တင်တာ သင့်ကို ပိုပြီးမပျော်ရွှင်စေနိုင်သလို့ သင်တို့နှစ်ယောက် ဆက်ဆံရေးကို ပိုဆိုးစေနိုင်ပါတယ်။

 

 

() ပြတ်ဆဲလိုက်ပါ

 

အပေါ်က အချက်တွေအပေါ် အဖြေမရှိဘူးဆိုရင် သင်ကြိုးစားကြည့်ခဲ့ပြီးပြီဆိုရင် လမ်းခွဲလိုက်တာ ပိုကောင်းပါတယ်။ သင့်အတွက် ဆုံးဖြတ်ချက်ကို ချပြီးရင် တစ်ဖက်လူကို သင့်မပျော်နိုင်တော့ဘူး ၊ အရင်ကလို မခံစားရတော့ဘူးဆိုတာ ပွင့်ပွင့်လင်းလင်းပြောပါ။ ပြီးရင် ပြတ်ဆဲလိုက်ပါ ၊ သင့်အတွက် အချိန်ရှိပါသေးတယ်။

 

 

Credit;shwemom

Read times Last modified on Tuesday, 18 December 2018 15:34
Rate this item
(1 Vote)