အချစ်သက်တမ်းတိုတောင်းတဲ့အချိန်တွင် မပြုလုပ်မိစေရန်အချက်များ

အချစ်သက်တမ်းတိုတောင်းတဲ့အချိန်တွင် မပြုလုပ်မိစေရန်အချက်များ google.com

တစ်ယောက်နှင့်တစ်ယောက် ချစ်ကြလို့ ချစ်သူဖြစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးဟာ

တိုတောင်းတဲ့အချိန်တွင် အောက်ပါ အမှားမျိုးတွေ မလုပ်မိဖို့ လိုအပ်ပါတယ်။

 

ဖိအားတွေမပေးပါနဲ့

 

ချစ်သူဘ၀ရောက်တာမကြာသေးတဲ့ စုံတွဲတွေက လက်တွဲဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်လည်း ဒီအချိန်မှာတော့ နှစ်ယောက်စလုံးရဲ့ အချစ်တွေက သိပ်ပြီး ခိုင်မြဲမှုမရနိုင်သေးပါဘူး။ ခိုင်မြဲပြီး ယုံကြည်မှုရှိဖို့အတွက် တစ်ယောက်ကိုတစ်ယောက် ဖိအားတွေ သိပ်မပေးပါနဲ့လို့တောင်းဆိုချင်ပါတယ်။

 

အရမ်းမမျှော်လင့်ပါနဲ့

 

အခုမှစတွဲဖြစ်တဲ့ ချစ်သူနှစ်ဦးဟာ တွေ့ဆုံကြတဲ့အချိန်ကြရင် နောက်ဖြစ်လာမယ့်အချို့ကိစ္စတွေအတွက် အရမ်းကြီး မျှော်လင့်ထားတာ မကောင်းပါဘူး။ အခန့်မသင့်လို့ လမ်းခွဲရရင်တော့ ကိုယ်ပဲ ခံစားရမှာ ဖြစ်ပါတယ်။

 

မသေချာပဲနဲ့ မပြောပါနဲ့

 

ဒါကတော့ နှစ်ဦးစလုံးအတွက် အဆင်မပြေနိုင်ပါဘူး။ ကိုယ်က သူ့ကို ချစ်တာသေချာရဲ့လားမသိဘဲနဲ့ သူများတွေကို အသေးစိတ်လျှောက်ပြောနေဖို့ မလိုပါ။

 

လေ့လာဖို့မမေ့ပါနဲ့

 

ကိုယ့်ကို တကယ်ချစ်ပြီး ရေရှည်လက်တွဲနိုင်မည့်သူတစ်ယောက်အတွက်က အနစ်နာခံပေးဆပ်ရတာ ကိစ္စမရှိပေမယ့် ကိုယ့်အပေါ် အပျော်တွဲမည့်သူတစ်ယောက်ဆိုရင်တော့ အများကြီး ပေးဆပ်စရာမလိုပါ။

 

အခုအချိန်ကတော့ နှစ်ဦးစလုံးက စတွဲတဲ့အချိန်ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် တဖြည်းဖြည်းချင်း လေ့လာကြရဦးမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:16
Rate this item
(2 votes)