ကိုယ့်ကို သူ့ဘက်က အတည်ဖြစ်ကြောင်း သိစေနိုင်တဲ့ အချက်များ

ကိုယ့်ကို သူ့ဘက်က အတည်ဖြစ်ကြောင်း သိစေနိုင်တဲ့ အချက်များ google.com

နှစ်ဦးစလုံးက ချစ်သူအဖြစ် ရွေးဖို့ဆိုရင် လူချင်း တွေ့ဆုံပြီးမှ ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးဖြစ်ပါတယ်။

 

တစ်ယောက်နှင့် တစ်ယောက် သဘောကျနေပြီဆိုရင် လူချင်း အေးအေးဆေးဆေး အရင် တွေ့ကြည့်သင့်ပါ တယ်။

 

ကောင်လေးဘက်က အောက်ပါအချက်တွေလုပ်လာပြီဆိုရင် သူက သင့်ကို အတည်ဖြစ်ကြောင်း သိစေနိုင် ပါတယ်။

 

အချိန်ပေးခြင်း

 

ကိုယ်ချစ်နေတဲ့ လူတစ်ယောက်ကို တကယ်ချစ်လာပြီဆိုရင် အချိန်ပေးတာက အကောင်းဆုံး သက်သေပြနည်းပဲဖြစ်ပါတယ်။

 

သူ့ဘေးမှာ ကိုယ်ရှိမနေဘူးဆိုရင်တောင် ဖုန်းနဲ့ဖြစ်ဖြစ် အွန်လိုင်းနဲ့ဖြစ်ဖြစ် သူက အချိန်ပေးပြီး စကားပြောနေမှာပဲဖြစ်ပါတယ်။

 

ဦးဆောင်ခြင်း  

                                                                                                                                                                                

သူ့ဘက်က ဘယ်တော့မဆို ကိုယ်နဲ့ ဘာတွေဆက်လုပ်ချင်တယ်၊ ဘယ်တော့ ထပ်တွေ့မယ် ဆိုတာတွေကို သူကပဲ ဦးဆောင်ပြီး အစီအစဉ်တွေ ချနေတတ်ကြပါတယ်။

 

ကိုယ့်ကို ထပ်တွေ့ချင်တယ်ဆိုတာကတော့ သူကိုယ့်ကို စိတ်ဝင်စားပြီး အတည်ဖြစ်ကြောင်း ပြုချင်တဲ့သဘောပဲ ဖြစ်ပါတယ်။

 

မလိမ်ညာခြင်း

 

သူ့ဘက်ကစပြီး ကိုယ့်ကို လိမ်ညာတာတွေ မလုပ်တော့ဘူး။ ကောင်းတာရော ဆိုးတာပါ အမှန်တိုင်းပြောတယ်။ ကိုယ့်နောက်ကွယ်မှာလည်း တခြားတစ်ယောက်နဲ့ တွဲတာမျိုး၊ date တာမျိုး မလုပ်ဘူးဆိုရင်တော့ အတည်ဖြစ် ကြောင်း ပြုချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။

 

ဦးစားပေးခြင်း

 

တစ်ယောက်နှင့် တစ်ယောက် အကြိုက်ချင်းမတူညီကြသလို လူတိုင်းမှာ ကိုယ့်အကြိုက် ကိုယ်စီရှိတတ် ကြပါတယ်။ လူတိုင်းမှာ အတ္တကိုယ်စီရှိကြတယ်။ ဒါပေမဲ့ အဲ့တာတွေကို နောက်ဆုတ်ပြီး တစ်ယောက်ကိုတစ်ယောက် ဦးစားပေးပြီဆိုရင် အတည်ဖြစ် ကြောင်း ပြုချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။

 

တိုင်ပင်ခြင်း

 

တစ်ယောက်နဲ့တစ်ယောက် အကောင်း အဆိုးတွေ အားလုံးကို မျှဝေတယ်။ ကောင်းတာလေး ရှိလာတဲ့အခါ မျှဝေသလို စိတ်ညစ်စရာတွေကိုလည်း တိုင်ပင်တတ်လာမယ်ဆိုရင်တော့ အတည်ဖြစ် ကြောင်း ပြုချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:50
Rate this item
(1 Vote)