ဗုဒ္ဓဟူးသားသမီးတို့ရဲ့စိတ်နေစိတ်ထားများ
ဗုဒ္ဓဟူးသားသမီးတို့ရဲ့စိတ်နေစိတ်ထားများ google
ဗုဒ္ဓဟူး သားသမီးတွေဟာစိတ်ဆိုးရင် ဘာမှ မစဉ်းစားပဲ ကြိုက်သလို ပြောပစ်တတ်တဲ့ အကျင့်ရှိတယ်။
ပြောပြီးမှ ပြန်ပြီး စိတ်မကောင်းဖြစ်တတ်ကြတာမျိုးပေါ့။ သူတို့တွေက ဉာဏ်ကောင်းသလောက် အလုပ်လုပ်ရာမှာအရမ်း အချိန်ဆွဲတတ်ကြတယ်။
အဲ့ဒါကြောင့် စီးပွားရေးမှာ အောင်မြင်သင့်သလောက် မအောင်မြင်တတ်ကြဘူး ။ ကြိုးစား အားထုတ်သင့်ပါတယ်။
အပေါင်းအသင်းသိပ်မရှိပေမယ့် မိတ်ဆွေပေါများတယ်။ သူငယ်ချင်းတွေအပေါ် အနွံတာ အရမ်းခံကြတယ်။
အကူအညီ လိုရင် အားနာတြတ်ပီး မတောင်းပဲ နေတတ်ကြပေမယ့် သူများ အကူအညီလိုပြီဆိုရင်တော့
အားကြိုးမာန်တက်ကူညီပေးတတ်ကြသူတွေ ဖြစ်ကြပါတယ်။ စကားနည်းတတ်တယ် ။
ခင်ရသူတွေနဲ့ အတူရှိနေပြီဆိုရင်တော့တော်တော်စကားပြောနိုင်ပါတယ်။နားအရမ်းငြီးတာတော့ မကြိုက်ကြဘူး။
အချစ်ရေးမှာတော့ ချစ်ချင်သူတွေ အရမ်းပေါတယ်။ ရှိတဲ့ ချစ်သူအပေါ်မှာသစ္စာရှိပြီး ဂရုစိုက်တတ်ကြတယ်။စိတ်အရမ်းကြီးတယ်။
အဲ့ဒါကြောင့်ပဲ ဒေါသကြီးသူတွေလို့ ထင်ကြရတတ်တယ်။ လက်တွေ့ ဆန်တဲ့ ဘဝကိုပဲ နှစ်သက်တတ်ကြသူတွေပါ။
ဘယ်သူ့ကိုမှ မပြောပဲ လျှို့ဝှက်ချက်တွေ ထားရတာလဲ ကြိုက်ကြသူတွေ ဖြစ်ပါတယ်။ မိသားစုမှာ ဝိုင်းပြီးဂရုစိုက်တာခံကြရသူတွေ ဖြစ်ပါတယ်။
အားနည်းချက်တော့ အပြောအဆို လုံးဝမတတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောလေ့ရှိကြတယ်။ ထူးခြားချက်က ခပ်တည်တည်နေတတ်ကြပါတယ်။
ဗုဒ္ဓဟူး သားသမီးတွေက မြ သို့မဟုတ် ပြောင်ခေါင်းစိမ်း ကျောက် ကို အဆောင်အဖြစ် ဝတ်ရင် ကံ ကောင်း စေပါတယ်။
#ရွှေပန်းချီ
အကူအညီ လိုရင် အားနာတတ်ြပီး မတောင်းပဲ နေတတ်ကြပေမယ့် သူများ အကူအညီလိုပြီဆိုရင်တော့
#ရွှေပန်းချီ
Myanmar Wedding Guide
jjjj
Top of Form
Bottom of Form
Read times Last modified on Monday, 16 March 2020 17:10
Rate this item
(0 votes)
Tagged under