ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးဖြစ်ဖို့

ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးဖြစ်ဖို့ google

စုံတွဲလေးတို့ရေ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ဘယ်သူမဆို လိုချင်ကြပါတယ်။ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ဆိုတာ စုံတွဲလေးတို့ ပြုပြင်ပြောင်းလဲ ပြင်ဆင်ရမယ့် အချက်တွေ ရှိပါတယ်။

ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ဘယ်လိုအချက်တွေ လိုအပ်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

 

ဘယ်အကြောင်းအရာကိစ္စမဆို မျှမျှတတ ရှိတာ အကောင်းဆုံးပါပဲ။ အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့ တစ်ယောက် အလုပ်လုပ်တာ၊ ငွေသုံးတာနဲ့ အိမ်မှုကိစ္စ လုပ်တာတွေမှာ မျှမျှတတ ရှိဖို့ လိုပါတယ်။ အေးအတူ ပူအမျှပေါ့။ အဲဒီလို မျှတမှ အိမ်ထောင်ရေးက ပျော်စရာကောင်းမှာပါ။ တစ်ယောက်တည်းကပဲ ပင်ပန်းနေရရင် ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေး မဖြစ်နိုင်ပါဘူး။

 

ဘယ်သူမဆို ကိစ္စတစ်ခုကို ခဏခဏပြောတာ မကြိုက်ကြပါဘူး။ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခု ဖြစ်ဖို့ဆိုတာ ပြဿနာတွေနည်းဖို့ လိုပါတယ်။ အမှားတစ်ခုခုကို ထပ်ခါထပ်ခါ ပြောနေတာ၊ အားနည်းချက် တစ်ခုကို ခဏခဏ ထောက်ပြနေတာဟာ အိမ်ထောင်ရေးအတွက် မဖြစ်သင့်တဲ့ ကိစ္စပါ။

အိမ်ထောင်တစ်ခုမှာ ကိုယ်ချင်းစာစိတ်ရှိဖို့ အရမ်းအရေးကြီးပါတယ်။ သူ အဆင်ပြေရဲ့လား၊ စိတ်ညစ်နေတာတွေ ပင်ပန်းနေတာတွေ ရှိနေပြီလားဆိုတာမျိုး ကိုယ်ခံစားရသလိုမျိုး ထပ်တူထပ်မျှ ကိုယ်ချင်းစာတတ်ဖို့ လိုပါတယ်။ မိဘတွေနဲ့ အဆင်မပြေတဲ့အခါ၊ ဆွေမျိုးတွေနဲ့ အဆင်မပြေတဲ့အခါ ဘယ်လိုတွေ ခံစားနေရမယ်ဆိုတာမျိုး ကိုယ်ချင်းစာပေးပါ။

 

ပျော်ရွှင်တဲ့ အိမ်ထောင်ရေး တစ်ခုဖြစ်ဖို့ဆိုတာ နားလည်ပေးမှုတွေ လိုတယ်ဆိုတာ သိထားပြီးသား ဖြစ်မှာပါ။ လိုတယ်သိနေရုံနဲ့တော့ အဆင်မပြေပါဘူး။ တကယ် နားလည်ပေးဖို့ လိုပါတယ်။ အိမ်ထောင်ရေးမှာ တကယ့်ကို စိတ်ရင်းနဲ့ နားလည်ပေးဖို့ လိုအပ်ပါတယ်။

 

 

အိမ်ထောင်ရေးမှာ လင်နဲ့မယားဆိုတာ အေးအတူပူအမျှ ဆိုပေမယ့် စိတ်ညစ်စရာတိုင်းတော့ အကုန်လုံး မပြောပြပါနဲ့။ ဘယ်သူမှတော့ စိတ်ညစ်စရာတွေကို မကြားချင်ပါဘူး။ အသေးအမွှားလေးတွေက အစ မပြောပြပါနဲ့။ ဒါက တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စိတ်ပျက်စရာ စိတ်ကုန်စရာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။

 

အိမ်ထောင်ရေးဆိုတာ တစ်ယောက်နဲ့ တစ်ယောက် မှီခိုအားထားရာဆိုပေမယ့် အတတ်နိုင်ဆုံးတော့ ကိုယ့်အားကိုယ် ကိုးပါ။ မှီခိုတာတွေ များလွန်းတဲ့အခါ ကိုယ့်ရဲ့ လက်တွဲဖော်မှာ ဖိအားတွေ ဖြစ်လာပြီး ပျော်စရာမကောင်းတော့ပါဘူး။ ဒါကြောင့် စုံတွဲလေးတို့ အတတ်နိုင်ဆုံး ကိုယ့်အားကိုယ်ကိုးပါ။

 

ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေး တစ်ခု ဖြစ်ဖို့အတွက် အခုပြောပြထားတဲ့ အချက်တွေကို မမေ့ပါနဲ့နော်။ ပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ဆင်လိုက်မယ်ဆိုရင် ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးဖြစ်မှာပါ။

 

Credit;Marry

Read times Last modified on Tuesday, 29 January 2019 10:07
Rate this item
(1 Vote)