ဆရာဝန်မလေးတွေကို ချစ်သူတော်သင့်တဲ့အကြောင်းရင်း (၅)ချက်

ဆရာဝန်မလေးတွေကို ချစ်သူတော်သင့်တဲ့အကြောင်းရင်း (၅)ချက်

တချို့က ဆရာဝန်မလေးတွေဆို ချစ်သူမတော်ချင်ကြဘူး။ ဘာလို့လဲဆိုတော့ မာနကြီးပြီး ဘဝင်မြင့်တယ်လို့ ထင်ကြလို့တဲ့။

 

ဆရာဝန်မလေးတွေအများစုက သူတို့ဘာသာ သီးသန့်နေတတ်တဲ့ပုံပေါက်ပြီး မျက်နှာထားကလည်း တင်းမာနေကြတာဆိုတော့ သူတို့ကို ချစ်ဖို့ဆိုတာ ဘယ်သူပဲဖြစ်ဖြစ် တွန့်ဆုတ်ဆုတ် ဖြစ်ကြမှာပဲလေ။

ဒါပေမယ့်လည်း ဆရာဝန်မလေးတွေကို ချစ်သူတော်သင့်တဲ့ အကြောင်းရင်းလေးတွေကတော့ဖြင့် ရှိနေပါသေးတယ်။ Admin ရဲ့ ရှာဖွေအားထုတ်မှုတွေပေါ့နော်။

ကိုယ်က ဆရာဝန်မလေးတစ်ယောက်ယောက်ကို ချိန်နေပြီဆိုရင်တော့ ဒီအချက်လေးတွေကို ဖတ်ကြည့်လိုက်မိရင် ပိုပြီး အားရှိသွားမှာ သေချာပါတယ်။

 

(၁)။ နေမကောင်းဖြစ်တဲ့အခါ ပိုက်ဆံမကုန်ဘူး

ဒါကတော့ လုံး၀ သေချာတဲ့အချက်နော်။ ကိုယ်က အရမ်းတွေ ချူခြာတတ်၊ နည်းနည်းလေး ပင်ပန်းလိုက်တာနဲ့ နေမကောင်းဖြစ်တတ်တဲ့သူမျိုးဆိုရင် ဆရာဝန်မလေးတစ်ယောက်ကို ချစ်သူအဖြစ်ရထားတာ လုံး၀ အဆင်ပြေတယ်။ ကိုယ်နေမကောင်းရင် တခြား သွားစရာမလိုတော့ဘူးလေ။ သူ ကုပေးတာ ခံရုံပဲ။

 

(၂)။ ထူးချွန်ပြီး စမတ်ဖြစ်တဲ့သူတွေ

ဆရာဝန်မလေးတွေကိုကြည့်လိုက်ရင် အားလုံးနီးပါးက ထူးချွန်ပြီး စမတ်ဖြစ်ကြတဲ့သူတွေနော်။ သူတို့က ကိုယ့်ကိုယ်ကိုယ် စမတ်ကျအောင် ဘယ်လိုနေရမလဲဆိုတာ ကောင်းကောင်းသိကြသလို ဉာဏ်လည်းကောင်းကြတဲ့သူတွေ။ ဒီတော့ သူတို့နဲ့တွေ့တဲ့အခါ သင်ကိုယ်တိုင်လည်း ယုံကြည်မှုတွေ ပိုရှိလာမှာဖြစ်ပြီး သင့်ဘေးမှာ သူရှိနေတာကို ကျေနပ်နေတာမျိုး ခံစားရပါလိမ့်မယ်။

 

(၃)။ လူတစ်ယောက်ကိုဘယ်လိုဂရုစိုက်ရမလဲကောင်းကောင်းနားလည်တယ်

သူတို့က လူနာတွေကို ဂရုစိုက်ပေးနေကြရတာဆိုတော့ လူတစ်ယောက်ကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။ အထူးသဖြင့် လူတစ်ယောက်ရဲ့စိတ်ကို ကောင်းကောင်းနားလည်ကြတယ်။ သင့်စိတ်ထဲမှာ တစ်ခုခု ခံစားနေရတယ်ဆိုရင်တောင် သူတို့က ခန့်မှန်းနိုင်တဲ့သူမျိုးတွေဆိုတော့ သင့်ကို ဂရုမစိုက်ပဲ ပစ်ထားမှာမျိုး ပူနေစရာမလိုတော့ဘူး။

 

(၄)။ ကြင်နာတတ်တယ်

ဆရာဝန်မလေးတိုင်းကတော့ ကြင်နာတတ်ချင်မှ ကြင်နာတတ်မယ်၊ ဒါပေမယ့်အများစုကတော့ ကြင်နာတတ်ကြပါတယ်။ အကြောင်းရင်းကတော့ ဆေးကုတဲ့အလုပ်ဆိုတာ ကြင်နာမှုအပေါ်မှာလည်း အခြေခံရသေးတာကိုး။ ဒီတော့ သင့်အနေနဲ့လည်း သူတို့နဲ့ ချစ်သူဖြစ်ပြီဆိုတာနဲ့ သူတို့ရဲ့ ကြင်နာမှုတွေကို ကျိန်းသေပေါက်ရမှာ သေချာပါတယ်။ ကြင်နာလွန်းလို့တောင် မနေတတ်မထိုင်တတ်တွေ ဖြစ်ကုန်ကြလိမ့်ဦးမယ်။

 

(၅)။ သူတို့မှာချစ်ဖို့ကောင်းတဲ့မာနလေးတွေရှိကြတယ်

လူတွေက ထင်ကြတယ်။ ဆရာဝန်မလေးတွေက မာနကြီးကြတယ်လို့။ တကယ်လည်း ဟုတ်ပါတယ်။ သူတို့မှာ တစ်ခါတလေ နားလည်ရခက်တဲ့ မာနလေးတွေရှိကြတယ်။ ဒါပေမယ့် အဲဒါကပဲ သူတို့ရဲ့ ပုံစံကို တမျိုးလေး ထူးခြားသွားစေပြီး ပိုဆွဲဆောင်မှု ရှိစေတာပါ။ သူတို့ဘာသာ သူတို့သာ လုပ်ငန်းခွင်မှာ မာနကြီးကောင်း ကြီးမှာဖြစ်ပေမယ့် သူတို့ချစ်တဲ့သူအပေါ်မှာတော့ မာန မထားတတ်ကြသူတွေပါပဲ။

 

Linn

Read times
Rate this item
(2 votes)