ဝေးခဲ့တာကောင်းပါတယ်

ဝေးခဲ့တာကောင်းပါတယ် google.com

အသက် ၁၆ နှစ်မှာ တွဲခဲ့တဲ့ ရည်းစားက အကြောင်းပြချက်မရှိ


လမ်းခွဲခဲ့တယ်

 

အသက် ၂၁ မှာ တွဲခဲ့တဲ့ရည်းစားက


အိမ်သသဘောတူတဲ့လူနဲ့ ယူရမယ်


ဆိုပြီး လမ်းခွဲခဲ့တယ်

 

အသက် ၂၂ မှာ တွဲခဲ့တဲ့ရည်းစားက


ဖုန်းတည မဆက်မိတာလေးကို


စိတ်ကောက်ပြီး လမ်းခွဲခဲ့တယ်

 

တွဲခဲ့သမျှ ရည်းစားတွေ


တယောက်ပြီးတယောက်


လမ်းခွဲသွားကြတော့

 

ကျွန်တော့်ကိုယ်ကျွန်တော်


စိတ်ပျက်လာတယ်


အချစ် ဆိုတာကို မယုံကြည်တော့ဖူး


မိန်းကလေးတွေနဲ့ စကားပြောရမှာ


ကြောက်လာတယ်

 

အသက် ၂၅ ကျော်လာတဲ့အခါမှာ


ချစ်သူတယောက်ရခဲ့တယ်


ချစ်သူသက်တမ်း ၂ နှစ်ကျော်လာတဲ့


အခါ ကျွန်တော်တို့ လက်ထပ်ခဲ့ကြတယ်

 

သူ ဟာ ဘာသာရေးကိုင်းရှိုင်းတယ်


မနက် ည ပရိတ်ပငှာန်းရွတ်တယ်


အိမ်မူကိစ္စနိုင်နင်းတယ်


ကျွန်တော့်စားချင်တာအလိုက်တသိ


ချက်ကျွေးတယ်


ကျွန်တော့်ကိုအလိုလိုက်တယ်။

 

ကျွန်တော် အဲဒီအခါကျမှသိတော့တယ်

 

ရှေ့ က တွဲခဲ့တဲ့ ရည်းစားတွေနဲ့ 


တယောက်ပြီးတယောက်ဝေးခဲ့တာ


လမ်းခွဲ ခဲ့ရတာဟာ

 

အခုလို


ကျွန်တော့်အပေါ် ကို အနစ်နာခံပြီး


ပေးဆပ်မယ့်မိန်းကလေးတယောက်


ရှိလာမှာဖြစ်လို့ 


ကံတရားက ရှေ့ ကလူတွေနဲ့ 


ဝေး ကွာစေခဲ့တာကိုး။

 

ဝေးခဲ့တာကောင်းပါတယ်

 

****
ဒီစာဖတ်နေသူ သင်ရော

 

လမ်းခွဲ ခံ ရပြီးပြီလား

 

သင့်ကိုထားခဲ့တဲ့တယောက်ထက်


သင့်ကိုအဆပေါင်းများစွာပိုချစ်နိုင်တဲ့


တယောက်ရှိလာမှာဖြစ်လို့ 


ကံတရားက သင့်ကို လမ်းခွဲစေခဲ့တာပါ

 

ဝေးခဲ့တာကောင်းပါတယ်။

 

Credit;original uploader

 

Readmore;မိန်းမတွေချစ်လို့ မ၀နိုင်ဖြစ်ပြီး ဘယ်တော့မှ ပြစ်မသွားနိုင်တဲ့ ယောကျာ်းကောင်း ဖြစ်ဖို့

Read times Last modified on Wednesday, 19 September 2018 10:40
Rate this item
(1 Vote)