ထပ်မရစ်တော့ဘူးနော်နဲ့ ပြန်ချော့၍မဆုံးတော့သော ကိုကို တို့ ဘဝများ

ထပ်မရစ်တော့ဘူးနော်နဲ့ ပြန်ချော့၍မဆုံးတော့သော ကိုကို တို့ ဘဝများ google.com

ချစ်သူသည် ဘုရားပေးသော ဆုလာဒ်ဆိုလျှင် အရစ်ခံရခြင်းသည် ဘုရားပေးသော ပြစ်ဒဏ် …


အရစ်သန် စိတ်ကောက်သန်ကြသည်မှာဣတိယ မိန်းမများ ပင်မဟုတ်ပါလား..ရစ်စရာမှ မရှိတော့လျှင် ကိုယ့်ဆံပင်ကိုယ်ပြန်ရစ်နေတတ်ကြပါတယ်..သို့သော် သူတို့သည် တစ်အားချစ်ဖို့ကောင်းကြသည် မှာလည်းယာင်္ကျားလေးများအတွက် ဘုရားကပေးထားသော အပြစ်ဒဏ်ပင် ဖြစ်သည်။

ချစ်သူသည် ဆုလာဒ်ဆိုလျှင် အရစ်ခံရခြင်းသည် ပြစ်ဒဏ် …ဘာကြောင့်ရစ်ပါသလဲ ဟု မေးခွန်းထုတ်ရလျှင် ချစ်၍ရစ်ပါသည်..ယောင်္ကျားလေးတို့ ပျော့ရသည်မှာလည်း " ကိုကိုကလည်း " ဆိုသော စကားများကြားတွင်သာ …

အရှောင်အတိမ်းကောင်းပြီး မိန်းကလေးများ အထာနပ်သော ကိုကိုတို့သာလျှင် ရစ်လုံး လျော့ပါလိမ့်မယ်။ လုံးဝ အရစ်မခံရခြင်းတော့မဟုတ် နည်းနည်းတော့ရစ်ပါလိမ့်မယ်။

ကိုကိုတို့ စိတ်ပူရမည်က မိမိချစ်သူ မရစ်ခြင်း ကို ပူရမည် သာ …

မရစ်လျှင် မချစ်ဟု ၁၀၀ ရာခိုင်နှုန်းတွင် ၅၀ လောက်က သေချာပါတယ်။

မိန်းကလေးများ၏ ၅၀ ရာခိုင်နှုန်းလောက်က ရစ်ခြင်းကို ခုံမင်ကြသူများဖြစ်ပါတယ်။

မိန်းကလေး သဘာဝ အချိန်တွင် ရစ်တတ်သည် မှာ အဆိုးဆုံး ဖြစ်ပြီး အတွေ့အကြုံမရှိသော ကိုကိုတို့ ပြင်ဆင်ထားသင့်ပါတယ်။

အခန့်မသင့်လျှင် သူမကို မချစ်ဟု ဆိုကာ လမ်းမတွင်ပင် ငိုတတ်သောကြောင့် ဖြစ်သည်။သူမ မရစ်စေချင်လျှင် အချိန်မှန် ဂရုစိုက်ပေးလိုက်ပါ ..သင်သူမ အပေါ် နားလည်မှုထားကြောင်း သူမ မြင်သာ ခံစားရအောင် ပြပေးပါ..မိန်းကလေး

များအတွက် ကိုယ်လူချောထက် အလိုက်သိတတ်သော ကိုကိုသာ ပိုလိုအပ်ပါတယ်..

 

Myanmar Wedding Guide

 

Credit;Marry

Read times Last modified on Wednesday, 19 September 2018 10:25
Rate this item
(1 Vote)