ချစ်သူတွေ ဂရုစိုက်ရမည့် အချက်များ

ချစ်သူတွေ ဂရုစိုက်ရမည့် အချက်များ google.com

ချစ်သူဖြစ်လာကြမည့်သူတိုင်း ကိုယ့်ချစ်သူကို အမြဲတစေ တကြည့်ကြည့်နှင့် ဂရုစိုက်ရန် လိုအပ်ပါတယ်။

 

သို့မှသာ ချစ်သူနှစ်ဦး ရေရှည်တည်တံ့ခိုင်မြဲပြီး အချစ်ရေးမှာလည်း သူများနှင့်မတူသော အချစ်မျိုးကို ခံစားရပါလိမ့်မယ်။

 

ကိုယ့်ချစ်သူကို အမြဲ ကိုယ်နှင့်မကွာရှိနေစေရမှာမဟုတ်ဘဲ ဖုန်းထဲကနေပဲ မက်ဆေ့လေးတစ်စောင်ပို့ တာဖြစ်ဖြစ် အမြဲလုပ်ပေးရပါမယ်။ သို့မှသာ အချစ်က သွေးမအေးသွားဘဲ သွေးနွေးနေစေမှာဖြစ်ပါတယ်။

 

ကိုယ့်ချစ်သူကို ယုံကြည်မှုလွန်ကဲပြီး မာနတွေထားနေရင်လည်း အလုပ်မဖြစ်ပါဘူး။ လူဆိုတာ မြင့်မိုရ်လောက် ပေးဆပ်တယ်ဆိုပေမယ့် သဲတစ်ပွင့်စာတော့ အနည်းဆုံးမျှော်လင့်ချက်ရှိကြမှာပါ။

 

နောက်ဆုံးဘယ်လောက်ချစ်ချစ် ချစ်သူကို ကိုယ်က ဒုက္ခပေးသလို ဖြစ်တယ်အထင်နဲ့ လက်လျှော့သွားတတ်ကြ ပါတယ်။

 

ကိုယ့်ချစ်သူကို မကြာမကြာ ချစ်တယ်လို့ ပြောပေးပါ။ ချစ်သူတွေဖြစ်သွားပြီဆိုမှတော့ ဒါဟာ ရှက်စရာ စကားမဟုတ်တော့ပါဘူး။

 

ချစ်သူတိုင်း ဂရုစိုက်သင့်တဲ့ အချက်တွေထဲမှာ နေ့စဉ်ချစ်တယ်ဆိုတဲ့ စကားက နေ့တစ်နေ့လုံးကို လှပစေမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:50
Rate this item
(3 votes)