မဖောက်ပြန်တတ်တဲ့ မိန်းကလေးရဲ့ အချက်များ

မဖောက်ပြန်တတ်တဲ့ မိန်းကလေးရဲ့ အချက်များ google.com

မိန်းကလေး တစ်ယောက်က သင့်ကို တကယ်ချစ်မိသွားပြီဆိုရင် သစ္စာ ဆိုတာ သင်မတောင်းလည်း သူ့ဖက်ကနေ ပေးပြီးသားဖြစ်ပါတယ်။

 

တကယ်လို့ သင့် ချစ်သူ ဟာ အခုဖော်ပြပေးတဲ့ အချက်တော်တော်များများနဲ့ ကိုက်ညီနေရင်တော့ သင့်အပေါ် အရမ်းသစ္စာရှိပြီး မဖောက်ပြန်တတ်တဲ့ ချစ်သူကို သင်ပိုင်ဆိုင်ထားတာကြောင့် သင်အရမ်းကံကောင်းပါတယ်။

 

ဖုံးကွယ်မထားခြင်း


မဖောက်ပြန်တတ်တဲ့ ချစ်သူကို သင်ပိုင်ဆိုင်ထားတာကြောင့် ယောက်ျားလေးတွေက သူ့ကို ရည်းစား ရှိလားလို့ မေးတဲ့အခါမျိုးမှာ ရှိတယ်လို့ ပြတ်ပြတ်သားသား ပြောပြရဲတဲ့အပြင် ဘယ်သူ ဘယ်ဝါလို့ ပြောဖို့တောင် ဝန်မလေးတဲ့သူဖြစ်ပါတယ်။

 

ဒီလိုပြောလိုက်ခြင်းဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတဲ့အပြင် သူ့ကို တခြားကောင်လေးတွေ မကြိုက်တော့မှာမှန်း သူကောင်းကောင်း သိပါတယ်။

 

ထို့ကြောင့် သင့်ချစ်သူက သင်နဲ့ သူရဲ့ပတ်သက်မှုကို အခြား ယောက်ျားလေးတွေရှေ့မှာ ဘယ်တော့မှ မဖုံးကွယ်ဘူးဆိုရင် သင့်အပေါ် အရမ်းသစ္စာရှိလို့ဆိုတာကို သဘောပေါက်သင့်ပါတယ်။

 

လျှို့ဝှက်မထားခြင်း


မဖောက်ပြန်တတ်တဲ့ ချစ်သူကို သင်ပိုင်ဆိုင်ထားတာကြောင့် သင့် ချစ်သူဟာ သင့်ကို ဘာမှလျှို့ဝှက်ထားမှာ မဟုတ်ပါဘူး။ သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေ၊ အတွင်းရေးကိစ္စတွေကအစ သင့်ကိုတိုင်ပင်တယ်၊ ရင်ဖွင့်တယ်၊ သူနဲ့ ပတ်သက်ပြီး သင် မသိတာမရှိသလောက်ကို လျှို့ဝှက်ချက်ကင်းသူတစ်ယောက် ဖြစ်ပါတယ်။

 

မဖောက်ပြန်တတ်တဲ့ ချစ်သူကို သင်ပိုင်ဆိုင်ထားတာကြောင့် သူ့ ဖုန်း ကို အချိန်မရွေးယူကြည့်လည်း ပြဿနာ ဖြစ်စရာ တစ်ကွက်မှ ရှိမနေတတ်တဲ့သူမျိုးဖြစ်ပါတယ်။ ဒါကလည်း သူတော်တော် သစ္စာရှိတယ်ဆိုတာ မြင်နိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။

 

စိတ်ထဲမှာအမြဲထားခြင်း


မဖောက်ပြန်တတ်တဲ့ ချစ်သူကို သင်ပိုင်ဆိုင်ထားတာကြောင့် သစ္စာ ရှိတဲ့ မိန်းကလေး တွေဆိုတာ ချစ်သူ အနားမှာ အမြဲရှိချင်မှ ရှိနိုင်မယ်။

 

သို့ပေမယ့် သူ့ရဲ့စိတ်ထဲမှာ ချစ်သူကို အမြဲထားတတ်ကြပါတယ်။ ချစ်သူ ရှေ့မှာပဲဖြစ်ဖြစ်၊ ချစ်သူ ကွယ်ရာမှာပဲဖြစ်ဖြစ် ချစ်သူ စိတ်ညစ်မယ့် အရာတွေကို မလုပ်ကြပါဘူး။

 

သူတို့ရဲ့စိတ်ထဲမှာ ချစ်သူကို အပြည့်အဝ နေရာပေးထားတာကြောင့် တခြားသူတွေအတွက် နေရာရှိတော့မှာ မဟုတ်ပါဘူး။

Read times Last modified on Wednesday, 19 September 2018 14:47
Rate this item
(1 Vote)