လိုက်ဖက်တဲ့ ချစ်သူစုံတွဲများတွင် သိသာတဲ့ အချက်များ

လိုက်ဖက်တဲ့ ချစ်သူစုံတွဲများတွင် သိသာတဲ့ အချက်များ google.com

ကိုယ်ချစ်ရတဲ့သူနဲ့ စိတ်တူကိုယ်တူရှိတာကလည်း ကံကောင်းခြင်းကို

ပိုင်ဆိုင်ခွင့်ရတယ်လို့ ပြောလို့ရပါတယ်။

 

ဒါပေမယ့်  သူစိမ်းယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ချစ်ကြိုက်မိတဲ့အခါ အရာအားလုံးနီးပါး ထပ်တူကျဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

 

ချစ်သူနှစ်ဦးကြားမှာ ဘယ်လိုအချက်လေးတွေက တူညီတယ်၊ မတူညီဘူးဆိုတာတွေ ရှိကြမှာပါ။ တူညီတယ်ဆိုရင် သင်တို့နှစ်ယောက်ဟာ လိုက်ဖက်တဲ့စုံတွဲလို့ ပြောနိုင်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

နှစ်ဦးအတူတူရယ်မောခြင်း

 

တချို့ဇာတ်ကားတွေက အူကြောင်ကြောင်ကိစ္စများ၊ ရယ်စရာဟာသများတွေ့တိုင်း သင့်ကိုယ်သင် ရယ်မိနေတယ်ဆိုတာ သတိမထားမိအောင် ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

 

ဘာဖြစ်လို့လဲဆိုတော့ တိုင်ပင်မထားဘဲ သူမရယ်သံတွေနဲ့ အပြိုင်အတူတူ လိုက်ရယ်မိနေလို့ပါပဲ ဖြစ်ပါတယ်။

 

ခွန်အားဖြစ်စေခြင်း

 

တစ်ယောက်နဲ့တစ်ယောက် အရာရာကို နားလည်နိုင်နေပြီတဲ့အတွက် တစ်ယောက်အားနည်းချက်ကလည်း တစ်ယောက်အတွက် အပြန်အလှန် ခွန်အားတွေဖြစ်စေပါလိမ့်မယ်။

 

သင်နားမလည်တာရှိရင် သူ့ဘက်က အဖြေထုတ်ပြီးသားဖြစ်သလို သူ့ဘက်က လိုအပ်ချက်တွေရှိရင်လည်း သင့်ဘက်ကဖြည့်ဆည်းပြီးသားဖြစ်နေတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။

 

အရင်ဦးဆုံးဖြစ်စေခြင်း

 

သူမက သင့်ရဲ့ဘယ်ကိစ္စမဆို တိုင်ပင်ဆွေးနွေးဖို့၊ အကြံပေးဖို့၊ မျှဝေဖို့ ပထမဆုံးလူဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမကိုပျော်ရွှင်စေချင်လို့ပါပဲ။ ၎င်းအပြင် တခြားသူတွေထက် သူမရဲ့အကြံပြု ဝေဖန်ချက်၊ ချီးမွမ်းစကားတွေကို ပထမဆုံးကြားချင်လို့ လည်းဖြစ်ပါလိမ့်မယ်။

 

သဘောတူခြင်း

 

များသောအားဖြင့် ဒီလိုရှေ့သွားနောက်လိုက်ညီပြီး လိုက်ဖက်တဲ့စုံတွဲမျိုးက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေးစားတန်ဖိုးထားကြတာ များပါတယ်။

 

နှစ်ယောက်လုံးအဆင်ပြေစေမယ့် မျှတတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အလျှော့အတင်းလေးတွေနဲ့ ထိန်းညှိပြီး နေရင်တော့ ပိုကောင်းပါလိမ့်မယ်။

 

ယခုသင်တို့လက်ရှိအချစ်ရေးကို ဒီလိုပုံစံနဲ့ဖြတ်သန်းနေတယ်ဆိုရင်တော့ သင်တို့ဟာ လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲ ဖြစ်တယ်ဆိုတာ သေချာပေါက် ပြောလို့ရပါတယ်။

Read times Last modified on Wednesday, 19 September 2018 16:22
Rate this item
(3 votes)