ရှေ့ဆက်လက်မတွဲသင့်သော မိန်းကလေးအမျိုးအစား (၅) မျိုး

ရှေ့ဆက်လက်မတွဲသင့်သော မိန်းကလေးအမျိုးအစား (၅) မျိုး google

ကောင်လေးတွေအတွက် လက်မတွဲသင့်သောမိန်းကလေးတွေအကြောင်းလေး အကြံပေးချင်ပါတယ်။

 

() တွေ့သမျှလူနှင့် စွပ်စွဲတတ်သောမိန်းကလေး

သမီးရည်းစားဘဝ၊ လင်မယားဘဝဆိုတာ သဝန်တိုခြင်းနဲ့ မကင်းနိုင်သလို သဝန်တိုခြင်းဆိုတာလည်း ချစ်ခြင်းရဲ့ သင်္ကေတ တစ်ခုပေါ့။ ဆိုပေမဲ့ အရာရာမှာ လွန်သွားရင် မကောင်းဘူးဆိုသလို သဝန်တိုလွန်းပြန်တော့ ပျော်စရာ မကောင်းတော့ပြန်ပါဘူး။

တစ်နေ့တစ်နေ့ ဘယ်သူနဲ့ အစွပ်စွဲခံရမလဲ၊ ဘယ်သူနဲ့များ ပေးစားခံရမလဲလို့ တွေးပူရ၊ ခင်မင်ရတဲ့ သူငယ်ချင်းမိန်းကလေးတွေနဲ့ မိတ်ပျက်ရနဲ့ ပျော်စရာကောင်းတဲ့ အချစ်ရေးမဟုတ်တော့ဘူးနော်။ မိန်းကလေးတွေမှာ ဆဌမအာရုံရှိလို့မို့ စိတ်ထဲ ထင့်နေတာ၊ ဘာညာ ဆိုတာမျိုးထက် ကိုယ်နဲ့ စကားပြောမိသမျှ ကောင်မလေးတိုင်းနဲ့ လိုက်ပြီး စွပ်စွဲနေရင်တော့ဖြင့် စဉ်းစားသင့်နေပါပြီ။

 

() ရစ်လွန်းတဲ့ မိန်းကလေး

ရစ်တယ်ဆိုတာကလည်း သာမန်လေး ချစ်စနိုးနဲ့ ရစ်ရင် ချစ်စရာ၊ ပျော်စရာလေးပေါ့။ ရစ်လွန်းမက ရစ်လွန်းတော့လည်း စိတ်ညစ်ဖို့ ကောင်းလာရော။ တစ်နေ့တစ်နေ့ သူရှာသမျှ ပြဿနာကို ဖြေရှင်းနေရတာနဲ့တင် ဘာမှလုပ်လို့မရတော့ဘူးနော်။

မိန်းကလေးတွေဘက်ကလည်း မိန်းကလေးမို့ ရစ်တာ ဆိုပြီး တရားလွန် မရစ်သင့်ပါဘူးနော်။ ဘယ်အရာမဆို အတိုးအလျှော့လေးနဲ့မှ ပျော်စရာကောင်းတဲ့ ဆက်ဆံရေး ရနိုင်မှာမဟုတ်လား။နားလည်မှုတွေနဲ့ပဲ လက်တွဲသင့်ပါတယ်။

 

() ဖြစ်သမျှ ပြဿနာ လူမှုကွန်ရက်ပေါ် တင်တတ်တဲ့ မိန်းကလေး

သမီးရည်းစားရန်ဖြစ်တာမဆန်းပါဘူး။ ဖြစ်တဲ့ပြဿနာဆိုတာလည်း ကြီးကြီးမားမားဟုတ်ချင်မှဟုတ်မှာလေ။ တစ်ခါတလေ ဝုန်းဝုန်းဒိုင်းဒိုင်းတွေဖြစ်ကြပြီး ခဏနေကျ ဟီးဟီးဟားဟားဖြစ်သွားတတ်တာ သဘာဝပါပဲ။ဒါကို တစ်ခုခုဖြစ်တိုင်း ကိုယ်ကပဲ မကောင်းတဲ့သူလိုလို စာတွေအများကြီး ရေးတင်တတ်တာမျိုးက လုံးဝလုံးဝ မကောင်းတဲ့ အကျင့်ပါ။ ဒါကြောင့် ဒီလိုမိန်းကလေးမျိုးက ရှောင်သင့်တဲ့အထဲမှာ ပါပါတယ်။

