အလိုက်သိတဲ့ချစ်သူမျိုးဖြစ်ဖို့

အလိုက်သိတဲ့ချစ်သူမျိုးဖြစ်ဖို့ google.com

ချစ်သူရယ်လို့ဖြစ်လာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပေါ်မှာထားတဲ့ချစ်ခြင်းမေတ္တာတွေအပြင် နားလည်မှုမျှော်လင့်မှုတွေကလည်း

နှစ်ဦးသားဆက်ဆံရေးကိုပြေလည်စေဖို့ တွန်းအားပေးတဲ့အချက်တွေပါပဲ။ ကိုယ့်ချစ်သူဆီက ဂရုတစိုက်နဲ့ ပြုစုယုယတာ၊ ဆက်ဆံတာတွေကို မိန်းကလေးတွေက အနည်းနဲ့အများတော့ တောင့်တတတ်ကြပါတယ်။ ဒီတော့ ကိုယ့်ချစ်သူကောင်မလေးက ကိုယ့်ကိုဖွင့်မပြောဘဲနဲ့ ကိုယ့်ဘက်က သူ့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့နော်။

 

မိန်းကလေးဆိုတာမျိုးက အချစ်ခံချင်၊ ဂရုစိုက်ခံချင်ကြပါတယ်။ ဘယ်လောက်ထူးချွန်ထက်မြက်တဲ့မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကောင်လေးအရှေ့ရောက်ရင် ဆိုးချင်၊ ချွဲချင်၊ နွဲ့ချင်ကြတာပါပဲ။ ဒီလိုအချိန်မျိုးမှာကောင်မလေးကို မငြိုငြင်ဘဲဂရုစိုက်ပေးရမှာ ကောင်လေးတို့တာဝန်ပါပဲ။ သူစိတ်ညစ်နေရင် စိတ်ပျော်အောင် စနောက်ပြီးဟာသတွေပြောပြတာတို့၊ သူဝမ်းနည်းနေရင် ကိုယ့်ရဲ့ရင်ခွင်လေးထဲထည့်ပြီး ချော့မြူတာတို့ဟာ ကောင်မလေးတွေထုတ်ဖော်မပြောဘဲနဲ့ သူတို့ရဲ့ချစ်သူကောင်လေးက အလိုက်တသိပြုလုပ်ပေးရမယ့်အရာတွေပဲဖြစ်ပါတယ်။

 

နောက်ပြီး မိန်းကလေးဆိုတာမျိုးက ကိုယ်သာ ဟင်းမချက်တတ်ရင်နေမယ် ချက်တတ်ပြုတ်တတ်တဲ့ယောင်္ကျားလေးမျိုးကိုသဘောကျတတ်ကြပါတယ်။ ကိုယ့်ချစ်သူကောင်လေးက လက်ဖက်ရည်ဖျော်တိုက်တာပဲဖြစ်ဖြစ်၊ ခေါက်ဆွဲပြုတ်ကျွေးတာပဲဖြစ်ဖြစ် ကိုယ်လုပ်တတ်တာလေးကိုလုပ်ကျွေးလိုက်ရုံနဲ့ သဘောခွေ့သွားတတ်တဲ့သူမျိုးတွေပါ။ ဒီလိုအပြုအမူတွေတင်မကဘဲ ချစ်သူအတွက်သတိတရနဲ့ ပစ္စည်းလေးတွေဝယ်လာပေးတာ၊ အလိုက်တသိနဲ့ ချစ်သူလိုအပ်ချက်လေးတွေကိုဖြည့်ဆည်းပေးတာလေးတွေက သင်တို့ဆက်ဆံရေးကိုပြည့်စုံကောင်းမွန်စေမယ့်အချက်တွေပါပဲ။

 

Read More: ချစ်သူစုံတွဲတွေအတွက် Facebook ပေါ်မတင်သင့်တဲ့အကြောင်းအရာများ
M Id 392181 facebook couple

 

Source – Marry

Read times Last modified on Wednesday, 19 September 2018 10:53
Rate this item
(2 votes)