 

() အွန်လိုင်းပေါ်က အချစ်ဒဿနတိုင်းကို ယုံစားတတ်တဲ့ မိန်းကလေး

Facebook ပေါ်မှာ အားအားနေ စပရိုက် တိုက်နေတတ်တဲ့ Post တွေ၊ ကိုယ့်ကို တကယ်ချစ်တဲ့ ချစ်သူဆိုတာ အစချီတဲ့ Post တွေကို သဘောကျပြီး Share တာ၊ ကိုယ့်ချစ်သူတွေ့အောင် Mention ခေါ်တာက ပြဿနာမဟုတ်ပါဘူး။တကယ့်ပြဿနာက အဲ့ဒီထဲကလို ကိုယ့်အပေါ် မဆက်ဆံရကောင်းလားဆိုပြီး ပြဿနာရှာတတ်တာပါ။ ဒီလို စာတွေ၊ ပို့စ်တွေဟာ မိန်းကလေးငယ်လေးတွေ သဘောကျအောင် ရေးထားတဲ့ အပျော်ဖတ်ဝတ္ထုလို ဖတ်လို့ကောင်းပေမဲ့ အပြင်လောကမှာ လက်တွေ့ဖြစ်လာဖို့က ခက်ပါတယ်။ဒါကြောင့် ဒီလို အချစ်ဒဿနတွေ၊ ပို့စ်တွေကို ကြိုက်တာက ကြိုက်ပါ၊ လက်တွေ့ဖြစ်လာအောင် အတင်းလုပ်ယူရင် နှစ်ဦးနှစ်ဖက် ပင်ပန်းကြရပါတယ်။

 

() စိတ်ထိခိုက်အောင် လုပ်တတ်တဲ့ မိန်းကလေး

ခန္ဓာကိုယ်ကို နာကျင်အောင် လုပ်မှ နာကျင်စရာကောင်းတာမဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ခံစားချက်ကို နာကျင်အောင်လုပ်တတ်တာကလည်း နာကျင်စရာပေါ့။ကိုယ့်ကို အတိတ်အကြောင်းတွေ ခဏခဏပြန်ပြောပြီး နာကျင်အောင်လုပ်တာ၊ ကိုယ်မကြိုက်တဲ့ကိစ္စတွေကို ခဏခဏပြောတတ်တာ၊ လုပ်တတ်တာ၊ Facebook ပေါ်မှာ ကိုယ့်အကြောင်းတွေတင်ပြီး အရှက်ခွဲတတ်တာ ဒီလိုအကျင့်ရှိသူတွေနဲ့ ကာလကြာရှည် လက်တွဲတော့မယ်ဆိုရင်တော့ တော်တော်ကြီးကို ညှိနှိုင်းဖို့ လိုအပ်ပါတယ်။

 

ဒါကတော့ လက်မတွဲသင့်တဲ့ မိန်းကလေးအမျိုးအစားတွေပါ။ ဒါက မိန်းကလေးတွေမှာပဲ ရှိတတ်တဲ့ အမူအကျင့်တွေလားဆိုတော့လည်း မဟုတ်ပါဘူး။ ယောက်ျားလေးတွေမှာလည်း ရှိတတ်တာမို့ ယောင်းတို့တွေအနေနဲ့ ကိုယ်တိုင် ဒီလိုမိန်းကလေးမဖြစ်ဖို့ ဆင်ခြင်သလို ဒီလိုအမျိုးသားတွေနဲ့ ကြုံခဲ့၊ ဆုံခဲ့ကြရင်လည်း သတိပြုနိုင်ကြပါစေ။

 

Credit;Sugar Cane (For Her Myanmar)

Read times Last modified on Thursday, 24 January 2019 09:53
Rate this item
(1 Vote)